အပြာကုမ္ပဏီရဲ့ပေါင်သန်း၂၀တန်အင်္ကျီစပွန်ဆာစာချုပ်ကမ်းလှမ်းခံထားရတဲ့ အင်တာမီလန်

အပြာကုမ္ပဏီ Stripchat ဟာအင်တာမီလန်ကိုပေါင်သန်း၂၀တန်အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ကမ်းလှမ်းမှုပြု လုပ်ထားကြောင်းသိရပါတယ်။အင်တာမီလန်ဟာယခုနှစ်အကုန်တွင်နှစ်ပေါင်းသုံးဆယ်နီးပါးကြာလက်တွဲလာခဲ့တဲ့ ကားတာယာကုမ္ပဏီ Pirelli နှင့်လမ်းခွဲပါမယ်။

အင်တာမီလန်ဟာPirelli ထံမှတစ်နှစ်လျှင်ပေါင်၁၀သန်းရရှိနေပြီးယခုလအစောပိုင်းတုန်းကစာချုပ်သက်တမ်း တိုးသွားမှာမဟုတ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အင်တာမီလန်နှင့် Pirelli တို့ဟာ၁၉၉၅-၉၆ခုနှစ်မှစတင်ကာလက်တွဲလာခဲ့ကြတာဖြစ်ပြီးဘောလုံးလောကတွင် စံပြုထိုက်တဲ့လက်တွဲမှုအဖြစ်သတ်မှတ်ခံလာခဲ့ရတာပါ။

Pirelli လိုဂိုပါအင်တာမီလန်အင်္ကျီကိုရော်နယ်ဒို၊ဇလာတန်အီဘရာဟီမိုဗစ်၊ဘက်ဂီယို၊အက်ဒရီယာနို၊ဗီအဲရာ၊ဂျာဗီး ယားဇနက်တီတို့ဝတ်ဆင်ခဲ့ကြပါတယ်။

အင်တာမီလန်ဟာPirelli လိုဂိုပါအင်္ကျီဖြင့်၂၀၁၀ခုနှစ်တုန်းကမော်ရင်ဟိုဦးဆောင်မှုဖြင့်ချန်ပီယံလိဂ်ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့လူကြီးကြိုက်ဝက်ဘ်ဆိုက်ကုမ္ပဏီကစီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အင် တာမီလန်ရဲ့အင်္ကျီရင်ဘတ်စပွန်ဆာဖြစ်လိုနေပါတယ်။

လက်ရှိအချိန်တွင်အင်တာမီလန်ဟာငွေကြေးပြဿနာများနှင့်ရင်ဆိုင်နေရပြီးလာမယ့်ဘောလုံးရာသီအတွက် ပေါင်၁၄၆သန်းလိုအပ်နေပါတယ်။အင်တာဟာကိုဗစ်ကြောင့်ဝင်ငွေကျဆင်းမှုနဲ့အတူဘဏ္ဍာရေးပြဿနာနှင့် ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ZawGyi

အျပာကုမၸဏီရဲ႕ေပါင္သန္း၂၀တန္အက်ႌစပြန္ဆာစာခ်ဳပ္ကမ္းလွမ္းခံထားရတဲ့ အင္တာမီလန္

အျပာကုမၸဏီ Stripchat ဟာအင္တာမီလန္ကိုေပါင္သန္း၂၀တန္အက်ႌရင္ဘတ္စပြန္ဆာစာခ်ဳပ္ကမ္းလွမ္းမႈျပဳ လုပ္ထားေၾကာင္းသိရပါတယ္။အင္တာမီလန္ဟာယခုႏွစ္အကုန္တြင္ႏွစ္ေပါင္းသုံးဆယ္နီးပါးၾကာလက္တြဲလာခဲ့တဲ့ ကားတာယာကုမၸဏီ Pirelli ႏွင့္လမ္းခြဲပါမယ္။

အင္တာမီလန္ဟာPirelli ထံမွတစ္ႏွစ္လွ်င္ေပါင္၁၀သန္းရရွိေနၿပီးယခုလအေစာပိုင္းတုန္းကစာခ်ဳပ္သက္တမ္း တိုးသြားမွာမဟုတ္ေၾကာင္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အင္တာမီလန္ႏွင့္ Pirelli တို႔ဟာ၁၉၉၅-၉၆ခုႏွစ္မွစတင္ကာလက္တြဲလာခဲ့ၾကတာျဖစ္ၿပီးေဘာလုံးေလာကတြင္ စံျပဳထိုက္တဲ့လက္တြဲမႈအျဖစ္သတ္မွတ္ခံလာခဲ့ရတာပါ။

Pirelli လိုဂိုပါအင္တာမီလန္အက်ႌကိုေရာ္နယ္ဒို၊ဇလာတန္အီဘရာဟီမိုဗစ္၊ဘက္ဂီယို၊အက္ဒရီယာႏို၊ဗီအဲရာ၊ဂ်ာဗီး ယားဇနက္တီတို႔ဝတ္ဆင္ခဲ့ၾကပါတယ္။

အင္တာမီလန္ဟာPirelli လိုဂိုပါအက်ႌျဖင့္၂၀၁၀ခုႏွစ္တုန္းကေမာ္ရင္ဟိုဦးေဆာင္မႈျဖင့္ခ်န္ပီယံလိဂ္ဖလားလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့လူႀကီးႀကိဳက္ကုမၸဏီကစီးရီးေအအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့အင္ တာမီလန္ရဲ႕အက်ႌရင္ဘတ္စပြန္ဆာျဖစ္လိုေနပါတယ္။

လက္ရွိအခ်ိန္တြင္အင္တာမီလန္ဟာေငြေၾကးျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရၿပီးလာမယ့္ေဘာလုံးရာသီအတြက္ ေပါင္၁၄၆သန္းလိုအပ္ေနပါတယ္။အင္တာဟာကိုဗစ္ေၾကာင့္ဝင္ေငြက်ဆင္းမႈနဲ႔အတူဘ႑ာေရးျပႆနာႏွင့္ ရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။