အပြာရောင်မြင်းခွာသံလေးကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကံကောင်းခဲ့တဲ့ အီတလီနည်းပြမန်စီနီ

အီတလီနည်းပြရောဘတ်တိုမန်စီနီရဲ့သားသမီးများဟာသူတို့ရဲ့ဖခင်ကိုယူရို၂၀၂၀ပြိုင်ပွဲမှာကံကောင်းမှုတွေရရှိစေဖို့အတွက်ပြိုင်ပွဲမတိုင်မီအပြာရောင်မြင်းခွာသံတစ်ခုလက်ဆောင်ပေးခဲ့ကြပါတယ်။

အီတလီနည်းပြမန်စီနီဟာအီတလီအသင်းဝတ်စုံနဲ့အရောင်တူဖြစ်တဲ့အပြာရောင်မြင်းခွာသံကိုသူ့အိတ်ထဲမှာသွားလေရာယူဆောင်သွားခဲ့ပါတယ်။

တကယ်တမ်းမှာလည်းမန်စီနီအတွက်အပြာရောင်းမြင်းခွာသံလေးက အလုပ်ဖြစ်ခဲ့ပုံရပါတယ်။အီတလီအသင်းဟာဝင်ဘာလေကွင်းမှာအင်္ဂလန်ကိုပင်နယ်တီဖြင့်အနိုင်ရရှိပြီး၁၉၆၈ခုနှစ်နောက်ပိုင်းပထမဆုံးယူရိုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

မန်စီနီရဲ့အငယ်ဆုံးသားဖြစ်တဲ့အသက်၂၈နှစ်ရှိအင်ဒရေက “ပြိုင်ပွဲမတိုင်ခင်တုန်းကကျွန်တော်တို့ညီအစ်ကိုတွေနဲ့ကျွန်တော်ဟာသူ့ကိုအပြာရောင်မြင်းခွာသံလက်ဆောင်ပေးခဲ့ပါတယ်။သူ့ကိုကံကောင်းခြင်းတွေယူဆောင်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူကလည်းအိတ်ထဲမှာအမြဲထည့်ထားတတ်ပါတယ်။လွန်ခဲ့တဲ့သုံးနှစ်ခန့်တုန်းကသူဟာအီတလီအသင်း ဒီလိုရလဒ်ရယူနိုင်တယ်လို့ယုံကြည်တဲ့တစ်ဦးတည်းသောသူပါ”လို့ပြောကြားသွားခဲ့ပါတယ်။

မန်စီနီရဲ့သားအငယ်ဆုံးအင်ဒရေဟာတနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းသို့လာရောက်ကာအီတလီအသင်းကိုအားပေးခဲ့ပါတယ်။ဒါပေမယ့်သူဟာပထမပိုင်းအပြီးမှာသူ့နေရာကိုလက်မှတ်မဲ့လူတစ်ယောက်ကအပိုင်စီးခြင်းခံခဲ့ရပေမယ့်ကံကောင်းချင်တော့ပိုပြီးတော့မြင်ကွင်းကောင်းတဲ့နေရာတစ်နေရာမှာကြည့်ခွင့်ရခဲ့ပါတယ်။

မန်စီနီလက်ထက်မှာအီတလီအသင်းဟာအရှိန်အဟုန်ပြင်းစွာတိုးတက်နေပြီးအင်္ဂလန်နှင့်ယူရို၂၀၂၀ဗိုလ်လုပွဲအထိ၃၄ပွဲအထိရှုံးပွဲမရှိမှတ်တမ်းရရှိထားပါတယ်။

မန်စီနီဟာကစားသမားဘဝတုန်းကအီတလီအသင်းနှင့်အတူဆုဖလားမဆွတ်ခူးခဲ့ဖူးပါတယ်။သူဟာ ၁၉၉၀ ကမ္ဘာ့ဖလားမှာတတိယ၊ ၁၉၈၆ ခုနှစ် ယူရိုယူ-၂၁ပြိုင်ပွဲမှာဒုတိယတို့သာရခဲ့ဖူးပါတယ်။

အင်ဒရေမန်စီနီဟာအင်တာ၊မွန်ဇာ၊ဘိုလော့ဂ်နာ၊မန်စီးတီးတို့ရဲ့လူငယ်အသင်းများမှာကစားခဲ့ပြီးနောက်ဆုံးကစားခဲ့တဲ့ကလပ်ကနယူးယောက်ခ်ကို့စ်မို့စ်ဖြစ်ပါတယ်။

ZawGyi

အျပာေရာင္ျမင္းခြာသံေလးေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ကံေကာင္းခဲ့တဲ့ အီတလီနည္းျပမန္စီနီ

