အပြောင်းအရွှေ့အပြီးသတ်ရန် ဘာစီလိုနာသို့ ရောက်နေပြီဖြစ်တဲ့ ရာဖင်ညာ

ဘာစီလိုနာကရာဖင်ညာကိုလိဒ်ယူနိုက်တက်မှခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။စပိန်ထိပ်သီးကလပ်ဟာဘရာဇီးတောင်ပံကစားသမားကိုပေါင်၅၇သန်းဖြင့်ခေါ်ယူရန်လိဒ်ယူနိုက်တက်နှင့်သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

ယခုအခါရာဖင်ညာဟာဘာစီလိုနာသို့ပြောင်းရွှေ့ရေးအပြီးသတ်ရန် ဘာစီလိုနာသို့ရောက်ရှိနေပြီဖြစ်ပြီးဆေးစစ်မှုခံယူကာကစားသမားသစ်အဖြစ်မိတ်ဆက်သွားပါမယ်။

ရာဖင်ညာကိုအာဆင်နယ်နှင့်ချဲလ်ဆီးတို့ကခေါ်ယူရန်ကြိုးပမ်းခဲ့ကြပေမဲ့လည်းကာယကံရှင်ကဘာစီလိုနာသို့ပြောင်းရွှေ့ရန်သာရွေးချယ်ခဲ့ပါတယ်။

အသက်၂၅နှစ်ရှိရာဖင်ညာဟာဘာစီလိုနာနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးမကြာမီအပြီးသတ်သွားပါမယ်။

ရာဖင်ညာဟာချဲလ်ဆီးထံမှပေါင်၅၅သန်းဖြင့်ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့ပယ်ချခဲ့ပါတယ်။ယင်းအချိန်တွင်ဘာစီလိုနာကကြားဝင်လာပြီးပေါင်၅၇သန်းဖြင့်ကြားဖြတ်ဝင်လုလာခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြောင့်ရာဖင်ညာကိုကစားသမားသစ်အဖြစ်မှတ်ပုံတင်ရန်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။၎င်းတို့ဟာအစောပိုင်းတုန်းကခေါ်ယူထားတဲ့ခရစ်တင်ဆင်နှင့်ဖရန့်ကက်ဆီတို့ကိုလည်းကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။

ZawGyi

အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္ ဘာစီလိုနာသို႔ ေရာက္ေနၿပီျဖစ္တဲ့ ရာဖင္ညာ

ဘာစီလိုနာကရာဖင္ညာကိုလိဒ္ယူႏိုက္တက္မွေခၚယူလိုက္ၿပီျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။စပိန္ထိပ္သီးကလပ္ဟာဘရာဇီးေတာင္ပံကစားသမားကိုေပါင္၅၇သန္းျဖင့္ေခၚယူရန္လိဒ္ယူႏိုက္တက္ႏွင့္သေဘာတူညီမႈရရွိထားၿပီျဖစ္ပါတယ္။

ယခုအခါရာဖင္ညာဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ေရးအၿပီးသတ္ရန္ ဘာစီလိုနာသို႔ေရာက္ရွိေနၿပီျဖစ္ၿပီးေဆးစစ္မႈခံယူကာကစားသမားသစ္အျဖစ္မိတ္ဆက္သြားပါမယ္။

ရာဖင္ညာကိုအာဆင္နယ္ႏွင့္ခ်ဲလ္ဆီးတို႔ကေခၚယူရန္ႀကိဳးပမ္းခဲ့ၾကေပမဲ့လည္းကာယကံရွင္ကဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ရန္သာေ႐ြးခ်ယ္ခဲ့ပါတယ္။

အသက္၂၅ႏွစ္ရွိရာဖင္ညာဟာဘာစီလိုနာႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီးမၾကာမီအၿပီးသတ္သြားပါမယ္။

ရာဖင္ညာဟာခ်ဲလ္ဆီးထံမွေပါင္၅၅သန္းျဖင့္ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့ပယ္ခ်ခဲ့ပါတယ္။ယင္းအခ်ိန္တြင္ဘာစီလိုနာကၾကားဝင္လာၿပီးေပါင္၅၇သန္းျဖင့္ၾကားျဖတ္ဝင္လုလာခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာေၾကာင့္ရာဖင္ညာကိုကစားသမားသစ္အျဖစ္မွတ္ပုံတင္ရန္ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။၎တို႔ဟာအေစာပိုင္းတုန္းကေခၚယူထားတဲ့ခရစ္တင္ဆင္ႏွင့္ဖရန႔္ကက္ဆီတို႔ကိုလည္းကစားသမားမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးပါဘူး။