အပြာလောကသို့ ဝင်ရောက်ခဲ့တဲ့ ချွေးမနှင့်သားကို လုံးဝအဆက်အသွယ်ဖြတ်လိုက်တဲ့ အင်္ဂလန်ဂန္ထဝင်
အင်္ဂလန်လက်ရွေးစင်ဟောင်းမတ်လီတက်စီယာဟာချွေးဖြစ်သူအပြာလောကသို့ဝင်ရောက်ပြီးနောက်ချွေးမ၊သားဖြစ်သူတို့နှင့်လုံးဝအဆက်အသွယ်ဖြတ်လိုက်ကြောင်းသိရပါတယ်။
အသက်၅၃နှစ်ရှိဆောက်သမ်တန်ဂန္ထဝင်ကစားသမားဟာချွေးမဖြစ်သူမတ်ရှ်မှာအပြာလောကဖြစ်တဲ့ Onlyfan နှင့် Babesstation တို့တွင်အပြာဝန်ဆောင်မှုများပေးလာပြီးနောက် ချွေးမနှင့်သားဖြစ်သူတို့ကိုအဆက်အသွယ်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
၎င်းတို့စုံတွဲဟာအသက်၃၀နှစ်ရှိကြသူများဖြစ်ကြပါတယ်။အဲလက်စ်ဟာမတ်ရှ်ရဲ့အလုပ်နဲ့ပတ်သက်ပြီးမိသားစုဝင်များနှင့်ဆွေးနွေးခဲ့ရာအဆင်မပြေဖြစ်ခဲ့ပါတယ်။
သူဟာ IT2 ရဲ့အပြာလောကမှတ်တမ်းရုပ်ရှင် Olivia Attwood: Getting Filthy Richတွင်လည်းပါဝင်ခဲ့သူဖြစ်ပါတယ်။
မတ်ရှ်ဟာအဲလက်စ်နှင့်ကလေးလေးဦးမွေးဖွားထားပြီးဖြစ်ပါတယ်။အဲလက်စ်က “ကျွန်တော့်အဖေး၊ယောက္ခမတို့နဲ့စကားမပြောတာတစ်နှစ်ကျော်ပြီ။သူတို့ကလက်မခံကြဘူး။ကျွန်တော်တို့ဆုံးဖြတ်ချက်ကိုလက်ခံမယ်လို့လည်းမထင်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုနဲ့ပတ်သက်ပြီးစိတ်တံခါးဖွင့်ပြီးလက်ခံလာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။
မတ်ရှ်ဟာယခုအခါအပြာလောကမှတစ်လလျှင်ပေါင်၅၀၀၀အထိရရှိနေပါတယ်။
ZawGyi