အဖွင့်ပွဲတွင် ၅ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုက်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ လီဗာပူးစတားဆာလက်

လီဗာပူးစတားမိုဟာမက်ဆာလက်ဟာနော့ဝှစ်ချ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့မှုနဲ့အတူပရီးမီးယားလိဂ်သမိုင်းတွင်သမိုင်းမှတ်တိုင်သစ်စိုက်ထူလိုက်နိုင်ပါတယ်။

အသက်၂၉နှစ်ရှိအီဂျစ်စတားဟာနော့ဝှစ်ချ်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ငါးနှစ်ဆက်တိုက်ဂိုးသွင်းယူနိုင်သူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးလိုက်တာလည်းဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာလီဗာပူးသို့ပြောင်းလာပြီးနောက်ဝက်ဖို့ဒ်နှင့်အဝေးကွင်းပွဲစဉ်တွင်လီဗာပူးအတွက်ပထမဆုံးပွဲကိုကစားကာဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ယခုနှစ်အထိငါးနှစ်ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာလီဗာပူးအတွက်ပရီးမီးယားလိဂ်အဖွင့်ပွဲငါးပွဲဆက်တိုက်ကစားရာမှာငါးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီးစုစုပေါင်း၇ဂိုးအထိသွင်းထားနိုင်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်လိဒ်နှင့်အဖွင့်ပွဲတွင်ဟက်ထရစ်သွင်းနိုင်မှုနဲ့အတူ၇ဂိုးအထိသွင်းထားနိုင်တာလည်းဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာနော့ဝှစ်ချ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာကိုယ်တိုင်ဂိုးသွင်းခဲ့တဲ့အပြင်ဂျိုတာနှင့်ဖာမီနိုတို့ဂိုးသွင်းနိုင်အောင်လည်းနှစ်ကြိမ်ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ZawGyi

အဖြင့္ပြဲတြင္ ၅ ႏွစ္ဆက္တိုက္ ဂိုးသြင္းယူႏိုက္တဲ့ ပထမဆုံးကစားသမားျဖစ္လာတဲ့ လီဗာပူးစတားဆာလက္

လီဗာပူးစတားမိုဟာမက္ဆာလက္ဟာေနာ့ဝွစ္ခ်္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့မႈနဲ႔အတူပရီးမီးယားလိဂ္သမိုင္းတြင္သမိုင္းမွတ္တိုင္သစ္စိုက္ထူလိုက္ႏိုင္ပါတယ္။

အသက္၂၉ႏွစ္ရွိအီဂ်စ္စတားဟာေနာ့ဝွစ္ခ်္ႏွင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ငါးႏွစ္ဆက္တိုက္ဂိုးသြင္းယူႏိုင္သူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးလိုက္တာလည္းျဖစ္ပါတယ္။

မိုဟာမက္ဆာလက္ဟာလီဗာပူးသို႔ေျပာင္းလာၿပီးေနာက္ဝက္ဖို႔ဒ္ႏွင့္အေဝးကြင္းပြဲစဥ္တြင္လီဗာပူးအတြက္ပထမဆုံးပြဲကိုကစားကာဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ယခုႏွစ္အထိငါးႏွစ္ဆက္တိုက္ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာလီဗာပူးအတြက္ပရီးမီးယားလိဂ္အဖြင့္ပြဲငါးပြဲဆက္တိုက္ကစားရာမွာငါးပြဲဆက္တိုက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးစုစုေပါင္း၇ဂိုးအထိသြင္းထားႏိုင္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္လိဒ္ႏွင့္အဖြင့္ပြဲတြင္ဟက္ထရစ္သြင္းႏိုင္မႈနဲ႔အတူ၇ဂိုးအထိသြင္းထားႏိုင္တာလည္းျဖစ္ပါတယ္။

မိုဟာမက္ဆာလက္ဟာေနာ့ဝွစ္ခ်္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာကိုယ္တိုင္ဂိုးသြင္းခဲ့တဲ့အျပင္ဂ်ိဳတာႏွင့္ဖာမီႏိုတို႔ဂိုးသြင္းႏိုင္ေအာင္လည္းႏွစ္ႀကိမ္ဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။