အန်ဒါလက်ချ်အလယ်တန်းကစားသမားဆမ်ဘီလိုကွန်ဂါကို ပေါင် ၁၇ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

အာဆင်နယ်ကအန်ဒါလက်ချ်အလယ်တန်းကစားသမားဆမ်ဘီလိုကွန်ဂါကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုကြေညာလာပါတယ်။

အန်ဒါလက်ချ်အသင်းကဆမ်ဘီလိုကွန်ဂါကိုအာဆင်နယ်သို့ရောင်းချလိုက်ပြီဖြစ်ကြောင်းမတော်တဆကြေညာမိပြီးနောက်အာဆင်နယ်ကလည်းအတည်ပြုလာပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာအသက်၂၁နှစ်ရှိဘယ်လ်ဂျီယံစတားအတွက်ပြောင်းရွှေ့ကြေးပေါင်၁၇သန်းအသုံးပြုခဲ့ရပါတယ်။

ဘယ်လ်ဂျီယံကလပ်အန်ဒါလက်ချ်ဟာအလယ်တန်းကစားသမားရဲ့ကလပ်အတွက်စွမ်းဆောင်ပေးခဲ့မှုကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုဖိုင်ငယ်အားမှားယွင်းတင်ကာအာဆင်နယ်သို့ပြောင်းမယ်လို့မတော်တဆကြေညာမိခဲ့ပါတယ်။အန်ဒါလက်ချ်ဟာယင်းဗီဒီယိုဖိုင်ကိုချက်ချင်းဖျက်ခဲ့ပါတယ်။

ဒါပေမယ့်တဖက်မှာအာဆင်နယ်ကဘယ်လ်ဂျီယံစတားကိုခေါ်ယူလိုက်ပြီလို့ကြေညာလာပါတယ်။သူဟာဒေးဗစ်လုဇ်၊ဒန်နီဝဲလ်ဘက်နှင့်နစ်ကလပ်ဘန်တနာတို့ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ် ၂၃ကိုဝတ်ဆင်ကစားသွားပါမယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကအန်ဒါလက်ချ်အတွက်လိဂ်ပွဲ၂၇ပွဲကစားခဲ့ရာမှာ၃ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။

အာဆင်နယ်ဟာယခုရက်ပိုင်းအတွင်းမှာအမေရိကန်သို့သွားရောက်ကာဖလိုရီဒါဖလားကစားပါမယ်။၎င်းတို့ဟာတနင်္ဂနွေနေ့မှာဖလိုရီဒါဖလားဆီမီးဖိုင်နယ်အဖြစ်အင်တာမီလန်နှင့်ရင်ဆိုင်ရပါမယ်။တစ်ဖက်ဆီမီးတွင်အဲဗာတန်နှင့်ကိုလံဘီယာကလပ်မီလိုနာရီယို့စ်ယှဉ်ပြိုင်ပါမယ်။

ZawGyi

အန်ဒါလက်ခ်ျအလယ်တန်းကစားသမားဆမ်ဘီလိုကွန်ဂါကို ပေါင် ၁၇ သန်းဖြင့် အာဆင်နယ်ခေါ်ယူ

အာဆင်နယ်ကအန်ဒါလက်ခ်ျအလယ်တန်းကစားသမားဆမ်ဘီလိုကွန်ဂါကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုကြေညာလာပါတယ်။

အန်ဒါလက်ခ်ျအသင်းကဆမ်ဘီလိုကွန်ဂါကိုအာဆင်နယ်သို့ရောင်းချလိုက်ပြီဖြစ်ကြောင်းမတော်တဆကြေညာမိပြီးနောက်အာဆင်နယ်ကလည်းအတည်ပြုလာပြီဖြစ်ပါတယ်။


ဘယ်လ်ဂျီယံကလပ်အန်ဒါလက်ခ်ျဟာအလယ်တန်းကစားသမားရဲ့ကလပ်အတွက်စွမ်းဆောင်ပေးခဲ့မှုကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုဖိုင်ငယ်အားမှားယွင်းတင်ကာအာဆင်နယ်သို့ပြောင်းမယ်လို့မတော်တဆကြေညာမိခဲ့ပါတယ်။အန်ဒါလက်ခ်ျဟာယင်းဗီဒီယိုဖိုင်ကိုချက်ချင်းဖျက်ခဲ့ပါတယ်။


သူဟာပြီးခဲ့တဲ့ရာသီတုန်းကအန်ဒါလက်ခ်ျအတွက်လိဂ်ပွဲ၂၇ပွဲကစားခဲ့ရာမှာ၃ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးထားပါတယ်။
