အန်ဆယ်လော့တီနေရာတွင် ပီယာလိုနှင့်အစားထိုးရန် အဲဗာတန်ဆွေးနွေးနေ

အဲဗာတန်ဟာလစ်လပ်နေတဲ့နည်းပြရာထူးအတွက်ဂျူဗင်တပ်နည်းပြဟောင်းအင်ဒရေပီယာလိုနှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်းသိရပါတယ်။

ကာလိုအန်ဆယ်လော့တီဟာ၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသော်လည်းရီးရဲလ်မက်ဒရစ်ကကမ်းလှမ်းလာချိန်တွင်မငြင်းနိုင်ဘဲထွက်ခွာသွားခဲ့ပါတယ်။

အန်ဆယ်လော့တီထွက်ခွာသွားမှုနဲ့အတူအဲဗာတန်မှာမမျှော်လင့်ဘဲနည်းပြသစ်ရှာဖွေဖို့ဖြစ်လာရပါတယ်။

အီတလီမီဒီယာများရဲ့ဖော်ပြချက်အရမာဆေးလ်ဆိုက်အခြေစိုက်ကလပ်ဟာအီတလီဂန္ထဝင်ကွင်းလယ်ကစားသမားပီယာလိုအားခန့်အပ်ရန်ဆွေးနွေးနေပြီးလာမယ့်ရက်အနည်းငယ်အတွင်းတွင်ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၄၂နှစ်ရှိပီယာလိုဟာဂျူဗင်တပ်ကိုကိုင်တွယ်တဲ့ပထမဆုံးရာသီမှာစီးရီးအေတွင်အဆင့်၄နေရာတွင်သာရပ်တည်နိုင်မှု၊ချန်ပီယံလိဂ်တွင်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရမှုတို့ကြောင့်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်သူဟာဂျူဗင်တပ်နှင့်အတူကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဗာတန်ဟာပီယာလိုအပြင်ဝုဗ်နည်းပြဟောင်းနူနိုအက်စ်ပီရီတိုဆန်တိုကိုလည်းလစ်လပ်နေတဲ့နည်းပြရာထူးအတွက်ဆွေးနွေးနေပါသေးတယ်။ဒါ့အပြင်အဲဗာတန်ဟာရိန်းဂျားနည်းပြစတီဗင်ဂျရတ်၊ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီ၊လီဗာပူးနည်းပြဟောင်းရာဖေးလ်ဘင်နီတက်ဇ်တို့ကိုလည်းလျာထားပါတယ်။

ZawGyi

အန္ဆယ္ေလာ့တီေနရာတြင္ ပီယာလိုႏွင့္အစားထိုးရန္ အဲဗာတန္ေဆြးေႏြးေန

အဲဗာတန္ဟာလစ္လပ္ေနတဲ့နည္းျပရာထူးအတြက္ဂ်ဴဗင္တပ္နည္းျပေဟာင္းအင္ဒေရပီယာလိုႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ကာလိုအန္ဆယ္ေလာ့တီဟာ၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားေသာ္လည္းရီးရဲလ္မက္ဒရစ္ကကမ္းလွမ္းလာခ်ိန္တြင္မျငင္းႏိုင္ဘဲထြက္ခြာသြားခဲ့ပါတယ္။

အန္ဆယ္ေလာ့တီထြက္ခြာသြားမႈနဲ႔အတူအဲဗာတန္မွာမေမွ်ာ္လင့္ဘဲနည္းျပသစ္ရွာေဖြဖို႔ျဖစ္လာရပါတယ္။

အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမာေဆးလ္ဆိုက္အေျခစိုက္ကလပ္ဟာအီတလီဂႏၴဝင္ကြင္းလယ္ကစားသမားပီယာလိုအားခန႔္အပ္ရန္ေဆြးေႏြးေနၿပီးလာမယ့္ရက္အနည္းငယ္အတြင္းတြင္ဆုံးျဖတ္ခ်က္ခ်သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၄၂ႏွစ္ရွိပီယာလိုဟာဂ်ဴဗင္တပ္ကိုကိုင္တြယ္တဲ့ပထမဆုံးရာသီမွာစီးရီးေအတြင္အဆင့္၄ေနရာတြင္သာရပ္တည္ႏိုင္မႈ၊ခ်န္ပီယံလိဂ္တြင္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရမႈတို႔ေၾကာင့္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္သူဟာဂ်ဴဗင္တပ္ႏွင့္အတူကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အဲဗာတန္ဟာပီယာလိုအျပင္ဝုဗ္နည္းျပေဟာင္းႏူႏိုအက္စ္ပီရီတိုဆန္တိုကိုလည္းလစ္လပ္ေနတဲ့နည္းျပရာထူးအတြက္ေဆြးေႏြးေနပါေသးတယ္။ဒါ့အျပင္အဲဗာတန္ဟာရိန္းဂ်ားနည္းျပစတီဗင္ဂ်ရတ္၊ဘုန္းေမာက္နည္းျပေဟာင္းအက္ဒီဟိုဝီ၊လီဗာပူးနည္းျပေဟာင္းရာေဖးလ္ဘင္နီတက္ဇ္တို႔ကိုလည္းလ်ာထားပါတယ္။