အန်ဖီးလ်ကွင်းအား ပရိသတ် ၆၁၀၀၀ ကျော်အထိဆန့်အောင် တိုးချဲ့တည်ဆောက်မည်ဟု လီဗာပူးအတည်ပြု

လီဗာပူးကအန်ဖီးလ်ကွင်းတွင်ထိုင်ခုံ၇၀၀၀အထိတိုးမြှင့်ကာကွင်းရဲ့ဝင်ဆန့်ပရိသတ်အား၆၁၀၀၀ကျော်အထိဆန့်လာအောင်တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

မာဆေးလ်ဆိုက်အခြေစိုက်ကလပ်ဟာအန်ဖီးလ်ကွင်းရှိ Anfield Road Stand ကို ပေါင်သန်း၆၀အကုန်အကျခံကာတိုးချဲ့တည်ဆောက်သွားမှာလည်းဖြစ်ပါတယ်။

လီဗာပူးဟာကွင်းအောက်ပိုင်းနှင့်အမြင့်ပိုင်းတို့ကိုအဆင့်မြှင့်တည်ဆောက်လာမှာလည်းဖြစ်ပါတယ်။လီဗာပူးဟာကွင်းတိုးချဲ့တည်ဆောက်ရေးအတွက်ဇွန်လကတည်းကလီဗာပူးစီးတီးကောင်တီရဲ့ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပြီးလာမယ့်အပတ်တွင်ကွင်းတိုးချဲ့တည် ဆောက်ရေးအတွက်စတင်လုပ်ဆောင်သွားပါမယ်။

လီဗာပူးဟာကွင်းတိုးချဲ့တည်ဆောက်ရေးပြီးစီးမှုကို၂၀၂၃-၂၄ရာသီမတိုင်ခင်အပြီးသတ်သွားပါမယ်။

အန်ဖီးလ်ကွင်းအားတိုးချဲ့တည်ဆောက်မှုပြီးစီးပါကလီဗာပူးဟာအိုးထရက်ဖို့ဒ်(၇၄၁၄၀)၊တော်တင်ဟမ်ဟော့စပါးစ်ကွင်း(၆၂၃၀၃)တို့ပြီးနောက်ပရီးမီးယားလိဂ်တွင်တတိယအကြီးဆုံးကွင်းဖြစ်လာပါမယ်။

လက်ရှိအချိန်တွင်လီဗာပူးရဲ့အန်ဖီးလ်ကွင်းဟာပရိသတ်ဝင်ဆန့်ပမာဏ၅၃၃၉၄ဖြင့် ပရီးမီးယားလိဂ်တွင်ဆဌမအကြီးဆုံးကွင်းအဖြစ်သာရပ်တည်နေပါတယ်။

ZawGyi

အန္ဖီးလ္ကြင္းအား ပရိသတ္ ၆၁၀၀၀ ေက်ာ္အထိဆန႔္ေအာင္ တိုးခ်ဲ႕တည္ေဆာက္မည္ဟု လီဗာပူးအတည္ျပဳ

လီဗာပူးကအန္ဖီးလ္ကြင္းတြင္ထိုင္ခုံ၇၀၀၀အထိတိုးျမႇင့္ကာကြင္းရဲ႕ဝင္ဆန႔္ပရိသတ္အား၆၁၀၀၀ေက်ာ္အထိဆန႔္လာေအာင္တိုးခ်ဲ႕တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။

မာေဆးလ္ဆိုက္အေျခစိုက္ကလပ္ဟာအန္ဖီးလ္ကြင္းရွိ Anfield Road Stand ကို ေပါင္သန္း၆၀အကုန္အက်ခံကာတိုးခ်ဲ႕တည္ေဆာက္သြားမွာလည္းျဖစ္ပါတယ္။

လီဗာပူးဟာကြင္းေအာက္ပိုင္းႏွင့္အျမင့္ပိုင္းတို႔ကိုအဆင့္ျမႇင့္တည္ေဆာက္လာမွာလည္းျဖစ္ပါတယ္။လီဗာပူးဟာကြင္းတိုးခ်ဲ႕တည္ေဆာက္ေရးအတြက္ဇြန္လကတည္းကလီဗာပူးစီးတီးေကာင္တီရဲ႕ခြင့္ျပဳခ်က္ရရွိခဲ့တာျဖစ္ၿပီးလာမယ့္အပတ္တြင္ကြင္းတိုးခ်ဲ႕တည္ ေဆာက္ေရးအတြက္စတင္လုပ္ေဆာင္သြားပါမယ္။

လီဗာပူးဟာကြင္းတိုးခ်ဲ႕တည္ေဆာက္ေရးၿပီးစီးမႈကို၂၀၂၃-၂၄ရာသီမတိုင္ခင္အၿပီးသတ္သြားပါမယ္။

အန္ဖီးလ္ကြင္းအားတိုးခ်ဲ႕တည္ေဆာက္မႈၿပီးစီးပါကလီဗာပူးဟာအိုးထရက္ဖို႔ဒ္(၇၄၁၄၀)၊ေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္း(၆၂၃၀၃)တို႔ၿပီးေနာက္ပရီးမီးယားလိဂ္တြင္တတိယအႀကီးဆုံးကြင္းျဖစ္လာပါမယ္။

လက္ရွိအခ်ိန္တြင္လီဗာပူးရဲ႕အန္ဖီးလ္ကြင္းဟာပရိသတ္ဝင္ဆန႔္ပမာဏ၅၃၃၉၄ျဖင့္ ပရီးမီးယားလိဂ္တြင္ဆဌမအႀကီးဆုံးကြင္းအျဖစ္သာရပ္တည္ေနပါတယ္။