အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားနှစ်ဦး ထပ်မံခေါ်ယူချင်နေသေးတဲ့ ဆိုးလ်ရှား

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီကစားသမားနှစ်ဦးထပ်မံခေါ်ယူရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။

မန်ယူဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဗီလာမှတွမ်ဟီတွန်ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း၊ဒေါ့မွန်စတားဆန်ချိုကိုပေါင်၇၃သန်းဖြင့်လည်းကောင်း၊ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရိန်းကိုပေါင်၃၄သန်းဖြင့်လည်းကောင်းခေါ်ယူထားပါတယ်။

ဒါပေမယ့်အသက်၄၈နှစ်ရှိဆိုးလ်ရှားဟာဩဂုတ်လ၃၁ရက်နေ့အပြောင်းအရွှေ့ဈေးကွက်မပိတ်မီနောက်ထပ်ကစားသမားနှစ်ဦးခေါ်ယူလိုနေပါသေးတယ်။

ဆိုးလ်ရှားဟာနောက်တန်းအစွန်လူတစ်ဦးနှင့်အလယ်တန်းကစားသမားတစ်ဦးခေါ်ယူလိုနေကြောင်းသိရပါတယ်။

မန်ယူဟာအက်သလက်တီကိုညာနောက်ခံလူထရစ်ပီယာနှင့်ဝုဗ်မှပေါ်တူဂီလက်ရွေးစင်ရူဘင်နီဗက်စ်တို့ကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

အက်သလက်တီကိုဟာအင်္ဂလန်ညာနောက်ခံလူထရစ်ပီယာကိုခေါ်ယူလာခဲ့တာကြာမြင့်ပြီဖြစ်ပေမယ့်အက်သလက်တီကိုဘက်ကပေါင်သန်း၅၀အထိတောင်းဆိုမှုကြောင့်အခက်တွေ့နေရပါတယ်။တစ်ဖက်တွင်ဗုဗ်ကလည်းပေါ်တူဂီလက်ရွေးစင်အလယ်တန်းကစားသမားအတွက်ပေါင်သန်း၄၀အလိုရှိနေပါတယ်။

ZawGyi

အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီ ကစားသမားႏွစ္ဦး ထပ္မံေခၚယူခ်င္ေနေသးတဲ့ ဆိုးလ္ရွား

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကစားသမားႏွစ္ဦးထပ္မံေခၚယူရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။

မန္ယူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဗီလာမွတြမ္ဟီတြန္ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လည္းေကာင္း၊ေဒါ့မြန္စတားဆန္ခ်ိဳကိုေပါင္၇၃သန္းျဖင့္လည္းေကာင္း၊ရီးရဲလ္မက္ဒရစ္ေနာက္ခံလူဗာရိန္းကိုေပါင္၃၄သန္းျဖင့္လည္းေကာင္းေခၚယူထားပါတယ္။

ဒါေပမယ့္အသက္၄၈ႏွစ္ရွိဆိုးလ္ရွားဟာဩဂုတ္လ၃၁ရက္ေန႔အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီေနာက္ထပ္ကစားသမားႏွစ္ဦးေခၚယူလိုေနပါေသးတယ္။

ဆိုးလ္ရွားဟာေနာက္တန္းအစြန္လူတစ္ဦးႏွင့္အလယ္တန္းကစားသမားတစ္ဦးေခၚယူလိုေနေၾကာင္းသိရပါတယ္။

မန္ယူဟာအက္သလက္တီကိုညာေနာက္ခံလူထရစ္ပီယာႏွင့္ဝုဗ္မွေပၚတူဂီလက္ေ႐ြးစင္႐ူဘင္နီဗက္စ္တို႔ကိုေခၚယူလိုေနတာျဖစ္ပါတယ္။

အက္သလက္တီကိုဟာအဂၤလန္ညာေနာက္ခံလူထရစ္ပီယာကိုေခၚယူလာခဲ့တာၾကာျမင့္ၿပီျဖစ္ေပမယ့္အက္သလက္တီကိုဘက္ကေပါင္သန္း၅၀အထိေတာင္းဆိုမႈေၾကာင့္အခက္ေတြ႕ေနရပါတယ္။တစ္ဖက္တြင္ဗုဗ္ကလည္းေပၚတူဂီလက္ေ႐ြးစင္အလယ္တန္းကစားသမားအတြက္ေပါင္သန္း၄၀အလိုရွိေနပါတယ္။