
Guangzhou FC ဟာChangchun Yataiကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တရုတ်စူပါလိဂ်မှတန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။
Guangzhou FCဟာယခင်တုန်းကGuangzhou Evergrandeအမည်ဖြင့်လူသိများခဲ့တဲ့အသင်းဖြစ်ပြီးပြီးခဲ့တဲ့၁၁နှစ်တာကာလအတွင်းတွင်တရုတ်စူပါလိဂ်ဖလား၈ကြိမ်ဆွတ်ခူးကာလွမ်းမိုးလာခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။
၎င်းတို့ဟာ၂၀၁၉ခုနှစ်တုန်းကတရုတ်စူပါလိဂ်ဖလား နောက်ဆုံးအကြိမ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့Guangzhou FC ဟာChangchun Yatai ကိုအရှက်တကွဲရှုံးနိမ့်ကာတရုတ်စူပါလိဂ်မှတန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။
Guangzhou FCဟာတရုတ်စူပါလိဂ်ပွဲ၃၃ပွဲကစားထားရာမှာနိုင်ပွဲ၃ပွဲတည်းသာရယူထားနိုင်ပြီးအဆင့်၁၇နေရာမှာရပ်တည်နေပါတယ်။
Guangzhou FCဟာ၂၀၁၁ခုနှစ်တုန်းကဖလူးမီးနက်စ်မှဘရာဇီးစတားဒါရီယိုကွန်ကာကိုခေါ်ယူပြီးရင်းနှီးမြှပ်နှံမှုကြီးကြီးမားမားပြုလုပ်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ဒါ့အပြင်၎င်းတို့ဟာဥရောပထိပ်သီးကလပ်တိုင်းကအလိုရှိနေတဲ့ ကိုလံဘီယာတိုက်စစ်မှူးဂျက်ဆင်မာတီနက်ဇ်ကို၂၀၁၆ခုနှစ်တုန်းကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးယူရို၄၂သန်းအသုံးပြုခဲ့ကာခေါ်ယူခဲ့ပါတယ်။
ယင်းနောက်ပိုင်းတွင်၎င်းတို့ဟာဘာစီလိုနာမှဘရာဇီးကွင်းလယ်ကစားသမားပေါ်လင်ဟိုကိုယူရို၁၄သန်းဖြင့်လည်းကောင်း၊တီလစ်ကာကိုယူရို၄၂သန်းဖြင့်လည်းကောင်းခေါ်ယူကာပြီးခဲ့တဲ့နှစ်များအတွင်းတရုတ်စူပါလိဂ်ရဲ့အကြီးမားဆုံးအပြောင်းအရွှေ့မျာကးကိုပြုလုပ်ခဲ့ပါတယ်။
နာပိုလီစတားဟောင်းလာဗက်ဇီဟာလည်း၂၀၁၆ခုနှစ်တုန်းကပီအက်စ်ဂျီမှ Langfang Stadiumသို့တစ်ပတ်လုပ်ခပေါင်၇၉၈၀၀၀ဖြင့်ပြောင်းရွှေ့ကာကမ္ဘာ့လုပ်ခအများဆုံးကစားသမားအဖြစ်ပြောင်းခဲ့ပါတယ်။
လာဗက်ဇီဟာတရုတ်စူပါလိဂ်မှာတစ်နှစ်လုပ်ခပေါင်၄၁.၅သန်းအထိရရှိခဲ့တာဖြစ်ပြီး၂၀၁၉ခုနှစ်မှာအနားယူသွားခဲ့ပါတယ်။
ကားလို့စ်တီဗက်ဇ်မှာလည်းShanghai Shenhuaတွင်ကစားစဉ်တုန်းကတစ်ပတ်လုပ်ခပေါင်၆၃၄၆၁၅ရရှိခဲ့သလိုချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းအော်စကာမှာလည်းShanghai SIPGတွင်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိရရှိခဲ့ပါတယ်။
ZawGyi
