အန်ဆယ်လော့တီရဲ့စကားကြောင့် ဟာဇက်ရဲ့မက်ဒရစ်ကစားသမားဘဝ ပိုမိုနိမ့်ကျလာဖို့ သေချာနေပြီ

ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကအခြားကစားသမားများကိုပိုမိုနှစ်သက်ကြောင်းပြောကြားလာမှုနဲ့အတူအေဒင်ဟာဇက်ရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘဝကပိုမိုနိမ့်ကျလာရတော့မယ့်အရေးနှင့်ရင်ဆိုင်လာရပါတယ်။

အီတလီလူမျိုးနည်းပြကအေဒင်ဟာဇက်မှာကြံ့ခိုင်မှုပိုင်းအကောင်းဆုံးပုံစံရှိနေသော်လည်း ချဲလ်ဆီးကစားသမားဟောင်းမှာ သူ့အကြိုက်ဆုံးရီးရဲလ်မက်ဒရစ်ကစားသမားမဟုတ်ကြောင်းပြောကြားလာတာလည်းဖြစ်ပါတယ်။

ဘယ်လ်ဂျီယံစတားဟာပြီးခဲ့တဲ့အပတ်တုန်းကဘာစီလိုနာကိုအနိုင်ရရှိတဲ့အယ်ကလက်စီကိုပွဲတွင်ပါဝင်ကစားခွင့်မရရှိသလိုကြားရက်တုန်းကအိုဆာဆူနာနှင့်ဂိုးမရှိသရေကျတဲ့ပွဲတွင်လည်းအရန်အဖြစ်သာဝင်ရောက်ကစားခဲ့ရပါတယ်။

အန်ဆယ်လော့တီဟာဗီနီစီးယပ်စ်ဂျူနီယာမှာအကောင်းဆုံးပုံစံရရှိနေမှုနဲ့အတူအေဒင်ဟာဇက်ကိုကျော်ကာဦးစားပေးအဖြစ်အသုံးပြုနေပါတယ်။

အန်ဆယ်လော့တီက “အရေးအကြီးဆုံးကတော့သူ့စိတ်ဓာတ်မြင့်တက်နေဖို့ပါ။နောက်တစ်ကြိမ်ပြန်ကစားနိုင်ဖို့အလုပ်ကြိုးစားရပါမယ်။ဒါကသူလုပ်ရမယ့်အရာပါ။သူ့အချိန်ကျရောက်လာမှာပါ။ဒီရာသီမှာတစ်ချိန်မှာတော့သူ့ရဲ့အကောင်းဆုံးပုံစံပြန်လာရမယ်လို့တော့ကျွန်တော်ယုံကြည်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အေဒင်ဟာဇက်ဟာ၂၀၁၉ခုနှစ်နွေရာသီတွင်ချဲလ်ဆီးမှပေါင်သန်း၁၀၀ဖြင့်ပြောင်းလာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာပြိုင်ပွဲအရပ်ရပ်တွင်၅၁ပွဲတည်းသာကစားခွင့်ရရှိထားပါတယ်။

ZawGyi

အန္ဆယ္ေလာ့တီရဲ႕စကားေၾကာင့္ ဟာဇက္ရဲ႕မက္ဒရစ္ကစားသမားဘဝ ပိုမိုနိမ့္က်လာဖို႔ ေသခ်ာေနၿပီ

ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကအျခားကစားသမားမ်ားကိုပိုမိုႏွစ္သက္ေၾကာင္းေျပာၾကားလာမႈနဲ႔အတူေအဒင္ဟာဇက္ရဲ႕ရီးရဲလ္မက္ဒရစ္ကစားသမားဘဝကပိုမိုနိမ့္က်လာရေတာ့မယ့္အေရးႏွင့္ရင္ဆိုင္လာရပါတယ္။

အီတလီလူမ်ိဳးနည္းျပကေအဒင္ဟာဇက္မွာႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးပုံစံရွိေနေသာ္လည္း ခ်ဲလ္ဆီးကစားသမားေဟာင္းမွာ သူ႔အႀကိဳက္ဆုံးရီးရဲလ္မက္ဒရစ္ကစားသမားမဟုတ္ေၾကာင္းေျပာၾကားလာတာလည္းျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံစတားဟာၿပီးခဲ့တဲ့အပတ္တုန္းကဘာစီလိုနာကိုအႏိုင္ရရွိတဲ့အယ္ကလက္စီကိုပြဲတြင္ပါဝင္ကစားခြင့္မရရွိသလိုၾကားရက္တုန္းကအိုဆာဆူနာႏွင့္ဂိုးမရွိသေရက်တဲ့ပြဲတြင္လည္းအရန္အျဖစ္သာဝင္ေရာက္ကစားခဲ့ရပါတယ္။

အန္ဆယ္ေလာ့တီဟာဗီနီစီးယပ္စ္ဂ်ဴနီယာမွာအေကာင္းဆုံးပုံစံရရွိေနမႈနဲ႔အတူေအဒင္ဟာဇက္ကိုေက်ာ္ကာဦးစားေပးအျဖစ္အသုံးျပဳေနပါတယ္။

အန္ဆယ္ေလာ့တီက “အေရးအႀကီးဆုံးကေတာ့သူ႔စိတ္ဓာတ္ျမင့္တက္ေနဖို႔ပါ။ေနာက္တစ္ႀကိမ္ျပန္ကစားႏိုင္ဖို႔အလုပ္ႀကိဳးစားရပါမယ္။ဒါကသူလုပ္ရမယ့္အရာပါ။သူ႔အခ်ိန္က်ေရာက္လာမွာပါ။ဒီရာသီမွာတစ္ခ်ိန္မွာေတာ့သူ႔ရဲ႕အေကာင္းဆုံးပုံစံျပန္လာရမယ္လို႔ေတာ့ကြၽန္ေတာ္ယုံၾကည္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေအဒင္ဟာဇက္ဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္ခ်ဲလ္ဆီးမွေပါင္သန္း၁၀၀ျဖင့္ေျပာင္းလာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာၿပိဳင္ပြဲအရပ္ရပ္တြင္၅၁ပြဲတည္းသာကစားခြင့္ရရွိထားပါတယ္။