အန်ဖီးလ်ကွင်းအနီးတွင်လီဗာပူးနည်းပြဂျာဂင်ကလော့က်ကိုဂုဏ်ပြုရေးဆွဲထားတဲ့နံရံဆေးရေးပန်းချီမှာရိန်းဂျားနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မတိုင်မီဖျက်ဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့လတုန်းက BOSS Night ဟာ MurWall နှင့်ပူးပေါင်းပြီးRandolph Streetတွင်ရေးဆွဲထားပြီး ယင်းနံရံပန်းချီတွင်ပွဲကစားတဲ့နေ့များတွင်လီဗာပူးပရိသတ်များကကလော့ပ်ကိုဂုဏ်ပြုသီဆိုလေ့ရှိတဲ့ သီချင်းမှစာသား”y’know he said so” ဆိုတဲ့စာသားကိုလည်းထည့်သွင်းထားပါတယ်။
ယင်းပန်းချီကားရေးဆွဲထားရာနေရာမှာအန်ဖီးလ်မှလေးမိနစ်သာလမ်းလျှောက်ရတဲ့နေရာတွင်ရေးဆွဲထားတာဖြစ်ပါတယ်။ အဆိုပါပန်းချီရေးဆွဲပြီးစီးရန်အတွက်၄ရက်အထိအချိန်ယူရေးဆွဲခဲ့ရပါတယ်။
ဒါပေမဲ့အဆိုပါပန်းချီကားတွင်အပြာရောင်ဆေးများဖြင့်အပက်ခံထားရပြီးဖျက်ဆီးခြင်းခံလိုက်ရပြီဖြစ်ပါတယ်။
ကလော့ပ်ရဲ့လီဗာပူးဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ရုန်းကန်နေရပြီးအမှတ်ပေးဇယားအဆင့်၉နေရာတွင်ရပ်တည်နေပါတယ်။ဒါပေမဲ့၎င်းတို့ဟာမနေ့ညတုန်းကရိန်းဂျားနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်အနိုင်ရပြီးနောက် ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရန်အခြေအနေကောင်းနေပြီဖြစ်ပါတယ်။
ZawGyi
အန်ဖီးလ်ကွင်းအနီးရှိ ကလော့ပ်ရဲ့နံရံဆေးရေးပန်းချီ ဖျက်ဆီးခံရ