အန်ဒိုရာနှင့်အင်္ဂလန်တို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကို အမျိုးသမီးဒိုင်လူကြီးမွန်ဇူးလ်ကိုင်တွယ်မည်

အင်္ဂလန်အသင်းဟာအန်ဒိုရာနှင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာအမျိုးသမီးဒိုင်တစ်ဦးရဲ့ကြီးကြပ်မှုနှင့်ပထမဆုံးအကြိမ်အဖြစ်ကြုံတွေ့ရပါမယ်။

ကက်သရင်နာမွန်ဇူးလ်ကအင်္ဂလန်အသင်းနှင့်ဥရောပအသင်းငယ်လေးနှင့်ရင်ဆိုင်ကစားရတဲ့ပွဲစဉ်ကိုကြီးကြပ်သွားမှာလည်းဖြစ်ပါတယ်။

အသက်၄၀နှစ်ရှိမွန်ဇူးလ်ဟာ၂၀၀၅ခုနှစ်စက်တင်ဘာလတုန်းကပထမဆုံးနိုင်ငံတကာပွဲကြီးကြပ်ခဲ့သူဖြစ်ပြီး၂၀၁၆ခုနှစ်တုန်းကယူကရိန်းလိဂ်တွင်ပထမဆုံးတာဝန်ထမ်းဆောင်တဲ့အမျိုးသမီးဒိုင်အဖြစ်မှတ်တမ်းရေးထိုးခဲ့သူလည်းဖြစ်ပါတယ်။

ဘောလုံးနှင့်အသက်ရှင် အသက်ရှူတယ်လို့ပြောကြားခဲ့ဖူးတဲ့မွန်ဇူးလ်ဟာ၂၀၂၀ခုနှစ်နိုဝင်ဘာလတုန်းကဆန်မာရီယာနိုနှင့်ဂျီဘရယ်တာတို့ရဲ့၂၀၂၀ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲကိုလည်းကိုင်တွယ်ခဲ့ပါတယ်။

သူမဟာအမျိုးသားစီနီယာနိုင်ငံတကာပွဲကိုင်တွယ်တဲ့ပထမဆုံးအမျိုးသမီးဒိုင်အဖွဲ့မှာလည်းပါဝင်ခဲ့သူဖြစ်ပါတယ်။

သူမဟာအန်ဒိုရာနှင့်အင်္ဂလန်ပွဲကိုကွင်းလယ်ဒိုင်အဖြစ်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီးအကူဒိုင်များအဖြစ်မာရီနာစထရဲလ်လက်စကာနှင့်ဆဗက်လာနာဂရူကိုတို့ကတာဝန်ထမ်းဆောင်သွားပါမယ်။ဗီဒီယိုဒိုင်အဖြစ်ပြင်သစ်မှစတီဖာနီဖရက်ပတ်ကတာဝန်ထမ်းဆောင်ပါမယ်။

မွန်ဇူးလ်ဟာ၂၀၁၉-၂၀ရာသီတုန်းကယူကရိန်းအဆင့်မြင့်တန်းလိဂ်ရဲ့အကောင်းဆုံးဒိုင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပြီး၂၀၀၇၊၂၀၁၁၊၂၀၁၅။၂၀၁၉အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲများကိုလည်းကြီးကြပ်ခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်တွင်အမျိုးသမီးကွင်းလယ်ဒိုင်လူကြီးတစ်ခါမျှအသုံးမပြုသေးပါဘူး။စည်းကြပ်ဒိုင်အဖြစ်စီယံမက်စ်ဆေအယ်လစ်ကတာဝန်ထမ်းဆောင်လာခဲ့တာတော့ဆယ်စုနှစ်တစ်ခုကျော်ရှိပါပြီ။

ZawGyi

အန္ဒိုရာႏွင့္အဂၤလန္တို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲကို အမ်ိဳးသမီးဒိုင္လူႀကီးမြန္ဇူးလ္ကိုင္တြယ္မည္

