အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်ပြီး ခရစ္စတီယာနိုရော်နယ်ဒို ကြေညာချက် ထုတ်ပြန်လာ

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့အနာဂတ်နှင့်ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းများအား ဆိုရှယ်မီဒီယာကနေကြေညာချက်ထုတ်ပြန်မှုပြုလုပ်လာပါတယ်။

ဂျူဗင်တပ်စူပါစတားဟာယခုနွေရာသီတွင်ဂျူဗင်တပ်မှထွက်ခွာမယ်လို့သတင်းထွက်ပေါ်နေသူဖြစ်ပြီးပြီးခဲ့တဲ့နာရီများအတွင်းတွင်မန်စီးတီး၊ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီသို့ပြောင်းရွှေ့မယ်လို့ဖော်ပြခြင်းခံခဲ့ရပါတယ်။

အထူးသဖြင့်ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီဟာဘာနေဗျူးသို့ခရစ္စတီယာနိုရော်နယ်ဒိုအားပြန်လည်ခေါ်ဆောင်လိုနေကြောင်းသတင်းထွက်ခဲ့ပါတယ်။

ဒါပေမယ့်ချက်ချင်းပင်ကာလိုအန်ဆယ်လော့တီကရော်နယ်ဒိုကိုပြန်လည်ခေါ်ယူရန်စီစဉ်ထားခြင်းမရှိကြောင်းငြင်းဆိုခဲ့ပါတယ်။

ယခုအခါအသက်၃၆နှစ်ရှိမန်ယူနှင့်ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းက “အလုပ်အပေါ်မှာကျွန်တော်ဘယ်လောက်အာရုံစိုက်တယ်ဆိုတာလူတိုင်းသိပါတယ်။ကျွန်တော်ကနည်းနည်းပြောပြီးများများလုပ်တဲ့သူပါ။ကစားသမားဘဝစတင်ကတည်းကဒီလမ်းညွှန်ချက်နဲ့လုပ်ဆောင်လာခဲ့တာပါ။ဒါပေမယ့်ခုအတောအတွင်းရေးသားပြောကြားလာတာတွေကြောင့်အခုလိုလူလုံးထွက်ပြဖို့ဆုံးဖြတ်လိုက်ရတာပါ။ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီးမီဒီယာတွေမှာရေးသားနေတာကကျွန်တော်အပါအဝင်ရေးသားမှုမှာပါဝင်တဲ့ကလပ်တွေကိုပါမလေးမစားလုပ်တာပါ။ပြီးတော့ကစားသမားတွေနဲ့နည်းပြတွေကိုလည်းမလေးမစားလုပ်တာပါ။ကျွန်တော့်ရဲ့ရီးရဲလ်မက်ဒရစ်ပုံပြင်ကရေးသားခဲ့ပြီးပါပြီ။မှတ်တမ်းတင်ပြီးသားပါ။စကားလုံးတွေ၊ကိန်းဂဏန်းတွေ၊ဆုဖလားတွေ၊အမှတ်ပေးဖလားတွေ၊စံချိန်တွေ၊ခေါင်းကြီးပိုင်းတွေဘာနေဗျူးကွင်းကပြတိုက်ထဲမှာရှိထားပြီးသားပါ။ကလပ်ရဲ့ပရိသတ်တိုင်းရဲ့စိတ်ထဲမှာလည်းရှိထားပြီးသားပါ။အဲဒီမှာကစားခဲ့တဲ့ကိုးနှစ်တာကာလအတွင်းမှာနက်ရှိုင်းတဲ့မေတ္တာနဲ့လေးစားမှုတွေကရှိထားပြီးသားပါ။မေတ္တာနဲ့လေးစားမှုကိုကနေ့အချိန်အထိလည်းထိန်းထားတုန်းပါ။ကျွန်တော်လည်းဒါကိုရင်ဝယ်ပိုက်ထားပါမယ်။ရီးရဲလ်မက်ဒရစ်ပရိသတ်အစစ်အမှန်တွေကလည်းသူတို့ရဲ့နှလုံးထဲမှာကျွန်တော့်ကိုအစဉ်သဖြင့်ထည့်သွင်းထားကြဦးမှာပါ။ကျွန်တော်တို့ကလည်းသူတို့ကိုစိတ်ထဲမှာအမြဲထည့်သွင်းထားပါမယ်။တဖက်စပိန်မီဒီယာတွေကကျွန်တော့်ကိုကွဲပြားတဲ့လိဂ်တွေမှကလပ်ပေါင်းများစွာနဲ့ရေးသားနေပါတယ်။ဒါကြောင့်လည်းကျွန်တော့်အမည်ကိုသုံးပြီးလုပ်စားနေကြလို့အခုလိုနှုတ်ဆိတ်နေမှုကိုရပ်တန့်လိုက်တာပါ။ကျွန်တော့်ဘက်ကတော့ကျွန်တော့်ကစားသမားဘဝအပေါ်အပြည့်အဝအာရုံစိုက်နေတယ်။အလုပ်ကြိုးစားပြီးအပြည့်အဝပေးဆပ်ကာစိန်ခေါ်မှုအားလုံးအတွက်အသင့်ဖြစ်နေအောင်လုပ်ထားပါတယ်။အခုပြောနေကြတာတွေအားလုံးကအပြောချည်းသက်သက်ပါ”လို့ပြောကြားခဲ့ပါတယ်။

