အန်ဖီးလ်သရေပွဲတွင် လီဗာပူးပရိသတ်တစ်ဦးက နည်းပြအဖွဲ့တစ်ဦးကို တံတွေးထွေးခဲ့ကြောင်း မန်စီးတီးတိုင်ချက်ဖွင့်

မန်စီးတီးအသင်းကအန်ဖီးလ်ပွဲစဉ်တွင်လီဗာပူးပရိသတ်တစ်ဦးကဂွါဒီယိုလာရဲ့နည်းပြအဖွဲ့ဝင်များထဲမှတစ်ဦးကိုတံတွေးဖြင့်ထွေးခဲ့ကြောင်းတိုင်ချက်ဖွင့်လာပါတယ်။လီဗာပူးဟာမန်စီးတီးအသင်းကတိုင်ချက်ဖွင့်လာပြီးနောက်ရုပ်သံမှတ်တမ်းများကိုကြည့်ရှုကာ ဂွါဒီယိုလာရဲ့နည်းပြအဖွဲ့ဝင်အားတံတွေးဖြင့်ထွေးခဲ့သူကိုစုံစမ်းစစ်ဆေးမှုပြုလုပ်နေပါတယ်။

မန်စီးတီးအသင်းနည်းပြအဖွဲ့ဝင်ဟာဖီးလ်ဖိုဒန်ကမန်စီးတီးအတွက်ချေပဂိုးကိုသွင်းယူပြီးနောက်မကြာမီမှာလီဗာပူးပရိသတ်ရဲ့တံတွေးဖြင့်ထွေးခြင်းခံခဲ့ရတာဖြစ်ပြီးလီဗာပူး အသင်းလုံခြုံရေးအဖွဲ့ကိုအကြောင်းကြားမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်းလီဗာပူးလုံခြုံရေးအဖွဲ့ဝင်များက၎င်းတို့မှာအထက်ပါအဖြစ်အပျက်ကိုမြင်တွေ့လိုက်ခြင်းမရှိမှုကြောင့်ပရိသတ်အားဆွဲမထုတ်နိုင်ကြောင်းငြင်းဆိုခဲ့ပါတယ်။

မန်စီးတီးဟာအထက်ပါအဖြစ်အပျက်ကိုရဲတပ်ဖွဲ့ထံသို့တိုင်ကြားမှုပြုလုပ်ခဲ့ခြင်းမရှိပေမယ့်လည်းလီဗာပူးဟာယင်းအဖြစ်အပျက်ကိုရုပ်သံမှတ်တမ်းများကြည့်ရှုကာစစ်ဆေးသွားတော့မှာဖြစ်ပါတယ်။

ဒါ့အပြင်မန်စီးတီးဟာအထက်ပါအဖြစ်အပျက်အားကွင်းအတွင်းရှိပရီးမီးယားလိဂ်ဝန်ထမ်းကိုလည်းအကြောင်းကြားခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ဒီအဖြစ်အပျက်ကိုကျွန်တော်မမြင်လိုက်ပါဘူး။ဒါပေမယ့်လီဗာပူးဟာဒီအဖြစ်အပျက်ကိုဖြေရှင်းသွားမှာသေချာပါတယ်။ပရိသတ်တွေအော်နေကြတာတော့ကြားပါတယ်။နည်းပြအဖွဲ့ဝင်အတွက်မကြားချင်စရာတွေအော်နေတာပါ။ဒီအဖြစ်အပျက်ကိုမမြင်လိုက်ပေမယ့်လည်းလီဗာပူးကအဲဒီလူကိုရှာဖွေသွားမှာပါ။လွန်ခဲ့တဲ့သုံးနှစ်တုန်းကလည်းဒီအတိုင်းပဲ။သူတို့ဟာကျွန်တော်တို့ရဲ့ဘတ်စ်ကားကိုဖျက်ဆီးခဲ့ကြပါတယ်။ဒါကလီဗာပူးလုပ်တာမဟုတ်ဘူး။အခြားလူတွေ(ပရိသတ်)လုပ်တာပါ”လို့ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်ကချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီမန်စီးတီးအသင်းဘတ်စ်ကားကိုလီဗာပူးပရိသတ်များကတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာဂျိမ်းစ်မီလ်နာကိုဒုတိယအဝါကတ်ပြမထုတ်ပယ်မှုအတွက်ဒိုင်လူကြီးပေါလ်တီယာနေးကိုအကြီးအကျယ်ဒေါသထွက်ခဲ့တာတွေ့ရပါတယ်။

ZawGyi

အန္ဖီးလ္သေရပြဲတြင္ လီဗာပူးပရိသတ္တစ္ဦးက နည္းျပအဖြဲ႕တစ္ဦးကို တံေတြးေထြးခဲ့ေၾကာင္း မန္စီးတီးတိုင္ခ်က္ဖြင့္