အေျပာင္းအေ႐ႊ႕အတြက္ အသုံးစရိတ္အေျမာက္အျမားအသုံးျပဳလာခဲ့တဲ့ Guangzhou FC တ႐ုတ္စူပါလိဂ္မွတန္းဆင္းသြားရၿပီ
Guangzhou FC ဟာChangchun Yataiကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တ႐ုတ္စူပါလိဂ္မွတန္းဆင္းသြားခဲ့ရၿပီျဖစ္ပါတယ္။
Guangzhou FCဟာယခင္တုန္းကGuangzhou Evergrandeအမည္ျဖင့္လူသိမ်ားခဲ့တဲ့အသင္းျဖစ္ၿပီးၿပီးခဲ့တဲ့၁၁ႏွစ္တာကာလအတြင္းတြင္တ႐ုတ္စူပါလိဂ္ဖလား၈ႀကိမ္ဆြတ္ခူးကာလြမ္းမိုးလာခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။
၎တို႔ဟာ၂၀၁၉ခုႏွစ္တုန္းကတ႐ုတ္စူပါလိဂ္ဖလား ေနာက္ဆုံးအႀကိမ္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့Guangzhou FC ဟာChangchun Yatai ကိုအရွက္တကြဲရႈံးနိမ့္ကာတ႐ုတ္စူပါလိဂ္မွတန္းဆင္းသြားခဲ့ရၿပီျဖစ္ပါတယ္။
Guangzhou FCဟာတ႐ုတ္စူပါလိဂ္ပြဲ၃၃ပြဲကစားထားရာမွာႏိုင္ပြဲ၃ပြဲတည္းသာရယူထားႏိုင္ၿပီးအဆင့္၁၇ေနရာမွာရပ္တည္ေနပါတယ္။
Guangzhou FCဟာ၂၀၁၁ခုႏွစ္တုန္းကဖလူးမီးနက္စ္မွဘရာဇီးစတားဒါရီယိုကြန္ကာကိုေခၚယူၿပီးရင္းႏွီးျမႇပ္ႏွံမႈႀကီးႀကီးမားမားျပဳလုပ္ခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။ဒါ့အျပင္၎တို႔ဟာဥေရာပထိပ္သီးကလပ္တိုင္းကအလိုရွိေနတဲ့ ကိုလံဘီယာတိုက္စစ္မႉးဂ်က္ဆင္မာတီနက္ဇ္ကို၂၀၁၆ခုႏွစ္တုန္းကကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၄၂သန္းအသုံးျပဳခဲ့ကာေခၚယူခဲ့ပါတယ္။
ယင္းေနာက္ပိုင္းတြင္၎တို႔ဟာဘာစီလိုနာမွဘရာဇီးကြင္းလယ္ကစားသမားေပၚလင္ဟိုကိုယူ႐ို၁၄သန္းျဖင့္လည္းေကာင္း၊တီလစ္ကာကိုယူ႐ို၄၂သန္းျဖင့္လည္းေကာင္းေခၚယူကာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတ႐ုတ္စူပါလိဂ္ရဲ႕အႀကီးမားဆုံးအေျပာင္းအေ႐ႊ႕မ်ာကးကိုျပဳလုပ္ခဲ့ပါတယ္။
နာပိုလီစတားေဟာင္းလာဗက္ဇီဟာလည္း၂၀၁၆ခုႏွစ္တုန္းကပီအက္စ္ဂ်ီမွ Langfang Stadiumသို႔တစ္ပတ္လုပ္ခေပါင္၇၉၈၀၀၀ျဖင့္ေျပာင္းေ႐ႊ႕ကာကမာၻ႔လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ေျပာင္းခဲ့ပါတယ္။
လာဗက္ဇီဟာတ႐ုတ္စူပါလိဂ္မွာတစ္ႏွစ္လုပ္ခေပါင္၄၁.၅သန္းအထိရရွိခဲ့တာျဖစ္ၿပီး၂၀၁၉ခုႏွစ္မွာအနားယူသြားခဲ့ပါတယ္။
ကားလို႔စ္တီဗက္ဇ္မွာလည္းShanghai Shenhuaတြင္ကစားစဥ္တုန္းကတစ္ပတ္လုပ္ခေပါင္၆၃၄၆၁၅ရရွိခဲ့သလိုခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္းေအာ္စကာမွာလည္းShanghai SIPGတြင္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိရရွိခဲ့ပါတယ္။