အန်တိုနီတေလာအား ဘရန့်ဖို့ဒ်နှင့်ပွဲကို ကြီးကြပ်ရန် ခန့်အပ်မှုအပေါ် ချဲလ်ဆီးပရိသတ်များပေါက်ကွဲ

အန်တိုနီတေလာဟာစနေနေ့တွင်ဘရန့်ဖို့ဒ်နှင့်ရင်ဆိုင်ရမယ့်ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်အားကြီးကြပ်သွားပါမယ်။

ချဲလ်ဆီးပရိသတ်များဟာဘရန့်ဖို့ဒ်နှင့်ပွဲအားကြီးကြပ်ရန်အန်တိုနီတေလာအားခန့်အပ်လိုက်ကြောင်းသိရှိရပြီးနောက်အကြီးအကျယ်ပေါက်ကွဲခဲ့ကြပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာယခုရာသီမှာမှပရီးမီးယားလိဂ်သို့တန်းတက်လာခဲ့ပေမယ့်တာထွက်ကောင်းနေတဲ့အသင်းဖြစ်ပါတယ်။၎င်းတို့ဟာအာဆင်နယ်၊ဝက်စ်ဟမ်း၊ဝုဗ်၊လီဗာပူးတို့နှင့်ပွဲစဉ်များမှရမှတ်၁၀မှတ်အထိရယူနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်များဟာဩဂုတ်လတုန်းကအန်ဖီးလ်တွင်လီဗာပူးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာရီစီဂျိမ်းစ်ကိုလက်ထိဘောအတွက်ပင်နယ်တီပေးရုံသာမကအနီကတ်ပါပြသခဲ့တဲ့အန်တိုနီတေလာကိုသူ့တို့ရဲ့ပွဲစဉ်အားတစ်သက်လုံးလာမကိုင်အောင် ထောက်ခံလက်မှတ်ကောက်ခံခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာမိုဟာမက်ဆာလက်ကန်လိုက်တဲ့ဘောလုံးဟာရီစီဂျိမ်းစ်ရဲ့ခြေထောက်ကိုထိပြီးနောက်လက်ကိုအံထိခဲ့တာဖြစ်ပါတယ်။အန်တိုနီတေလာဟာကွင်းဘေးရှိ မော်နီတာမှကြည့်ခဲ့ပေမယ့်ရီစီဂျိမ်းစ်ရဲ့ခြေထောက်အားဘောလုံးထိခဲ့မှုကိုမျက်ကွက်ပြုကာအနီကတ်ပြပြီးပင်နယ်တီပေးခဲ့တာပါ။

တေလာဟာ၂၀၁၄ခုနှစ်တုန်းကချဲလ်ဆီးနှင့်ဆောက်သမ်တန်ပွဲတွင်ဧရိယာအတွင်းမှာပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတဲ့ဖာဘရီဂက်စ်ကိုဒိုင်ဗင်ထိုးတယ်ဆိုပြီးအဝါကတ်ပြခဲ့ပါတယ်။တစ်ဂိုးစီသရေကျတဲ့ယင်းပွဲအပြီးမှာတော့အန်တိုနီတေလာဟာချဲလ်ဆီးနှင့်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့ရပါတယ်။

ZawGyi

အန္တိုနီေတလာအား ဘရန႔္ဖို႔ဒ္ႏွင့္ပြဲကို ႀကီးၾကပ္ရန္ ခန႔္အပ္မႈအေပၚ ခ်ဲလ္ဆီးပရိသတ္မ်ားေပါက္ကြဲ

အန္တိုနီေတလာဟာစေနေန႔တြင္ဘရန႔္ဖို႔ဒ္ႏွင့္ရင္ဆိုင္ရမယ့္ခ်ဲလ္ဆီးရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္အားႀကီးၾကပ္သြားပါမယ္။

ခ်ဲလ္ဆီးပရိသတ္မ်ားဟာဘရန႔္ဖို႔ဒ္ႏွင့္ပြဲအားႀကီးၾကပ္ရန္အန္တိုနီေတလာအားခန႔္အပ္လိုက္ေၾကာင္းသိရွိရၿပီးေနာက္အႀကီးအက်ယ္ေပါက္ကြဲခဲ့ၾကပါတယ္။

ဘရန႔္ဖို႔ဒ္အသင္းဟာယခုရာသီမွာမွပရီးမီးယားလိဂ္သို႔တန္းတက္လာခဲ့ေပမယ့္တာထြက္ေကာင္းေနတဲ့အသင္းျဖစ္ပါတယ္။၎တို႔ဟာအာဆင္နယ္၊ဝက္စ္ဟမ္း၊ဝုဗ္၊လီဗာပူးတို႔ႏွင့္ပြဲစဥ္မ်ားမွရမွတ္၁၀မွတ္အထိရယူႏိုင္ခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္မ်ားဟာဩဂုတ္လတုန္းကအန္ဖီးလ္တြင္လီဗာပူးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာရီစီဂ်ိမ္းစ္ကိုလက္ထိေဘာအတြက္ပင္နယ္တီေပး႐ုံသာမကအနီကတ္ပါျပသခဲ့တဲ့အန္တိုနီေတလာကိုသူ႔တို႔ရဲ႕ပြဲစဥ္အားတစ္သက္လုံးလာမကိုင္ေအာင္ ေထာက္ခံလက္မွတ္ေကာက္ခံခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္မွာမိုဟာမက္ဆာလက္ကန္လိုက္တဲ့ေဘာလုံးဟာရီစီဂ်ိမ္းစ္ရဲ႕ေျခေထာက္ကိုထိၿပီးေနာက္လက္ကိုအံထိခဲ့တာျဖစ္ပါတယ္။အန္တိုနီေတလာဟာကြင္းေဘးရွိ ေမာ္နီတာမွၾကည့္ခဲ့ေပမယ့္ရီစီဂ်ိမ္းစ္ရဲ႕ေျခေထာက္အားေဘာလုံးထိခဲ့မႈကိုမ်က္ကြက္ျပဳကာအနီကတ္ျပၿပီးပင္နယ္တီေပးခဲ့တာပါ။

ေတလာဟာ၂၀၁၄ခုႏွစ္တုန္းကခ်ဲလ္ဆီးႏွင့္ေဆာက္သမ္တန္ပြဲတြင္ဧရိယာအတြင္းမွာျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရတဲ့ဖာဘရီဂက္စ္ကိုဒိုင္ဗင္ထိုးတယ္ဆိုၿပီးအဝါကတ္ျပခဲ့ပါတယ္။တစ္ဂိုးစီသေရက်တဲ့ယင္းပြဲအၿပီးမွာေတာ့အန္တိုနီေတလာဟာခ်ဲလ္ဆီးႏွင့္ပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့ရပါတယ္။