မနေ့ညနေပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ဟာပေါ်တူဂီစူပါစတားအားခေါ်ယူရန်စိတ်ဝင်စားခြင်းရှိ/မရှိ မန်ယူရဲ့မြို့ခံပြိုင်ဘက်မန်စီးတီးထံသို့ဆက်သွယ်မေးမြန်းခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။ယင်းနောက်ပိုင်းတွင်အန်ဆယ်လော့တီကရော်နယ်ဒိုကိုပြန်လည်ခေါ်ယူလိုနေကြောင်းသတင်းထွက်လာခဲ့တာပါ။

ရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သာကျန်တော့ရာယင်းကဲ့သို့သတင်းများစွာထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

ZawGyi

အေျပာင္းအေ႐ႊ႕သတင္းမ်ားႏွင့္ပတ္သက္ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒို ေၾကညာခ်က္ ထုတ္ျပန္လာ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးထြက္ေပၚေနတဲ့သတင္းမ်ားအား ဆိုရွယ္မီဒီယာကေနေၾကညာခ်က္ထုတ္ျပန္မႈျပဳလုပ္လာပါတယ္။

ဂ်ဴဗင္တပ္စူပါစတားဟာယခုေႏြရာသီတြင္ဂ်ဴဗင္တပ္မွထြက္ခြာမယ္လို႔သတင္းထြက္ေပၚေနသူျဖစ္ၿပီးၿပီးခဲ့တဲ့နာရီမ်ားအတြင္းတြင္မန္စီးတီး၊ရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕မယ္လို႔ေဖာ္ျပျခင္းခံခဲ့ရပါတယ္။

အထူးသျဖင့္ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီဟာဘာေနဗ်ဴးသို႔ခရစၥတီယာႏိုေရာ္နယ္ဒိုအားျပန္လည္ေခၚေဆာင္လိုေနေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ဒါေပမယ့္ခ်က္ခ်င္းပင္ကာလိုအန္ဆယ္ေလာ့တီကေရာ္နယ္ဒိုကိုျပန္လည္ေခၚယူရန္စီစဥ္ထားျခင္းမရွိေၾကာင္းျငင္းဆိုခဲ့ပါတယ္။