မန္စီးတီးအသင္းကအန္ဖီးလ္ပြဲစဥ္တြင္လီဗာပူးပရိသတ္တစ္ဦးကဂြါဒီယိုလာရဲ႕နည္းျပအဖြဲ႕ဝင္မ်ားထဲမွတစ္ဦးကိုတံေတြးျဖင့္ေထြးခဲ့ေၾကာင္းတိုင္ခ်က္ဖြင့္လာပါတယ္။လီဗာပူးဟာမန္စီးတီးအသင္းကတိုင္ခ်က္ဖြင့္လာၿပီးေနာက္႐ုပ္သံမွတ္တမ္းမ်ားကိုၾကည့္ရႈကာ ဂြါဒီယိုလာရဲ႕နည္းျပအဖြဲ႕ဝင္အားတံေတြးျဖင့္ေထြးခဲ့သူကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္ေနပါတယ္။

မန္စီးတီးအသင္းနည္းျပအဖြဲ႕ဝင္ဟာဖီးလ္ဖိုဒန္ကမန္စီးတီးအတြက္ေခ်ပဂိုးကိုသြင္းယူၿပီးေနာက္မၾကာမီမွာလီဗာပူးပရိသတ္ရဲ႕တံေတြးျဖင့္ေထြးျခင္းခံခဲ့ရတာျဖစ္ၿပီးလီဗာပူး အသင္းလုံၿခဳံေရးအဖြဲ႕ကိုအေၾကာင္းၾကားမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္လည္းလီဗာပူးလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက၎တို႔မွာအထက္ပါအျဖစ္အပ်က္ကိုျမင္ေတြ႕လိုက္ျခင္းမရွိမႈေၾကာင့္ပရိသတ္အားဆြဲမထုတ္ႏိုင္ေၾကာင္းျငင္းဆိုခဲ့ပါတယ္။

မန္စီးတီးဟာအထက္ပါအျဖစ္အပ်က္ကိုရဲတပ္ဖြဲ႕ထံသို႔တိုင္ၾကားမႈျပဳလုပ္ခဲ့ျခင္းမရွိေပမယ့္လည္းလီဗာပူးဟာယင္းအျဖစ္အပ်က္ကို႐ုပ္သံမွတ္တမ္းမ်ားၾကည့္ရႈကာစစ္ေဆးသြားေတာ့မွာျဖစ္ပါတယ္။

ဒါ့အျပင္မန္စီးတီးဟာအထက္ပါအျဖစ္အပ်က္အားကြင္းအတြင္းရွိပရီးမီးယားလိဂ္ဝန္ထမ္းကိုလည္းအေၾကာင္းၾကားခဲ့ပါတယ္။

ပက္ဂြါဒီယိုလာက “ဒီအျဖစ္အပ်က္ကိုကြၽန္ေတာ္မျမင္လိုက္ပါဘူး။ဒါေပမယ့္လီဗာပူးဟာဒီအျဖစ္အပ်က္ကိုေျဖရွင္းသြားမွာေသခ်ာပါတယ္။ပရိသတ္ေတြေအာ္ေနၾကတာေတာ့ၾကားပါတယ္။နည္းျပအဖြဲ႕ဝင္အတြက္မၾကားခ်င္စရာေတြေအာ္ေနတာပါ။ဒီအျဖစ္အပ်က္ကိုမျမင္လိုက္ေပမယ့္လည္းလီဗာပူးကအဲဒီလူကိုရွာေဖြသြားမွာပါ။လြန္ခဲ့တဲ့သုံးႏွစ္တုန္းကလည္းဒီအတိုင္းပဲ။သူတို႔ဟာကြၽန္ေတာ္တို႔ရဲ႕ဘတ္စ္ကားကိုဖ်က္ဆီးခဲ့ၾကပါတယ္။ဒါကလီဗာပူးလုပ္တာမဟုတ္ဘူး။အျခားလူေတြ(ပရိသတ္)လုပ္တာပါ”လို႔ေျပာၾကားသြားပါတယ္။

လြန္ခဲ့တဲ့သုံးႏွစ္ကခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္မီမန္စီးတီးအသင္းဘတ္စ္ကားကိုလီဗာပူးပရိသတ္မ်ားကတိုက္ခိုက္မႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲစဥ္တြင္မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာဂ်ိမ္းစ္မီလ္နာကိုဒုတိယအဝါကတ္ျပမထုတ္ပယ္မႈအတြက္ဒိုင္လူႀကီးေပါလ္တီယာေနးကိုအႀကီးအက်ယ္ေဒါသထြက္ခဲ့တာေတြ႕ရပါတယ္။