အပြောင်းအရွှေ့ကြောင့် စီးရီးအေသမိုင်းတွင် လူမုန်းအများဆုံးကစားသမားဖြစ်လာတော့မယ့် ကစားသမား

ဂျီယန်လူဂီဒွန်နာရမ်မာဟာအေစီမီလန်နှင့်စာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှုပျက်ပြယ်သွားမှုနဲ့အတူယခုနွေရာသီမှာအေစီမီလန်မှထွက်ခွာဖို့ရှိနေပါတယ်။

အီတလီလက်ရွေးစင်ဂိုးသမားဟာဇွန်လအကုန်မှာအေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအီတလီထိပ်သီးကလပ်များသို့ပြောင်းဖို့ရှိနေပါတယ်။

ဒွန်နာရမ်မာဟာအသက်၂၂နှစ်ရှိသာရှိသေးတဲ့ဂိုးသမားတစ်ဦးဖြစ်ပြီးကမ္ဘာ့အကောင်းဆုံးဂိုးသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မှာဖြစ်လို့ထိပ်သီးကလပ်အမြောက်အမြားတို့ကစိတ်ဝင်စားနေပါတယ်။

လက်ရှိအချိန်မှာဒွန်နာရမ်မာကိုခေါ်ယူဖို့အကောင်းဆုံးအနေအထားမှာရှိနေတာကတော့မီလန်ရဲ့စီးရီးအေပြိုင်ဘက်ဂျူဗင်တပ်ဖြစ်ပါတယ်။

ယင်းသို့ဒွန်နာရမ်မာကဂျူဗင်တပ်သို့ပြောင်းရွှေ့ဖို့အခြေအနေကောင်းနေမှုနဲ့အတူအေစီမီလန်ပရိသတ်များအကြီးအကျယ်ဒေါသထွက်လျက်ရှိကြပါတယ်။

အေစီမီလန်ပရိသတ်များကဒွန်နာရမ်မာသာဂျူဗင်တပ်သို့ပြောင်းရွှေ့ပါကစီးရီးအေသမိုင်းတွင်လူမုန်းအများဆုံးကစားသမားဖြစ်လာမယ်လို့ခြိမ်းခြောက်နေကြပါတယ်။

ဒွန်နာရမ်မာဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုမီလန်တွင်စတင်ခဲ့သူဖြစ်ပြီးအသက်၁၆နှစ်အရွယ်မှာဘဲအေစီမီလန်အတွက်ကစားခွင့်ရရှိလာခဲ့သူဖြစ်ပါတယ်။သူဟာအေစီမီလန်ရဲ့ဒုတိယအသင်းခေါင်းဆောင်နံပါတ်တစ်ဂိုးသမားအဖြစ်ပြိုင်ပွဲအရပ်ရပ်မှာ၂၅၁ပွဲကစားထားပြီးဖြစ်ပါတယ်။

ZawGyi

အေျပာင္းအေ႐ႊ႕ေၾကာင့္ စီးရီးေအသမိုင္းတြင္ လူမုန္းအမ်ားဆုံးကစားသမားျဖစ္လာေတာ့မယ့္ ကစားသမား

ဂ်ီယန္လူဂီဒြန္နာရမ္မာဟာေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းတိုးေရးေဆြးေႏြးမႈပ်က္ျပယ္သြားမႈနဲ႔အတူယခုေႏြရာသီမွာေအစီမီလန္မွထြက္ခြာဖို႔ရွိေနပါတယ္။

အီတလီလက္ေ႐ြးစင္ဂိုးသမားဟာဇြန္လအကုန္မွာေအစီမီလန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအီတလီထိပ္သီးကလပ္မ်ားသို႔ေျပာင္းဖို႔ရွိေနပါတယ္။

ဒြန္နာရမ္မာဟာအသက္၂၂ႏွစ္ရွိသာရွိေသးတဲ့ဂိုးသမားတစ္ဦးျဖစ္ၿပီးကမာၻ႔အေကာင္းဆုံးဂိုးသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။သူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မွာျဖစ္လို႔ထိပ္သီးကလပ္အေျမာက္အျမားတို႔ကစိတ္ဝင္စားေနပါတယ္။

လက္ရွိအခ်ိန္မွာဒြန္နာရမ္မာကိုေခၚယူဖို႔အေကာင္းဆုံးအေနအထားမွာရွိေနတာကေတာ့မီလန္ရဲ႕စီးရီးေအၿပိဳင္ဘက္ဂ်ဴဗင္တပ္ျဖစ္ပါတယ္။

ယင္းသို႔ဒြန္နာရမ္မာကဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ဖို႔အေျခအေနေကာင္းေနမႈနဲ႔အတူေအစီမီလန္ပရိသတ္မ်ားအႀကီးအက်ယ္ေဒါသထြက္လ်က္ရွိၾကပါတယ္။

ေအစီမီလန္ပရိသတ္မ်ားကဒြန္နာရမ္မာသာဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ပါကစီးရီးေအသမိုင္းတြင္လူမုန္းအမ်ားဆုံးကစားသမားျဖစ္လာမယ္လို႔ၿခိမ္းေျခာက္ေနၾကပါတယ္။

ဒြန္နာရမ္မာဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုမီလန္တြင္စတင္ခဲ့သူျဖစ္ၿပီးအသက္၁၆ႏွစ္အ႐ြယ္မွာဘဲေအစီမီလန္အတြက္ကစားခြင့္ရရွိလာခဲ့သူျဖစ္ပါတယ္။သူဟာေအစီမီလန္ရဲ႕ဒုတိယအသင္းေခါင္းေဆာင္နံပါတ္တစ္ဂိုးသမားအျဖစ္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၅၁ပြဲကစားထားၿပီးျဖစ္ပါတယ္။