အန်ဖီးလ်ပွဲစဉ်တွင် ကလော့ပ်နှင့် အာတီတာတို့ အကြီးအကျယ်စကားများခဲ့ကြ

မီခေးလ်အာတီတာနှင့်ဂျာဂင်ကလော့ပ်တို့ဟာမနေ့တုန်းကအန်ဖီးလ်ပွဲစဉ်တွင်ကွင်းဘေးတွင်အကြီးအကျယ်အချင်းများခဲ့ကြပြီးနှစ်ဖက်နည်းပြအဖွဲ့ဝင်များထိန်းသိမ်းမှုပြုလုပ်ခဲ့ကြရပါတယ်။

အာတီတာဟာဆာဒေယိုမာနေးကတာကီဟီရိုတိုမီယာစုအားဘောလုံးခေါင်းခုန်တိုက်စဉ်တံတောင်ဖြင့်တွက်ခဲ့တယ်လို့ယုံကြည်ကာအကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

ကလော့ပ်ဟာလည်းအာတီတာရဲ့တုံ့ပြန်မှုအပေါ်အကြီးအကျယ်ဒေါသထွက်ကာသူ့ရဲ့နည်းစနစ်ဧရိယာမှထွက်လာကာတုံ့ပြန်ပြောဆိုမှုပြုလုပ်ခဲ့ပါတယ်။

အာတီတာဟာဂျာမန်လူမျိုးနည်းပြကိုအကြီးအကျယ်အော်ဟစ်ပြောဆိုမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။

နောက်ဆုံးတွင်နှစ်ဖက်နည်းပြအဖွဲ့ဝင်များနှင့်စတုတ္ထဒိုင်အင်ဒီမက်ဒလေတို့ကဝင်ရောက်ထိန်းသိမ်းဆွဲခေါ်မှုပြုလုပ်ခဲ့ကြပါတယ်။

ဒိုင်လူကြီးမိုက်ကယ်အိုလီဗီယာကလည်းကွင်းဘေးတွင်အချင်းများခဲ့တဲ့ နှစ်ဦးလုံးကိုအဝါကတ်ပြခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီးကလော့ပ်က “တမင်လုပ်တာမဟုတ်ပါဘူး။ဆာဒေယိုမာနေးကရှင်းလင်းတဲ့ခေါင်းယှဉ်တိုက်မှုလုပ်ခဲ့တာပါ။ဘယ်သူမှပြစ်ဒဏ်ကျူးလွန်တာမဟုတ်ပါဘူး။သူတို့ယှဉ်တိုက်ကြတယ်။ဒီထက်မပိုပါဘူး။သူတို့ကခုံကထပြီးစောဒကတက်နေတော့ကိုယ်လည်းထမပြောလို့မရတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

အာတီတာကလည်း “သူကသူ့အသင်းကိုကာကွယ်တာပါ။ကျွန်တော်ကလည်းကိုယ့်အသင်းကိုကာကွယ်တယ်။ဒီထက်မပိုပါဘူး။ပွဲပြီးတော့သူနဲ့စကားပြောပြီးနိုင်ပွဲအတွက်ဂုဏ်ပြုခဲ့ပါတယ်။ဖြစ်ခဲ့တာတွေကိုကွင်းထဲမှာဘဲထားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါပွဲစဉ်တွင်လီဗာပူးဟာအာဆင်နယ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိပြီးအာဆင်နယ်ရဲ့ဆယ်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကိုအဆုံးသတ်ခဲ့ပါတယ်။

ZawGyi

အန္ဖီးလ္ပြဲစဥ္တြင္ ကေလာ့ပ္ႏွင့္ အာတီတာတို႔ အႀကီးအက်ယ္စကားမ်ားခဲ့ၾက

မီေခးလ္အာတီတာႏွင့္ဂ်ာဂင္ကေလာ့ပ္တို႔ဟာမေန႔တုန္းကအန္ဖီးလ္ပြဲစဥ္တြင္ကြင္းေဘးတြင္အႀကီးအက်ယ္အခ်င္းမ်ားခဲ့ၾကၿပီးႏွစ္ဖက္နည္းျပအဖြဲ႕ဝင္မ်ားထိန္းသိမ္းမႈျပဳလုပ္ခဲ့ၾကရပါတယ္။

အာတီတာဟာဆာေဒယိုမာေနးကတာကီဟီ႐ိုတိုမီယာစုအားေဘာလုံးေခါင္းခုန္တိုက္စဥ္တံေတာင္ျဖင့္တြက္ခဲ့တယ္လို႔ယုံၾကည္ကာအႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

ကေလာ့ပ္ဟာလည္းအာတီတာရဲ႕တုံ႔ျပန္မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ကာသူ႔ရဲ႕နည္းစနစ္ဧရိယာမွထြက္လာကာတုံ႔ျပန္ေျပာဆိုမႈျပဳလုပ္ခဲ့ပါတယ္။

အာတီတာဟာဂ်ာမန္လူမ်ိဳးနည္းျပကိုအႀကီးအက်ယ္ေအာ္ဟစ္ေျပာဆိုမႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။

ေနာက္ဆုံးတြင္ႏွစ္ဖက္နည္းျပအဖြဲ႕ဝင္မ်ားႏွင့္စတုတၳဒိုင္အင္ဒီမက္ဒေလတို႔ကဝင္ေရာက္ထိန္းသိမ္းဆြဲေခၚမႈျပဳလုပ္ခဲ့ၾကပါတယ္။

ဒိုင္လူႀကီးမိုက္ကယ္အိုလီဗီယာကလည္းကြင္းေဘးတြင္အခ်င္းမ်ားခဲ့တဲ့ ႏွစ္ဦးလုံးကိုအဝါကတ္ျပခဲ့ပါတယ္။

အဆိုပါအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးကေလာ့ပ္က “တမင္လုပ္တာမဟုတ္ပါဘူး။ဆာေဒယိုမာေနးကရွင္းလင္းတဲ့ေခါင္းယွဥ္တိုက္မႈလုပ္ခဲ့တာပါ။ဘယ္သူမွျပစ္ဒဏ္က်ဴးလြန္တာမဟုတ္ပါဘူး။သူတို႔ယွဥ္တိုက္ၾကတယ္။ဒီထက္မပိုပါဘူး။သူတို႔ကခုံကထၿပီးေစာဒကတက္ေနေတာ့ကိုယ္လည္းထမေျပာလို႔မရေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အာတီတာကလည္း “သူကသူ႔အသင္းကိုကာကြယ္တာပါ။ကြၽန္ေတာ္ကလည္းကိုယ့္အသင္းကိုကာကြယ္တယ္။ဒီထက္မပိုပါဘူး။ပြဲၿပီးေတာ့သူနဲ႔စကားေျပာၿပီးႏိုင္ပြဲအတြက္ဂုဏ္ျပဳခဲ့ပါတယ္။ျဖစ္ခဲ့တာေတြကိုကြင္းထဲမွာဘဲထားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါပြဲစဥ္တြင္လီဗာပူးဟာအာဆင္နယ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးအာဆင္နယ္ရဲ႕ဆယ္ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းကိုအဆုံးသတ္ခဲ့ပါတယ္။