အပြောင်းအရွှေ့နှစ်ရာသီပြုလုပ်ခွင့်ပိတ်ပင်ခံရဖို့ ရှိနေတဲ့ ဝိန်းရွန်းနီရဲ့ဒါဘီကောင်တီ

ဝိန်းရွန်းနီရဲ့ဒါဘီကောင်တီဟာအပြောင်းအရွှေ့အကြွေးများကိုပြေလည်အောင်ပြုလုပ်နိုင်ခြင်းမရှိလျှင်အပြောင်းအရွှေ့နှစ်ရာသီပြုလုပ်ခွင့်ပိတ်ပင်ခြင်းခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ဒါဘီကောင်တီဟာယခုလအကုန်အမီအပြောင်းအရွှေ့ကြွေးကျန်များကိုဖြေရှင်းရန် EFL ရဲ့ဆုံးဖြတ်ခြင်းခံထားရပါတယ်။

ဒါဘီကောင်တီဟာဒုတိယအကြိမ်မြောက်အဖြစ်အပြောင်းအရွှေ့ကြွေးကျန်များကိုပေးရန်ပျက်ကွက်ခဲ့တာဖြစ်ပြီးအကယ်၍ယခုလအကုန်တွင်မရှင်းနိုင်လျှင်၂၀၂၃ခုနှစ်နွေရာသီအထိမည်သည့်ကစားသမားမျှဝယ်ယူနိုင်မှာမဟုတ်တဲ့အခြေအနေနှစ်ခုနှင့်ရင်ဆိုင်နေရပါတယ်။

ဝိန်းရွန်းနီဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလည်းငွေသုံးစွဲကာကစားသမားခေါ်ယူများမပြုလုပ်နိုင်ခဲ့ပါဘူး။

တစ်ဖက်တွင်အသင်းပိုင်ရှင်မယ်မောရစ်ဟာလည်းအသင်းကိုဝယ်ယူမယ့်ဝယ်လက်ရှာဖွေမရဖြစ်နေပါတယ်။

ဒါဘီနည်းပြရွန်းနီကတော့မည်သည့်အခြေအနေမျိုးတွင်မဆိုကလပ်အတွက်အစွမ်းကုန်တိုက်ပွဲဝင်ပေးသွားမှာဖြစ်ကြောင်းကြုံးဝါးထားပါတယ်။

ZawGyi






