အန်ဖီးလ်မှာ နည်းပြအဖြစ်ပထမဆုံးအကြိမ် ခြေချတော့မယ့် ကြိုးကြာနီဂန္ထဝင်ဂျရတ်

စတီဗင်ဂျရတ်ဟာသူ့နည်းပြဘဝမှာပထမဆုံးအကြိမ်အဖြစ်အန်ဖီးလ်မှာနည်းပြလုပ်ခွင့်ရရှိလာတော့မှာဖြစ်ပါတယ်။စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ရိန်းဂျားအသင်းဟာလီဗာပူးနှင့်ရာသီကြိုခြေစမ်းပွဲကစားဖို့စီစဉ်လိုက်ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်နှင့်ဂန္ထဝင်စတီဗင်ဂျရတ်ဟာရိန်းဂျားအသင်းကို၁၀နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်စကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးထားပါတယ်။ဂျရတ်ရဲ့ရိန်းဂျားဟာရမှတ်၁၀၂မှတ်ရရှိပြီးတစ်ရာသီလုံးရှုံးပွဲမရှိမှတ်တမ်းဖြင့်အမှတ်ပေးဖလားဆွတ်ခူးခဲ့တာပါ။

စတီဗင်ဂျရတ်ဟာနည်းပြဘဝပထမဆုံးဆုဖလားကိုဆွတ်ခူးနိုင်ပြီးနောက်ဇူလိုင်လလကုန်ပိုင်းမှာအန်ဖီးလ်သို့နည်းပြအဖြစ်ပထမဆုံးခြေချနိုင်တော့မှာဖြစ်ပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရစတီဗင်ဂျရတ်ရဲ့ရိန်းဂျားဟာဇူလိုင်လနှောင်းပိုင်းမှာအန်ဖီးလ်ကွင်းမှာလီဗာပူးနှင့်ခြေစမ်းပွဲကစားဖို့စီစဉ်ထားတာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်မှာရက်အတိအကျတော့မကြေညာသေးပါဘူး။၎င်းတို့ဟာကိုဗစ်ကြောင့်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အားထိခိုက်မှုရှိ/မရှိအပေါ်မူတည်ကာခြေစမ်းပွဲနေ့ရက်သတ်မှတ်သွားမှာလည်းဖြစ်ပါတယ်။

၂၀၁၈ခုနှစ်မှာရိန်းဂျားကိုကိုင်တွယ်ပြီးနည်းပြလောကသို့ဝင်ရောက်ခဲ့တဲ့စတီဗင်ဂျရတ်ဟာတစ်နေ့တွင်ကလော့ပ်ရဲ့လီဗာပူးနည်းပြရာထူးကိုဆက်ခံမယ့်သူအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။

ZawGyi

အန္ဖီးလ္မွာ နည္းျပအျဖစ္ပထမဆုံးအႀကိမ္ ေျခခ်ေတာ့မယ့္ ႀကိဳးၾကာနီဂႏၴဝင္ဂ်ရတ္

စတီဗင္ဂ်ရတ္ဟာသူ႔နည္းျပဘဝမွာပထမဆုံးအႀကိမ္အျဖစ္အန္ဖီးလ္မွာနည္းျပလုပ္ခြင့္ရရွိလာေတာ့မွာျဖစ္ပါတယ္။စတီဗင္ဂ်ရတ္ကိုင္တြယ္ေနတဲ့ရိန္းဂ်ားအသင္းဟာလီဗာပူးႏွင့္ရာသီႀကိဳေျခစမ္းပြဲကစားဖို႔စီစဥ္လိုက္ၿပီျဖစ္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ႏွင့္ဂႏၴဝင္စတီဗင္ဂ်ရတ္ဟာရိန္းဂ်ားအသင္းကို၁၀ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္စေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးထားပါတယ္။ဂ်ရတ္ရဲ႕ရိန္းဂ်ားဟာရမွတ္၁၀၂မွတ္ရရွိၿပီးတစ္ရာသီလုံးရႈံးပြဲမရွိမွတ္တမ္းျဖင့္အမွတ္ေပးဖလားဆြတ္ခူးခဲ့တာပါ။

စတီဗင္ဂ်ရတ္ဟာနည္းျပဘဝပထမဆုံးဆုဖလားကိုဆြတ္ခူးႏိုင္ၿပီးေနာက္ဇူလိုင္လလကုန္ပိုင္းမွာအန္ဖီးလ္သို႔နည္းျပအျဖစ္ပထမဆုံးေျခခ်ႏိုင္ေတာ့မွာျဖစ္ပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရစတီဗင္ဂ်ရတ္ရဲ႕ရိန္းဂ်ားဟာဇူလိုင္လေႏွာင္းပိုင္းမွာအန္ဖီးလ္ကြင္းမွာလီဗာပူးႏွင့္ေျခစမ္းပြဲကစားဖို႔စီစဥ္ထားတာျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္မွာရက္အတိအက်ေတာ့မေၾကညာေသးပါဘူး။၎တို႔ဟာကိုဗစ္ေၾကာင့္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္အားထိခိုက္မႈရွိ/မရွိအေပၚမူတည္ကာေျခစမ္းပြဲေန႔ရက္သတ္မွတ္သြားမွာလည္းျဖစ္ပါတယ္။

၂၀၁၈ခုႏွစ္မွာရိန္းဂ်ားကိုကိုင္တြယ္ၿပီးနည္းျပေလာကသို႔ဝင္ေရာက္ခဲ့တဲ့စတီဗင္ဂ်ရတ္ဟာတစ္ေန႔တြင္ကေလာ့ပ္ရဲ႕လီဗာပူးနည္းျပရာထူးကိုဆက္ခံမယ့္သူအျဖစ္သတ္မွတ္ျခင္းခံထားရပါတယ္။