အီတလီနည္းျပေရာဘတ္တိုမန္စီနီရဲ႕သားသမီးမ်ားဟာသူတို႔ရဲ႕ဖခင္ကိုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာကံေကာင္းမႈေတြရရွိေစဖို႔အတြက္ၿပိဳင္ပြဲမတိုင္မီအျပာေရာင္ျမင္းခြာသံတစ္ခုလက္ေဆာင္ေပးခဲ့ၾကပါတယ္။

အီတလီနည္းျပမန္စီနီဟာအီတလီအသင္းဝတ္စုံနဲ႔အေရာင္တူျဖစ္တဲ့အျပာေရာင္ျမင္းခြာသံကိုသူ႔အိတ္ထဲမွာသြားေလရာယူေဆာင္သြားခဲ့ပါတယ္။

တကယ္တမ္းမွာလည္းမန္စီနီအတြက္အျပာေရာင္းျမင္းခြာသံေလးက အလုပ္ျဖစ္ခဲ့ပုံရပါတယ္။အီတလီအသင္းဟာဝင္ဘာေလကြင္းမွာအဂၤလန္ကိုပင္နယ္တီျဖင့္အႏိုင္ရရွိၿပီး၁၉၆၈ခုႏွစ္ေနာက္ပိုင္းပထမဆုံးယူ႐ိုဖလားကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မန္စီနီရဲ႕အငယ္ဆုံးသားျဖစ္တဲ့အသက္၂၈ႏွစ္ရွိအင္ဒေရက “ၿပိဳင္ပြဲမတိုင္ခင္တုန္းကကြၽန္ေတာ္တို႔ညီအစ္ကိုေတြနဲ႔ကြၽန္ေတာ္ဟာသူ႔ကိုအျပာေရာင္ျမင္းခြာသံလက္ေဆာင္ေပးခဲ့ပါတယ္။သူ႔ကိုကံေကာင္းျခင္းေတြယူေဆာင္လာလိမ့္မယ္လို႔ေျပာခဲ့ပါတယ္။သူကလည္းအိတ္ထဲမွာအၿမဲထည့္ထားတတ္ပါတယ္။လြန္ခဲ့တဲ့သုံးႏွစ္ခန႔္တုန္းကသူဟာအီတလီအသင္း ဒီလိုရလဒ္ရယူႏိုင္တယ္လို႔ယုံၾကည္တဲ့တစ္ဦးတည္းေသာသူပါ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

မန္စီနီရဲ႕သားအငယ္ဆုံးအင္ဒေရဟာတနဂၤေႏြေန႔တုန္းကဝင္ဘာေလကြင္းသို႔လာေရာက္ကာအီတလီအသင္းကိုအားေပးခဲ့ပါတယ္။ဒါေပမယ့္သူဟာပထမပိုင္းအၿပီးမွာသူ႔ေနရာကိုလက္မွတ္မဲ့လူတစ္ေယာက္ကအပိုင္စီးျခင္းခံခဲ့ရေပမယ့္ကံေကာင္းခ်င္ေတာ့ပိုၿပီးေတာ့ျမင္ကြင္းေကာင္းတဲ့ေနရာတစ္ေနရာမွာၾကည့္ခြင့္ရခဲ့ပါတယ္။

မန္စီနီလက္ထက္မွာအီတလီအသင္းဟာအရွိန္အဟုန္ျပင္းစြာတိုးတက္ေနၿပီးအဂၤလန္ႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲအထိ၃၄ပြဲအထိရႈံးပြဲမရွိမွတ္တမ္းရရွိထားပါတယ္။

မန္စီနီဟာကစားသမားဘဝတုန္းကအီတလီအသင္းႏွင့္အတူဆုဖလားမဆြတ္ခူးခဲ့ဖူးပါတယ္။သူဟာ ၁၉၉၀ ကမာၻ႔ဖလားမွာတတိယ၊ ၁၉၈၆ ခုႏွစ္ ယူ႐ိုယူ-၂၁ၿပိဳင္ပြဲမွာဒုတိယတို႔သာရခဲ့ဖူးပါတယ္။

အင္ဒေရမန္စီနီဟာအင္တာ၊မြန္ဇာ၊ဘိုေလာ့ဂ္နာ၊မန္စီးတီးတို႔ရဲ႕လူငယ္အသင္းမ်ားမွာကစားခဲ့ၿပီးေနာက္ဆုံးကစားခဲ့တဲ့ကလပ္ကနယူးေယာက္ခ္ကို႔စ္မို႔စ္ျဖစ္ပါတယ္။