အပြာကားလောကမှ ဟာသလိုင်းသို့ ပြောင်းလာတဲ့ အီတလီဘောလုံးသမားဟောင်း

ဘောလုံးကနေ အပြာလောကသို့ပြောင်းတယ်ဆိုတာသိပ်အခြေခိုင်တဲ့ပရော်ဖက်ရှင်နယ်ဘဝလမ်းကြောင်းတော့မဟုတ်ပါဘူး။ဒါပေမယ့်ဒါဗီဒီလိုဗီနယ်လာကတော့အခြားသူများနဲ့အတူလမ်းကြောင်းကိုရွေးချယ်လျှောက်လှမ်းသူဖြစ်ပါတယ်။

အဆင့်နိမ့်လိဂ်မှာကျင်လည်ခဲ့တဲ့အီတလီနောက်ခံလူဟောင်းဟာဘောလုံးသမားဘဝအလွန်မှာသူများနဲ့မတူတဲ့လမ်းကြောင်းကိုရွေးချယ်လာခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၈ခုနှစ်တုန်းကဘောလုံးသမားဘဝအဖြစ်မှအနားယူပြီးတဲ့နောက် အပြာကားလောကသို့ဝင်ရောက်ခဲ့ပါတယ်။

သူဟာကစားသမားဘဝကိုဒေသတွင်းအခြေစိုက်ကလပ်မူဂါနိုမှာတင်ပြီး၂၀၁၆ခုနှစ်တုန်းကစီးရီးဒီကလပ်ပိုမီဂလီယာနိုမှာကစားခွင့်ရခွင့်ရခဲ့ပါတယ်။

ဒါပေမယ့်သူဟာစီးရီးဒီကလပ်မှာနေရာရရှိရန်ရုန်းကန်ရပြီးနောက်ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်ခဲ့ပါတယ်။သူဟာကစားသမားဘဝကအနားယူပြီးတဲ့နောက်စိန်ခေါ်မှုသစ်ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာဒါဗီဒီလိုဗီနယ်လာဆိုတဲ့အမည်နဲ့အပြာလောကသို့ဝင်ရောက်ခဲ့ပါတယ်။သူဟာအပြာမင်းသားဟောင်းနှင့်ဒါရိုက်တာရိုကိုးဆီဖရက်ဒီနှင့်ပူးပေါင်းကာဘူဒါပတ်စ်သို့သွားပြီးအလုပ်လုပ်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာအပြာလောကမှာခဏသာကျင်လည်ခဲ့ပြီးအခုနောက်လောကတစ်ခုသို့ပြောင်းပြန်ပါတယ်။သူဟာဒါရိုက်တာနီလိုစီစီရိုနီရိုက်ကူးတဲ့ My Perfect Man အမည်ရှိဟာသဇာတ်ကားမှာပါဝင်သရုပ်ဆောင်လာပြန်ပါတယ်။

တစ်ဖက်မှာသူဟာမော်ဒယ်အေဂျင်စီတစ်ခုကိုလည်းတည်ထောင်ထားသလို ရုပ်ရှင်လောကလှုပ်ရှားများလည်းဆက်တိုက်ပြုလုပ်နေပါတယ်။

ZawGyi








