
အန်တိုနီယိုကွန်တီဟာစပါးစ်ရဲ့ကံကြမ္မာအပြောင်းအလဲဖြစ်လာစေရန်အတွက်အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၁၅၀ရရှိလာတော့မှာဖြစ်ပါတယ်။
အသက်၅၂နှစ်ရှိအီတလီလူမျိုးနည်းပြဟာမကြာသေးမီတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့နူနိုရဲ့နေရာတွင်ဆက်ခံရန်အတွက် တစ်နှစ်လုပ်ခပေါင်၁၅သန်းတန် ၁၈လစာချုပ်ချုပ်ဆိုရန်ဆွေးနွေးမှုတိုးတက်မှုရရှိနေပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းဟာနွေရာသီတုန်းကလည်းစပါးစ်ကိုကိုင်တွယ်ရန်ဆွေးနွေးခဲ့သော်လည်းတစ်နှစ်လုပ်ခပေါင်၁၅သန်းနှင့်အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း၁၀၀ပေးရန်ပေးရန်ငြင်းဆိုမှုကြောင့်ပျက်ပြယ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်စပါးစ်ဥက္ကဌလီဗိုင်းဟာအသင်းပိုင်ရှင်ဘီလျှံနာဂျိုးလီဝစ်ရဲ့ထောက်ခံချက်ရရှိမှုနဲ့အတူကွန်တီကိုတစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀အပြင်အပြောင်းအရွှေ့အသုံးစရိတ်များစွာပေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
စပါးစ်ဥက္ကဌလီဗိုင်းဟာနူနိုကိုထုတ်ပယ်လိုက်ပြီးနောက်ထိပ်တန်းနည်းပြခန့်အပ်ပြီးအသင်းရဲ့အခြေအနေအားလုံးဝပြောင်းလဲပစ်ရန်ဆန္ဒပြင်းပြနေပါတယ်။
နူနိုဟာစပါးစ်အသင်းကို၁၂၄ရက်တည်းသာကိုင်တွယ်ခွင့်ရရှိခဲ့ပြီးပရီးမီးယားလိဂ်တွင်သက်တမ်းအတိုဆုံးထုတ်ပယ်ခြင်းခံရတဲ့စပါးစ်နည်းပြအဖြစ်မှတ်တမ်းဝင်သွားပါတယ်။
ZawGyi
အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း ၁၅၀ ပေးရန် လိုက်လျောမှုနဲ့အတူ ကွန်တီကို ခန့်အပ်နိုင်တော့မယ့် စပါးစ်