အဂၤလန္အသင္းဟာအန္ဒိုရာႏွင့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာအမ်ိဳးသမီးဒိုင္တစ္ဦးရဲ႕ႀကီးၾကပ္မႈႏွင့္ပထမဆုံးအႀကိမ္အျဖစ္ႀကဳံေတြ႕ရပါမယ္။

ကက္သရင္နာမြန္ဇူးလ္ကအဂၤလန္အသင္းႏွင့္ဥေရာပအသင္းငယ္ေလးႏွင့္ရင္ဆိုင္ကစားရတဲ့ပြဲစဥ္ကိုႀကီးၾကပ္သြားမွာလည္းျဖစ္ပါတယ္။

အသက္၄၀ႏွစ္ရွိမြန္ဇူးလ္ဟာ၂၀၀၅ခုႏွစ္စက္တင္ဘာလတုန္းကပထမဆုံးႏိုင္ငံတကာပြဲႀကီးၾကပ္ခဲ့သူျဖစ္ၿပီး၂၀၁၆ခုႏွစ္တုန္းကယူကရိန္းလိဂ္တြင္ပထမဆုံးတာဝန္ထမ္းေဆာင္တဲ့အမ်ိဳးသမီးဒိုင္အျဖစ္မွတ္တမ္းေရးထိုးခဲ့သူလည္းျဖစ္ပါတယ္။

ေဘာလုံးႏွင့္အသက္ရွင္ အသက္ရႉတယ္လို႔ေျပာၾကားခဲ့ဖူးတဲ့မြန္ဇူးလ္ဟာ၂၀၂၀ခုႏွစ္ႏိုဝင္ဘာလတုန္းကဆန္မာရီယာႏိုႏွင့္ဂ်ီဘရယ္တာတို႔ရဲ႕၂၀၂၀ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲကိုလည္းကိုင္တြယ္ခဲ့ပါတယ္။

သူမဟာအမ်ိဳးသားစီနီယာႏိုင္ငံတကာပြဲကိုင္တြယ္တဲ့ပထမဆုံးအမ်ိဳးသမီးဒိုင္အဖြဲ႕မွာလည္းပါဝင္ခဲ့သူျဖစ္ပါတယ္။

သူမဟာအန္ဒိုရာႏွင့္အဂၤလန္ပြဲကိုကြင္းလယ္ဒိုင္အျဖစ္တာဝန္ယူေဆာင္႐ြက္သြားမွာျဖစ္ၿပီးအကူဒိုင္မ်ားအျဖစ္မာရီနာစထရဲလ္လက္စကာႏွင့္ဆဗက္လာနာဂ႐ူကိုတို႔ကတာဝန္ထမ္းေဆာင္သြားပါမယ္။ဗီဒီယိုဒိုင္အျဖစ္ျပင္သစ္မွစတီဖာနီဖရက္ပတ္ကတာဝန္ထမ္းေဆာင္ပါမယ္။

မြန္ဇူးလ္ဟာ၂၀၁၉-၂၀ရာသီတုန္းကယူကရိန္းအဆင့္ျမင့္တန္းလိဂ္ရဲ႕အေကာင္းဆုံးဒိုင္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရသူျဖစ္ၿပီး၂၀၀၇၊၂၀၁၁၊၂၀၁၅။၂၀၁၉အမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲမ်ားကိုလည္းႀကီးၾကပ္ခဲ့သူျဖစ္ပါတယ္။

အဂၤလန္ပရီးမီးယားလိဂ္တြင္အမ်ိဳးသမီးကြင္းလယ္ဒိုင္လူႀကီးတစ္ခါမွ်အသုံးမျပဳေသးပါဘူး။စည္းၾကပ္ဒိုင္အျဖစ္စီယံမက္စ္ေဆအယ္လစ္ကတာဝန္ထမ္းေဆာင္လာခဲ့တာေတာ့ဆယ္စုႏွစ္တစ္ခုေက်ာ္ရွိပါၿပီ။