အပြောင်းအရွှေ့အဓိကပစ်မှတ်ကို ခေါ်ယူနိုင်ရေး ကာဗာနီကို အသုံးချဖို့ ကြုံနေတဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာသူတို့ရဲ့အပြောင်းအရွှေ့အဓိကပစ်မှတ် ကစားသမားတစ်ဦးကိုခေါ်ယူနိုင်ရေးအတွက်အက်ဒီဆင်ကာဗာနီအားအသုံးချရန်စီစဉ်နေကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိဥရုဂွေးတိုက်စစ်မှူးဟာယခုရာသီတွင်မန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၂ပွဲတည်းသာပွဲထွက်ခွင့်ရထားပေမယ့်နောက်ပိုင်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူမန်ယူတိုက်စစ်အတွက်အလွန်အရေးပါလာသူလည်းဖြစ်ပါတယ်။

သူ့ကိုဆီဗီလာကဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာခေါ်ယူလိုနေပါတယ်။ဆီဗီလာဟာဒဏ်ရာရရှိနေတဲ့တိုက်စစ်မှူးယူဆွတ်ဖ်အန်နီဆိုင်နီနေရာတွင်အစားထိုးလိုနေပါတယ်။

မန်ယူဟာတိုက်စစ်အတွက်ရွေးချယ်စရာများစွာရှိနေမှုနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့တွင်သူတို့ခေါ်ယူလိုနေတဲ့ဆီဗီလာကစားသမားတစ်ဦးကိုခေါ်ယူနိုင်မယ့်အခွင့်အရေးရလာပါကကာဗာနီကိုဆီဗီလာသို့လက်လွှတ်ရန်အသင့်ရှိနေပါတယ်။

မန်ယူဟာဆီဗီလာရဲ့ပြင်သစ်လက်ရွေးစင်နောက်ခံလူဂျူလက်စ်ခွန်ဒီအပြောင်းအရွှေ့အတွက်ဆွေးနွေးရန်တံခါးဖွင့်ပေးလာပါကကာဗာနီကိုလက်လွှတ်သွားမှာလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိပြင်သစ်လက်ရွေးစင်နောက်ခံလူဟာမန်ယူတင်မကချဲလ်ဆီး၊ရီးရဲလ်မက်ဒရစ်တို့ရဲ့ပစ်မှတ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာဟယ်ရီမက်ဂွိုင်းယားခြေစွမ်းမတည်ငြိမ်မှု၊ဗာရိန်းမှာဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရမှု၊ဘိုင်လီနှင့်လင်ဒီလော့ဖ်တို့အပေါ်အယုံအကြည်နည်းပါးမှုနဲ့အတူခံစစ်ကိုအားဖြည့်လိုနေပါတယ်။

ဆီဗီလာဟာတိုက်စစ်အတွက်ကာဗာနီအပြင်အာဆင်နယ်ရဲ့လာကာဇက်တီနှင့်ရီးရဲလ်မက်ဒရစ်ရဲ့မာရီယာနိုဒိုင်ယက်ဇ်ကိုလည်းပစ်မှတ်ထားနေပါသေးတယ်။

ZawGyi