ယခုအခါအသက္၃၆ႏွစ္ရွိမန္ယူႏွင့္ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္းက “အလုပ္အေပၚမွာကြၽန္ေတာ္ဘယ္ေလာက္အာ႐ုံစိုက္တယ္ဆိုတာလူတိုင္းသိပါတယ္။ကြၽန္ေတာ္ကနည္းနည္းေျပာၿပီးမ်ားမ်ားလုပ္တဲ့သူပါ။ကစားသမားဘဝစတင္ကတည္းကဒီလမ္းၫႊန္ခ်က္နဲ႔လုပ္ေဆာင္လာခဲ့တာပါ။ဒါေပမယ့္ခုအေတာအတြင္းေရးသားေျပာၾကားလာတာေတြေၾကာင့္အခုလိုလူလုံးထြက္ျပဖို႔ဆုံးျဖတ္လိုက္ရတာပါ။ကြၽန္ေတာ့္အနာဂတ္နဲ႔ပတ္သက္ၿပီးမီဒီယာေတြမွာေရးသားေနတာကကြၽန္ေတာ္အပါအဝင္ေရးသားမႈမွာပါဝင္တဲ့ကလပ္ေတြကိုပါမေလးမစားလုပ္တာပါ။ၿပီးေတာ့ကစားသမားေတြနဲ႔နည္းျပေတြကိုလည္းမေလးမစားလုပ္တာပါ။ကြၽန္ေတာ့္ရဲ႕ရီးရဲလ္မက္ဒရစ္ပုံျပင္ကေရးသားခဲ့ၿပီးပါၿပီ။မွတ္တမ္းတင္ၿပီးသားပါ။စကားလုံးေတြ၊ကိန္းဂဏန္းေတြ၊ဆုဖလားေတြ၊အမွတ္ေပးဖလားေတြ၊စံခ်ိန္ေတြ၊ေခါင္းႀကီးပိုင္းေတြဘာေနဗ်ဴးကြင္းကျပတိုက္ထဲမွာရွိထားၿပီးသားပါ။ကလပ္ရဲ႕ပရိသတ္တိုင္းရဲ႕စိတ္ထဲမွာလည္းရွိထားၿပီးသားပါ။အဲဒီမွာကစားခဲ့တဲ့ကိုးႏွစ္တာကာလအတြင္းမွာနက္ရႈိင္းတဲ့ေမတၱာနဲ႔ေလးစားမႈေတြကရွိထားၿပီးသားပါ။ေမတၱာနဲ႔ေလးစားမႈကိုကေန႔အခ်ိန္အထိလည္းထိန္းထားတုန္းပါ။ကြၽန္ေတာ္လည္းဒါကိုရင္ဝယ္ပိုက္ထားပါမယ္။ရီးရဲလ္မက္ဒရစ္ပရိသတ္အစစ္အမွန္ေတြကလည္းသူတို႔ရဲ႕ႏွလုံးထဲမွာကြၽန္ေတာ့္ကိုအစဥ္သျဖင့္ထည့္သြင္းထားၾကဦးမွာပါ။ကြၽန္ေတာ္တို႔ကလည္းသူတို႔ကိုစိတ္ထဲမွာအၿမဲထည့္သြင္းထားပါမယ္။တဖက္စပိန္မီဒီယာေတြကကြၽန္ေတာ့္ကိုကြဲျပားတဲ့လိဂ္ေတြမွကလပ္ေပါင္းမ်ားစြာနဲ႔ေရးသားေနပါတယ္။ဒါေၾကာင့္လည္းကြၽန္ေတာ့္အမည္ကိုသုံးၿပီးလုပ္စားေနၾကလို႔အခုလိုႏႈတ္ဆိတ္ေနမႈကိုရပ္တန႔္လိုက္တာပါ။ကြၽန္ေတာ့္ဘက္ကေတာ့ကြၽန္ေတာ့္ကစားသမားဘဝအေပၚအျပည့္အဝအာ႐ုံစိုက္ေနတယ္။အလုပ္ႀကိဳးစားၿပီးအျပည့္အဝေပးဆပ္ကာစိန္ေခၚမႈအားလုံးအတြက္အသင့္ျဖစ္ေနေအာင္လုပ္ထားပါတယ္။အခုေျပာေနၾကတာေတြအားလုံးကအေျပာခ်ည္းသက္သက္ပါ”လို႔ေျပာၾကားခဲ့ပါတယ္။

မေန႔ညေနပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ဟာေပၚတူဂီစူပါစတားအားေခၚယူရန္စိတ္ဝင္စားျခင္းရွိ/မရွိ မန္ယူရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးထံသို႔ဆက္သြယ္ေမးျမန္းခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။ယင္းေနာက္ပိုင္းတြင္အန္ဆယ္ေလာ့တီကေရာ္နယ္ဒိုကိုျပန္လည္ေခၚယူလိုေနေၾကာင္းသတင္းထြက္လာခဲ့တာပါ။

ေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့ရာယင္းကဲ့သို႔သတင္းမ်ားစြာထြက္ေပၚေနတာလည္းျဖစ္ပါတယ္။