
ရီးရဲလ်မက်ဒရစ်ဟာဥရောပထိပ်သီးကလပ်များထက်လက်ဦးမှုရယူပြီး ဘရာဇီးပါရမီရှင်အန်းရစ်ဖီးလစ်ပီကိုခေါ်ယူနိုင်ရန်အတွက်ဘရာဇီးသို့ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ပြီဖြစ်ပါတယ်။
အသက်၁၆နှစ်ရှိဘရာဇီးပါရမီရှင်ကစားသမားဟာနွေရာသီတုန်းကမှပါးမီးရပ်စ်အသင်းနှင့်ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။
သူဟာအသက်၁၆နှစ်အရွယ်သာရှိသေးပေမဲ့လည်းထိပ်တန်းခြေစွမ်းပြကစားနိုင်မှုနှင့်အတူတချိန်တွင်ထွန်းတောက်လာမယ့်ဘရာဇီးကြယ်ပွင့်အဖြစ်သတ်မှတ်ခံထားရမှုနှင့်အတူ ပီအက်စ်ဂျီ၊အာဆင်နယ်၊ဘာစီလိုနာ၊ယူနိုက်တက်၊လီဗာပူး၊ဘိုင်ယန်မြူးနစ်တို့ရဲ့စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်ဟာကစားသမားခေါ်ယူစုဆောင်းရေးအကြီးအကဲဂျူနီကာလာဖက်ဦးဆောင်တဲ့အဖွဲ့တစ်ခုကိုဆာအိုပေါ်လိုသို့စေလွှတ်ကာ အန်းရစ်ကိုခေါ်ယူရေးလုပ်ဆောင်လာစေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာအန်းရစ်ကိုသူ့အသက်၁၈နှစ်ပြည့်မယ့်၂၀၂၄ခုနှစ်အထိခေါ်ယူနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ဟာယူရို၃၅သန်းမှသန်း၄၀အတွင်းပေးပြီးအန်းရစ်ကိုခေါ်ယူရေးအကြိုစာချုပ်ချုပ်ဆိုလာဖို့ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာဗီနီရှပ်စ်၊ရိုဒရီဂိုတို့ကိုလည်း အကြိုစာချုပ်ချုပ်ဆိုပြီးမှခေါ်ယူခဲ့ဖူးရာ အန်းရစ်မှာလည်းဘရာဇီးကြယ်ပွင့်များရဲ့အောင်မြေ ဘာနေဗျူးသို့ပြောင်းရန်စိတ်ဝင်စားလာဖို့ရှိနေပါတယ်။
ZawGyi
အန္းရစ္ကို ေခၚယူႏိုင္ေရးအတြက္ ေဆြးေႏြးရန္ ဘရာဇီးသို႔ ေရာက္ေနတဲ့ ရီးရဲလ္မက္ဒရစ္
ရီးရဲလ္မက္ဒရစ္ဟာဥေရာပထိပ္သီးကလပ္မ်ားထက္လက္ဦးမႈရယူၿပီး ဘရာဇီးပါရမီရွင္အန္းရစ္ဖီးလစ္ပီကိုေခၚယူႏိုင္ရန္အတြက္ဘရာဇီးသို႔ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ေစလႊတ္လိုက္ၿပီျဖစ္ပါတယ္။
အသက္၁၆ႏွစ္ရွိဘရာဇီးပါရမီရွင္ကစားသမားဟာေႏြရာသီတုန္းကမွပါးမီးရပ္စ္အသင္းႏွင့္ပထမဆုံးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။
သူဟာအသက္၁၆ႏွစ္အ႐ြယ္သာရွိေသးေပမဲ့လည္းထိပ္တန္းေျခစြမ္းျပကစားႏိုင္မႈႏွင့္အတူတခ်ိန္တြင္ထြန္းေတာက္လာမယ့္ဘရာဇီးၾကယ္ပြင့္အျဖစ္သတ္မွတ္ခံထားရမႈႏွင့္အတူ ပီအက္စ္ဂ်ီ၊အာဆင္နယ္၊ဘာစီလိုနာ၊ယူႏိုက္တက္၊လီဗာပူး၊ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရပါတယ္။
ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္ဟာကစားသမားေခၚယူစုေဆာင္းေရးအႀကီးအကဲဂ်ဴနီကာလာဖက္ဦးေဆာင္တဲ့အဖြဲ႕တစ္ခုကိုဆာအိုေပၚလိုသို႔ေစလႊတ္ကာ အန္းရစ္ကိုေခၚယူေရးလုပ္ေဆာင္လာေစပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာအန္းရစ္ကိုသူ႔အသက္၁၈ႏွစ္ျပည့္မယ့္၂၀၂၄ခုႏွစ္အထိေခၚယူႏိုင္မွာမဟုတ္ပါဘူး။ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ဟာယူ႐ို၃၅သန္းမွသန္း၄၀အတြင္းေပးၿပီးအန္းရစ္ကိုေခၚယူေရးအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုလာဖို႔ရွိပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာဗီနီရွပ္စ္၊႐ိုဒရီဂိုတို႔ကိုလည္း အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွေခၚယူခဲ့ဖူးရာ အန္းရစ္မွာလည္းဘရာဇီးၾကယ္ပြင့္မ်ားရဲ႕ေအာင္ေျမ ဘာေနဗ်ဴးသို႔ေျပာင္းရန္စိတ္ဝင္စားလာဖို႔ရွိေနပါတယ္။