အန်ဆယ်လော့တီသတင်းနှင့်ပတ်သက်ပြီး ဘရာဇီးဘောလုံးအဖွဲ့ချုပ်တုံ့ပြန်လာ

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီအားနည်းပြသစ်အဖြစ်ခန့်အပ်ရန်သဘောတူညီမှုရရှိထားပြီလို့သတင်းထွက်ပေါ်လာမှုအားငြင်းဆိုလာပါတယ်။

အသက်၆၃နှစ်ရှိကာလိုအန်ဆယ်လော့တီဟာချန်ပီယံလိဂ်၁၄ကြိမ်ချန်ပီယံရီးရဲလ်မက်ဒရစ်နှင့်အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲကစားရန်မော်ရိုကိုသို့ရောက်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာယနေ့ညတွင်Al Hilalနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရပါမယ်။

ဘရာဇီးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်မှထွက်ရပြီးနောက်နည်းပြတီတီနှင့်လမ်းခွဲခဲ့ကာနည်းပြသစ်ရှာဖွေနေပါတယ်။

ကာလိုအန်ဆယ်လော့တီဟာကလပ်နည်းပြအတွေ့အကြုံသာရှိသူဖြစ်ပြီးလက်ရွေးစင်အသင်းကိုကိုင်တွယ်ဖူးခြင်းမရှိပါဘူး။

ဒါ့အပြင်အန်ဆယ်လော့တီကလည်း “ကျွန်တော့်ဘက်ကအခြေအနေကတော့ရှင်းရှင်းလေးပါ။စာချုပ်၂၀၂၄ခုနှစ်အထိရှိတယ်”လို့ပြောကြားသွားပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာနလစ်လပ်နေတဲ့နည်းပြရာထူးအတွက်လူးဝစ်အန်းနရစ်၊ဂွါဒီယိုလာ၊ဇီဒန်းတို့ကိုလည်းဆက်သွယ်ထားကြောင်းသိရပါတယ်။

ZawGyi

အန္ဆယ္ေလာ့တီသတင္းႏွင့္ပတ္သက္ၿပီး ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္တုံ႔ျပန္လာ

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ကရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီအားနည္းျပသစ္အျဖစ္ခန႔္အပ္ရန္သေဘာတူညီမႈရရွိထားၿပီလို႔သတင္းထြက္ေပၚလာမႈအားျငင္းဆိုလာပါတယ္။

အသက္၆၃ႏွစ္ရွိကာလိုအန္ဆယ္ေလာ့တီဟာခ်န္ပီယံလိဂ္၁၄ႀကိမ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္ႏွင့္အတူ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲဗိုလ္လုပြဲကစားရန္ေမာ္႐ိုကိုသို႔ေရာက္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာယေန႔ညတြင္Al Hilalႏွင့္ ဖီဖာကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲကစားရပါမယ္။

ဘရာဇီးဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကြာတားဖိုင္နယ္မွထြက္ရၿပီးေနာက္နည္းျပတီတီႏွင့္လမ္းခြဲခဲ့ကာနည္းျပသစ္ရွာေဖြေနပါတယ္။

ကာလိုအန္ဆယ္ေလာ့တီဟာကလပ္နည္းျပအေတြ႕အႀကဳံသာရွိသူျဖစ္ၿပီးလက္ေ႐ြးစင္အသင္းကိုကိုင္တြယ္ဖူးျခင္းမရွိပါဘူး။

ဒါ့အျပင္အန္ဆယ္ေလာ့တီကလည္း “ကြၽန္ေတာ့္ဘက္ကအေျခအေနကေတာ့ရွင္းရွင္းေလးပါ။စာခ်ဳပ္၂၀၂၄ခုႏွစ္အထိရွိတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာနလစ္လပ္ေနတဲ့နည္းျပရာထူးအတြက္လူးဝစ္အန္းနရစ္၊ဂြါဒီယိုလာ၊ဇီဒန္းတို႔ကိုလည္းဆက္သြယ္ထားေၾကာင္းသိရပါတယ္။