အန်ဖီးလ်တွင် ကစားသမားဘဝအဆုံးသတ်မယ့် စာချုပ်အား ဟင်ဒါဆင်နှင့်ချုပ်ဆိုရန် လီဗာပူး ဆွေးနွေးမည်

လီဗာပူးဟာဂျော်ဒန်ဟင်ဒါဆင်အားအသင်းတွင်ကစားသမားဘဝအဆုံးသတ်နိုင်မယ့်စာချုပ်အားသက်တမ်းတိုးချုပ်ဆိုရန်ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟာလီဗာပူးတွင်ကစားလာခဲ့တာဆယ်စုနှစ်တစ်ခုကြာမြင့်လာခဲ့ပြီဖြစ်ပြီးလက်ရှိစာချုပ်သက်တမ်းမှာ၂နှစ်သာကျန်ပါတော့တယ်။

Mirror ရဲ့ဖော်ပြချက်အရလီဗာပူးဟာအင်ဒါဆင်ကိုအန်ဖီးလ်တွင်ပင်ကစားသမားဘဝအဆုံးသတ်နိုင်မယ့်စာချုပ်ကမ်းလှမ်းမှုပြုလုပ်မယ်လို့သိရပါတယ်။

ဒါ့အပြင်လီဗာပူးဟာဗာဂယ်ဗင်ဒိုက်၊မိုဟာမက်ဆာလက်၊အလီဆင်တို့ကိုလည်းစာချုပ်သက်တမ်းတိုးရေးအတွက်ဆွေးနွေးမှုပြုလုပ်သွားပါမယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဟင်ဒါဆင်ဟာ၂၀၁၁ခုနှစ်တုန်းကဆန်းဒါးလန်းမှပေါင်၁၆သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာစတင်ရောက်တဲ့ရာသီမှာခြေစွမ်းမပြနိုင်မှုကြောင့်၂၀၁၂ခုနှစ်မှာဖူလ်ဟမ်သို့ပြောင်းရလုနီးပါးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာကမ်းလှမ်းမှုကိုပယ်ချပြီးလီဗာပူးတွင်နေရာအတွက်တိုက်ပွဲဝင်ခဲ့ပြီးနောက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။သူဟာစတီဗင်ဂျရတ်အနားယူသွားပြီးနောက်လီဗာပူးအသင်းခေါင်းဆောင်ခန့်အပ်ခြင်းခံခဲ့ရကာချန်ပီယံလိဂ်ဖလားနှင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ကူညီထားပါတယ်။

ZawGyi






