အန်ဆယ်လော့တီလက်အောက်မှာ မက်ဒရစ်မှာ တစ်ခါပြန်ပျော်နေပြီဖြစ်တဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ဟာနည်းပြကာလိုအန်ဆယ်လော့တီလက်ထက်တွင်ရီးရဲလ်မက်ဒရစ်အသင်းတွင်တစ်ခါပြန်လည်ပျော်ရွှင်နေပြီဖြစ်ကြောင်းသိရပါတယ်။

ဝေးလ်စတားဟာယခုအခါရီးရဲလ်မက်ဒရစ်အသင်းတွင်အားလုံးရဲ့ချစ်ခင်မှုရရှိနေမှုအတူပျော်ရွှင်နေပြီးယခုရာသီတွင်ဆုဖလားအတွက်စိန်ခေါ်ရာတွင်အဓိကနေရာမှပါဝင်လာရန်မျှော်လင့်နေပါတယ်။

ဂါရတ်ဘေးလ်ဟာယခင်နည်းပြဇီဒန်းလက်အောက်မှာတုန်းကနေရာရရှိရန်ရုန်းကန်ခဲ့ရပြီးပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအသင်းဟောင်းစပါးစ်သို့အငှားဖြင့်သွားရောက်ကစားခဲ့ရပါတယ်။

ဒါပေမယ့်ဇီဒန်းထွက်ခွာကာအန်ဆယ်လော့တီပြန်လည်ရောက်လာမှုနဲ့အတူအသက်၃၂နှစ်ရှိဘေးလ်ဟာရီးရဲလ်မက်ဒရစ်တွင်စာမျက်နှာသစ်ထပ်မံရေးသားလာတော့မှာဖြစ်ပါတယ်။

ဘေးလ်ဟာပြီးခဲ့တဲ့အပတ်တုန်းကအလာဗက်စ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။သူဟာကာလိုအန်ဆယ်လော့တီရဲ့အားပေးမှုရရှိမှုနဲ့အတူယုံကြည်မှုများလည်းပြန်လည်မြင့်တက်လာနေပြီဖြစ်ပါတယ်။

အန်ဆယ်လော့တီက “ဘေးလ်ကအပြည့်အဝကြိုးစားအားထုတ်နေပါတယ်။အခုသူကကြံ့ခိုင်မှုမပြည့်ဝသေးတော့နောက်ဆိုပြီးတော့ပိုပြီးတော့ကောင်းလာပါဦးမယ်။သူ့ရဲ့ပြင်းပြတဲ့ဆန္ဒနဲ့အပေါ်တကယ်ပဲအထင်ကြီးရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဂါရတ်ဘေးလ်ဟာယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။

ZawGyi

အန္ဆယ္ေလာ့တီလက္ေအာက္မွာ မက္ဒရစ္မွာ တစ္ခါျပန္ေပ်ာ္ေနၿပီျဖစ္တဲ့ ဂါရတ္ေဘးလ္

ဂါရတ္ေဘးလ္ဟာနည္းျပကာလိုအန္ဆယ္ေလာ့တီလက္ထက္တြင္ရီးရဲလ္မက္ဒရစ္အသင္းတြင္တစ္ခါျပန္လည္ေပ်ာ္႐ႊင္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေဝးလ္စတားဟာယခုအခါရီးရဲလ္မက္ဒရစ္အသင္းတြင္အားလုံးရဲ႕ခ်စ္ခင္မႈရရွိေနမႈအတူေပ်ာ္႐ႊင္ေနၿပီးယခုရာသီတြင္ဆုဖလားအတြက္စိန္ေခၚရာတြင္အဓိကေနရာမွပါဝင္လာရန္ေမွ်ာ္လင့္ေနပါတယ္။

ဂါရတ္ေဘးလ္ဟာယခင္နည္းျပဇီဒန္းလက္ေအာက္မွာတုန္းကေနရာရရွိရန္႐ုန္းကန္ခဲ့ရၿပီးၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကအသင္းေဟာင္းစပါးစ္သို႔အငွားျဖင့္သြားေရာက္ကစားခဲ့ရပါတယ္။

ဒါေပမယ့္ဇီဒန္းထြက္ခြာကာအန္ဆယ္ေလာ့တီျပန္လည္ေရာက္လာမႈနဲ႔အတူအသက္၃၂ႏွစ္ရွိေဘးလ္ဟာရီးရဲလ္မက္ဒရစ္တြင္စာမ်က္ႏွာသစ္ထပ္မံေရးသားလာေတာ့မွာျဖစ္ပါတယ္။

ေဘးလ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကအလာဗက္စ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပြဲထြက္ကစားခြင့္ရရွိခဲ့ပါတယ္။သူဟာကာလိုအန္ဆယ္ေလာ့တီရဲ႕အားေပးမႈရရွိမႈနဲ႔အတူယုံၾကည္မႈမ်ားလည္းျပန္လည္ျမင့္တက္လာေနၿပီျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီက “ေဘးလ္ကအျပည့္အဝႀကိဳးစားအားထုတ္ေနပါတယ္။အခုသူကႀကံ့ခိုင္မႈမျပည့္ဝေသးေတာ့ေနာက္ဆိုၿပီးေတာ့ပိုၿပီးေတာ့ေကာင္းလာပါဦးမယ္။သူ႔ရဲ႕ျပင္းျပတဲ့ဆႏၵနဲ႔အေပၚတကယ္ပဲအထင္ႀကီးရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဂါရတ္ေဘးလ္ဟာယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူလည္းျဖစ္ပါတယ္။