အမည်မှားကြော်ငြာမိလို့ မန်ယူစတားတန်နာကို Adidas တောင်းပန်ခဲ့ရ

Adidas ဟာ မန်ယူစတားမီလ်လီတန်နာကိုဝတ်စုံကြော်ငြာမှာစိတ်ပျက်ဖွယ်အမည်မှားဖော်ပြမိတဲ့အတွက်တောင်းပန်ခဲ့ရပါတယ်။

Adidas ဟာမန်ယူအမျိုးသမီးအသင်းရဲ့ဗဟိုနောက်ခံလူကိုအေမီတန်နာဆိုပြီးမှားယွင်းခဲ့တာလည်းဖြစ်ပါတယ်။

အဲဗာတန်နှင့်ဘရက်စတိုးကစားသမားဟောင်းဟာ Adidas နှင့်စပွန်ဆာစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးသူမရဲ့အမည်ကို မှားယွင်းမှုအပေါ်အကြီးအကျယ်စိတ်ပျက်နေပါတယ်။

Adidas ရဲ့ရာသီသစ်ဝတ်စုံကြော်ငြာကိုတွစ်တာတွင် Share လုပ်သူ၂ သောင်းနီးပါးရှိနေတာဖြစ်ပါတယ်။

တန်နာဟာမန်ယူတွင်လူငယ်ကစားသမားတစ်ဦးအဖြစ်စတင်ခဲ့သူဖြစ်ပြီးအဲဗာတန်နှင့်ဘရက်စတိုးတို့တွင်သွားရောက်ကစားပြီးနောက်၂၀၁၈ခုနှစ်ကတည်းကမန်ယူတွင်ကစားလာခဲ့သူဖြစ်ပါတယ်။

Adidas ဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်မန်ယူမှထွက်ခွာသွားတဲ့အေမီတန်နာနှင့်လူမှားဖော်ပြတာလို့ယူဆရပါတယ်။အေမီတန်နာဟာဇွန်လတုန်းကအိုလန်ဒိုပရိုက်သို့ ၂နှစ်စာချုပ်ဖြင့်ပြောင်းသွားခဲ့ပါတယ်။

ZawGyi

အမည္မွားေၾကာ္ျငာမိလို႔ မန္ယူစတားတန္နာကို Adidas ေတာင္းပန္ခဲ့ရ

Adidas ဟာ မန္ယူစတားမီလ္လီတန္နာကိုဝတ္စုံေၾကာ္ျငာမွာစိတ္ပ်က္ဖြယ္အမည္မွားေဖာ္ျပမိတဲ့အတြက္ေတာင္းပန္ခဲ့ရပါတယ္။

Adidas ဟာမန္ယူအမ်ိဳးသမီးအသင္းရဲ႕ဗဟိုေနာက္ခံလူကိုေအမီတန္နာဆိုၿပီးမွားယြင္းခဲ့တာလည္းျဖစ္ပါတယ္။

အဲဗာတန္ႏွင့္ဘရက္စတိုးကစားသမားေဟာင္းဟာ Adidas ႏွင့္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီးသူမရဲ႕အမည္ကို မွားယြင္းမႈအေပၚအႀကီးအက်ယ္စိတ္ပ်က္ေနပါတယ္။

Adidas ရဲ႕ရာသီသစ္ဝတ္စုံေၾကာ္ျငာကိုတြစ္တာတြင္ Share လုပ္သူ၂ ေသာင္းနီးပါးရွိေနတာျဖစ္ပါတယ္။

တန္နာဟာမန္ယူတြင္လူငယ္ကစားသမားတစ္ဦးအျဖစ္စတင္ခဲ့သူျဖစ္ၿပီးအဲဗာတန္ႏွင့္ဘရက္စတိုးတို႔တြင္သြားေရာက္ကစားၿပီးေနာက္၂၀၁၈ခုႏွစ္ကတည္းကမန္ယူတြင္ကစားလာခဲ့သူျဖစ္ပါတယ္။

Adidas ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္မန္ယူမွထြက္ခြာသြားတဲ့ေအမီတန္နာႏွင့္လူမွားေဖာ္ျပတာလို႔ယူဆရပါတယ္။ေအမီတန္နာဟာဇြန္လတုန္းကအိုလန္ဒိုပ႐ိုက္သို႔ ၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းသြားခဲ့ပါတယ္။