အပြောင်းအရွှေ့အသုံးစရိတ်တောင်းဆိုမှုကို လက်ခံလျှင် စပါးစ်နည်းပြရာထူးကို ချက်ချင်း ရယူမယ့် ကွန်တီ

အန်တိုနီယိုကွန်တီဟာစပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဘက်ကသာသူ့တောင်းဆိုတဲ့အပြောင်းအရွှေ့အသုံးစရိတ်ကိုချပေးရန်သဘောတူပါကလန်ဒန်သို့ချက်ချင်းလာရောက်ကာစပါးစ်နည်းပြရာထူးကိုရယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။

စပါးစ်ဟာလန်ဒန်ကွင်းမှာမန်ယူကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အသက်၄၇နှစ်ရှိနည်းပြနူနိုအက်စ်ပီရီတိုဆန်တိုကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။စပါးစ်ဟာနောက်ဆုံး၇ပွဲတွင်၅ပွဲရှုံးနိမ့်ထားကာအမှတ်ပေးဇယားအဆင့်၈နေရာမှာရပ်တည်နေပါတယ်။

စပါးစ်ပရိသတ်များဟာစနေနေ့တုန်းကမန်ယူကိုရှုံးနိမ့်တဲ့ပွဲတွင်နည်းပြနူနိုနှင့်စပါးစ်ကစားသမားများကိုလှောင်ပြောင်အော်ဟစ်မှုများပြုလုပ်ခဲ့ပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာအသင်းရဲ့ခြေစွမ်းအပေါ်အကြီးအကျယ်ဒေါသထွက်ကာဘုတ်အဖွဲ့အစည်းချက်ချင်းဆင့်ခေါ်ပြီးအသင်းကိုလေးလမျှသာကိုင်တွယ်ရသေးတဲ့ဆန်တိုကိုထုတ်ပယ်ခဲ့ပါတယ်။

အသက်၅၂နှစ်ရှိချဲလ်ဆီးနည်းပြဟောင်းကွန်တီဟာအင်တာမီလန်ကိုစကူဒက်တိုဖလားရရှိအောင်ဦးဆောင်ပေးပြီးနောက်မေလတုန်းကနုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

စပါးစ်တွင်ဘောလုံးဒါရိုက်တာအဖြစ်အလုပ်လုပ်နေတဲ့ဖေဘီယိုပါရာတီခီဟာဂျူဗင်တပ်တွင်အလုပ်တွဲခဲ့ဖူးတဲ့ကွန်တီကိုခန့်အပ်ရန်ဆွေးနွေးခဲ့ပြီးအောင်မြင်လုနီးပါးအနေအထားသို့အထိရောက်ခဲ့ပါတယ်။

ဒါပေမယ့်ကွန်တီဘက်ကတစ်နှစ်လုပ်ခပေါင်၁၅သန်းတောင်းဆိုမှု၊ကစားသမားခေါ်ယူရေးအသုံးစရိတ်ပေါင်သန်း၁၀၀တောင်းဆိုမှုတို့ကြောင့်ပျက်ပြယ်သွားခဲ့ပါတယ်။

ကွန်တီဟာယခုတစ်ကြိမ်တွင်လည်းစပါးစ်ဥက္ကဌလီဗိုင်းဘက်ကသာသူ့တောင်းဆိုချက်များကိုလက်ခံပါကလန်ဒန်သို့ချက်ချင်းလာရောက်ကာစပါးစ်နည်းပြရာထူးကိုလက်ခံသွားမယ်လို့သိရပါတယ်။

ZawGyi

အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေတာင္းဆိုမႈကို လက္ခံလွ်င္ စပါးစ္နည္းျပရာထူးကို ခ်က္ခ်င္း ရယူမယ့္ ကြန္တီ

အန္တိုနီယိုကြန္တီဟာစပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းဘက္ကသာသူ႔ေတာင္းဆိုတဲ့အေျပာင္းအေ႐ႊ႕အသုံးစရိတ္ကိုခ်ေပးရန္သေဘာတူပါကလန္ဒန္သို႔ခ်က္ခ်င္းလာေရာက္ကာစပါးစ္နည္းျပရာထူးကိုရယူသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

စပါးစ္ဟာလန္ဒန္ကြင္းမွာမန္ယူကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အသက္၄၇ႏွစ္ရွိနည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။စပါးစ္ဟာေနာက္ဆုံး၇ပြဲတြင္၅ပြဲရႈံးနိမ့္ထားကာအမွတ္ေပးဇယားအဆင့္၈ေနရာမွာရပ္တည္ေနပါတယ္။

စပါးစ္ပရိသတ္မ်ားဟာစေနေန႔တုန္းကမန္ယူကိုရႈံးနိမ့္တဲ့ပြဲတြင္နည္းျပႏူႏိုႏွင့္စပါးစ္ကစားသမားမ်ားကိုေလွာင္ေျပာင္ေအာ္ဟစ္မႈမ်ားျပဳလုပ္ခဲ့ပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းဟာအသင္းရဲ႕ေျခစြမ္းအေပၚအႀကီးအက်ယ္ေဒါသထြက္ကာဘုတ္အဖြဲ႕အစည္းခ်က္ခ်င္းဆင့္ေခၚၿပီးအသင္းကိုေလးလမွ်သာကိုင္တြယ္ရေသးတဲ့ဆန္တိုကိုထုတ္ပယ္ခဲ့ပါတယ္။

အသက္၅၂ႏွစ္ရွိခ်ဲလ္ဆီးနည္းျပေဟာင္းကြန္တီဟာအင္တာမီလန္ကိုစကူဒက္တိုဖလားရရွိေအာင္ဦးေဆာင္ေပးၿပီးေနာက္ေမလတုန္းကႏုတ္ထြက္ခဲ့သူျဖစ္ပါတယ္။

စပါးစ္တြင္ေဘာလုံးဒါ႐ိုက္တာအျဖစ္အလုပ္လုပ္ေနတဲ့ေဖဘီယိုပါရာတီခီဟာဂ်ဴဗင္တပ္တြင္အလုပ္တြဲခဲ့ဖူးတဲ့ကြန္တီကိုခန႔္အပ္ရန္ေဆြးေႏြးခဲ့ၿပီးေအာင္ျမင္လုနီးပါးအေနအထားသို႔အထိေရာက္ခဲ့ပါတယ္။

ဒါေပမယ့္ကြန္တီဘက္ကတစ္ႏွစ္လုပ္ခေပါင္၁၅သန္းေတာင္းဆိုမႈ၊ကစားသမားေခၚယူေရးအသုံးစရိတ္ေပါင္သန္း၁၀၀ေတာင္းဆိုမႈတို႔ေၾကာင့္ပ်က္ျပယ္သြားခဲ့ပါတယ္။

ကြန္တီဟာယခုတစ္ႀကိမ္တြင္လည္းစပါးစ္ဥကၠဌလီဗိုင္းဘက္ကသာသူ႔ေတာင္းဆိုခ်က္မ်ားကိုလက္ခံပါကလန္ဒန္သို႔ခ်က္ခ်င္းလာေရာက္ကာစပါးစ္နည္းျပရာထူးကိုလက္ခံသြားမယ္လို႔သိရပါတယ္။