အန်ဖီးလ်ရုန်းရင်းဆန်ခတ်မှုအတွက် ချဲလ်ဆီးအသင်း စွဲချက်တင်ခြင်းခံရ

ချဲလ်ဆီးဟာစနေနေ့တုန်းကအန်ဖီးလ်တွင်ရီစီဂျိမ်းစ်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ဒေါသတကြီးတုံ့ပြန်မှုအတွက်အက်ဖ်အေရဲ့စွဲချက်နှစ်ခုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာပထမပိုင်းမှာလီဗာပူးရဲ့ရှင်းလင်းတဲ့ဂိုးရနိုင်တဲ့အခွင့်အရေးကိုလက်ဖြင့်တားသကဲ့သို့ဖြစ်ပြီးဒိုင်လူကြီးအန်တိုနီတေလာရဲ့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးကစားသမားများဟာယင်းဆုံးဖြတ်ချက်ကိုဒေါသထွက်ခဲ့ပြီးနှစ်ဖက်ကစားသမားတို့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

လီဗာပူးဟာပင်နယ်တီရရှိခဲ့ပြီးမိုဟာမက်ဆာလက်ကဂိုးသွင်းယူခဲ့ပါတယ်။

ချဲလ်ဆီးဟာယင်းဖြစ်ရပ်အတွက်ကစားသမားများကိုထိန်းသိမ်းခြင်းမပြုလုပ်နိုင်မှုနဲ့အတူအက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပြီးမနက်ဖြန်သောကြာနေ့နောက်ဆုံးထားပြီးတုံ့ပြန်ရပါမယ်။

ယင်းပွဲတွင်ချဲလ်ဆီးဟာဗတ်ဇ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးမိုဟာမက်ဆာလက်ကပင်နယ်တီကနေလီဗာပူးအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ဒုတိယပိုင်းမှာတစ်ယောက်အလျှော့နဲ့ကစားရပေမယ့်တူချယ်ရဲ့ချဲလ်ဆီးဟာလီဗာပူးကစားကွက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်သုံးပွဲကစားပြီးချိန်မှာရမှတ်၇မှတ်ရရှိထားပါတယ်။

ZawGyi

အန္ဖီးလ္႐ုန္းရင္းဆန္ခတ္မႈအတြက္ ခ်ဲလ္ဆီးအသင္း စြဲခ်က္တင္ျခင္းခံရ

ခ်ဲလ္ဆီးဟာစေနေန႔တုန္းကအန္ဖီးလ္တြင္ရီစီဂ်ိမ္းစ္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ေဒါသတႀကီးတုံ႔ျပန္မႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္ႏွစ္ခုျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္ညာေနာက္ခံလူဟာပထမပိုင္းမွာလီဗာပူးရဲ႕ရွင္းလင္းတဲ့ဂိုးရႏိုင္တဲ့အခြင့္အေရးကိုလက္ျဖင့္တားသကဲ့သို႔ျဖစ္ၿပီးဒိုင္လူႀကီးအန္တိုနီေတလာရဲ႕အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးကစားသမားမ်ားဟာယင္းဆုံးျဖတ္ခ်က္ကိုေဒါသထြက္ခဲ့ၿပီးႏွစ္ဖက္ကစားသမားတို႔႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

လီဗာပူးဟာပင္နယ္တီရရွိခဲ့ၿပီးမိုဟာမက္ဆာလက္ကဂိုးသြင္းယူခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာယင္းျဖစ္ရပ္အတြက္ကစားသမားမ်ားကိုထိန္းသိမ္းျခင္းမျပဳလုပ္ႏိုင္မႈနဲ႔အတူအက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံခဲ့ရတာျဖစ္ၿပီးမနက္ျဖန္ေသာၾကာေန႔ေနာက္ဆုံးထားၿပီးတုံ႔ျပန္ရပါမယ္။

ယင္းပြဲတြင္ခ်ဲလ္ဆီးဟာဗတ္ဇ္ရဲ႕ေခါင္းတိုက္ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးမိုဟာမက္ဆာလက္ကပင္နယ္တီကေနလီဗာပူးအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ဒုတိယပိုင္းမွာတစ္ေယာက္အေလွ်ာ့နဲ႔ကစားရေပမယ့္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးဟာလီဗာပူးကစားကြက္ကိုထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာပရီးမီးယားလိဂ္သုံးပြဲကစားၿပီးခ်ိန္မွာရမွတ္၇မွတ္ရရွိထားပါတယ္။pmnews