အန်ဆယ်လော့တီအား ရီးရဲလ်နည်းပြအဖြစ် ခန့်အပ်လိုက်မှုအပေါ် ဟာဇက်တုံ့ပြန်လာ

အေဒင်ဟာဇက်ကရီးရဲလ်မက်ဒရစ်နည်းပြသစ်အဖြစ်ကာလိုအန်ဆယ်လော့တီအားခန့်အပ်လိုက်မှုမှာ၎င်းအတွက်သတင်းကောင်းတစ်ခုဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အန်ဆယ်လော့တီဟာအင်္ဂါနေ့တုန်းကအဲဗာတန်နည်းပြရာထူးမှနုတ်ထွက်ကာရီးရဲလ်မက်ဒရစ်သို့သုံးနှစ်စာချုပ်ဖြင့်ဒုတိယအကြိမ်မြောက်ရောက်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံတောင်ပံကစားသမားက “ကလပ်သို့အန်ဆယ်လော့တီ ဘာတွေယူဆောင်ခဲ့တယ်ဆိုတာရီးရဲလ်မက်ဒရစ်မှာရှိတဲ့လူတိုင်းသိပါတယ်။သူဟာဒီအုပ်စုနဲ့အတူချန်ပီယံလိဂ်ဖလားရယူခဲ့ပါတယ်။သူကစားသမားအများကြီးကိုသိပါတယ်။သူကအတွေ့အကြုံအများကြီးရှိတဲ့နည်းပြတစ်ဦးပါ။ဒီမြို့နဲ့ဒီကလပ်အကြောင်းသိပါတယ်။ကျွန်တော်တို့အတူလက်တွဲပြီးကြီးကြီးမားမားတွေလုပ်ဆောင်နိုင်မယ်လို့ထင်ပါတယ်။ပုဂ္ဂိုလ်ရေးအရသူနဲ့မသိပါဘူး။သူကအနိုင်ဘဲလိုချင်တဲ့လူကောင်းတစ်ဦးဆိုတာသိထားပြီးသားပါ။ဒါကကျွန်တော်တို့အားလုံးလိုချင်တဲ့အရာပါ။အတူတွဲလုပ်ဖို့အခွင့်အရေးရရှိလာပါပြီ။ဒါကကျွန်တော့်အတွက်သတင်းကောင်းပါ”လို့ပြောကြားသွားပါတယ်။

အန်ဆယ်လော့တီဟာ၂၀၁၃ခုနှစ်မှာမော်ရင်ဟိုရဲ့ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကိုလွဲပြောင်းရယူပြီး၂ရာသီကြာကိုင်တွယ်ခဲ့ဖူးပါတယ်။သူဟာချန်ပီယံလိဂ်ဖလား၊ကိုပါဒယ်ရေးဖလားနှင့်ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

အန္ဆယ္ေလာ့တီအား ရီးရဲလ္နည္းျပအျဖစ္ ခန႔္အပ္လိုက္မႈအေပၚ ဟာဇက္တုံ႔ျပန္လာ

ေအဒင္ဟာဇက္ကရီးရဲလ္မက္ဒရစ္နည္းျပသစ္အျဖစ္ကာလိုအန္ဆယ္ေလာ့တီအားခန႔္အပ္လိုက္မႈမွာ၎အတြက္သတင္းေကာင္းတစ္ခုျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အန္ဆယ္ေလာ့တီဟာအဂၤါေန႔တုန္းကအဲဗာတန္နည္းျပရာထူးမွႏုတ္ထြက္ကာရီးရဲလ္မက္ဒရစ္သို႔သုံးႏွစ္စာခ်ဳပ္ျဖင့္ဒုတိယအႀကိမ္ေျမာက္ေရာက္လာခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံေတာင္ပံကစားသမားက “ကလပ္သို႔အန္ဆယ္ေလာ့တီ ဘာေတြယူေဆာင္ခဲ့တယ္ဆိုတာရီးရဲလ္မက္ဒရစ္မွာရွိတဲ့လူတိုင္းသိပါတယ္။သူဟာဒီအုပ္စုနဲ႔အတူခ်န္ပီယံလိဂ္ဖလားရယူခဲ့ပါတယ္။သူကစားသမားအမ်ားႀကီးကိုသိပါတယ္။သူကအေတြ႕အႀကဳံအမ်ားႀကီးရွိတဲ့နည္းျပတစ္ဦးပါ။ဒီၿမိဳ႕နဲ႔ဒီကလပ္အေၾကာင္းသိပါတယ္။ကြၽန္ေတာ္တို႔အတူလက္တြဲၿပီးႀကီးႀကီးမားမားေတြလုပ္ေဆာင္ႏိုင္မယ္လို႔ထင္ပါတယ္။ပုဂၢိဳလ္ေရးအရသူနဲ႔မသိပါဘူး။သူကအႏိုင္ဘဲလိုခ်င္တဲ့လူေကာင္းတစ္ဦးဆိုတာသိထားၿပီးသားပါ။ဒါကကြၽန္ေတာ္တို႔အားလုံးလိုခ်င္တဲ့အရာပါ။အတူတြဲလုပ္ဖို႔အခြင့္အေရးရရွိလာပါၿပီ။ဒါကကြၽန္ေတာ့္အတြက္သတင္းေကာင္းပါ”လို႔ေျပာၾကားသြားပါတယ္။

အန္ဆယ္ေလာ့တီဟာ၂၀၁၃ခုႏွစ္မွာေမာ္ရင္ဟိုရဲ႕ရီးရဲလ္မက္ဒရစ္နည္းျပရာထူးကိုလြဲေျပာင္းရယူၿပီး၂ရာသီၾကာကိုင္တြယ္ခဲ့ဖူးပါတယ္။သူဟာခ်န္ပီယံလိဂ္ဖလား၊ကိုပါဒယ္ေရးဖလားႏွင့္ဖီဖာကမာၻ႔ကလပ္ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။