အမိုက်စား Own Goal တစ်ဂိုး သွင်းပြခဲ့တဲ့ ဆီဗီလာနောက်ခံလူဒီယေဂိုကားလို့စ်

ဒီယေဂိုကားလို့စ်ဟာကိုက်၂၀အကွာကနေကိုယ့်ဂိုးသမားကိုကျော်ပြီးအဆိုးရွားဆုံး(သို့မဟုတ်) အကောင်းဆုံးOwn Goal တစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဆီဗီလာနောက်ခံလူဟာဥရောပရဲ့အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဥရောပထိပ်သီးကလပ်များရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရသူ လည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာဆုံးဖြတ်ချက်ချရမှာပြဿနာတစ်ချို့ရှိနေပါတယ်။

စနေနေ့တုန်းကဆိုစီဒက်နှင့်ပွဲမှာတော့သူ့မှာဆုံးဖြတ်ချက်ချရမှာအားနည်းချက်ရှိကြောင်းသက်သေပြလာပါတယ်။သူဟာကိုက်၂၀အကွာကနေဘောလုံးဖျက်ထုတ်ရာမှာဂိုးပေါက်ထဲသို့ တန်းတန်းမတ်မတ်လှပစွာ ဝင်သွားခဲ့ပါတယ်။

ဆီဗီလာဟာအန်နက်စ်ရီရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ပြီးမိနစ်ပိုင်းအတွင်းမှာဘဲကားလို့စ်ရဲ့Own Goal မှတဆင့် ချေပဂိုးပေးခဲ့ရတလည်းဖြစ်ပါတယ်။ချက်ချင်းဆိုသလိုဘဲအန်နက်စ်ရီကဘဲဆီဗီလာအတွက်ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ဆိုစီဒက်ဟာပွဲချိန်၁၄မိနစ်မှာဆွီဒင်တိုက်စစ်မှူးအဆစ်ရဲ့ဂိုးနဲ့ပြန်လည်ချေပဂိုးရခဲ့ပြန်ပါတယ်။ဒါပေမယ့်လည်းအန်နက်စ်ရီကသူ့ရဲ့ဟက်ထရစ်ဂိုးနဲ့ဆိုစီဒက်ကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး၃-၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အန်နက်စ်ရီအတွက်ဒီပွဲမှာဟက်ထရစ်ဂိုးသွင်းနိုင်ခဲ့တဲ့အပြင်ကစားဖော်ကလှပတဲ့ Own Goal သွင်းနိုင်ခဲ့လို့ဘဲ မမေ့နိုင်စရာရက်တစ်ရက်ဖြစ်လာပါလိမ့်မယ်။

ZawGyi

အမိုက္စား Own Goal တစ္ဂိုး သြင္းျပခဲ့တဲ့ ဆီဗီလာေနာက္ခံလူဒီေယဂိုကားလို႔စ္

ဒီေယဂိုကားလို႔စ္ဟာကိုက္၂၀အကြာကေနကိုယ့္ဂိုးသမားကိုေက်ာ္ၿပီးအဆိုး႐ြားဆုံး(သို႔မဟုတ္) အေကာင္းဆုံးOwn Goal တစ္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဆီဗီလာေနာက္ခံလူဟာဥေရာပရဲ႕အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရၿပီး ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဥေရာပထိပ္သီးကလပ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရသူ လည္းျဖစ္ပါတယ္။ဒါေပမယ့္သူဟာဆုံးျဖတ္ခ်က္ခ်ရမွာျပႆနာတစ္ခ်ိဳ႕ရွိေနပါတယ္။

စေနေန႔တုန္းကဆိုစီဒက္ႏွင့္ပြဲမွာေတာ့သူ႔မွာဆုံးျဖတ္ခ်က္ခ်ရမွာအားနည္းခ်က္ရွိေၾကာင္းသက္ေသျပလာပါတယ္။သူဟာကိုက္၂၀အကြာကေနေဘာလုံးဖ်က္ထုတ္ရာမွာဂိုးေပါက္ထဲသို႔ တန္းတန္းမတ္မတ္လွပစြာ ဝင္သြားခဲ့ပါတယ္။

ဆီဗီလာဟာအန္နက္စ္ရီရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ၿပီးမိနစ္ပိုင္းအတြင္းမွာဘဲကားလို႔စ္ရဲ႕Own Goal မွတဆင့္ ေခ်ပဂိုးေပးခဲ့ရတလည္းျဖစ္ပါတယ္။ခ်က္ခ်င္းဆိုသလိုဘဲအန္နက္စ္ရီကဘဲဆီဗီလာအတြက္ဒုတိယဂိုးကို သြင္းယူခဲ့ပါတယ္။ဆိုစီဒက္ဟာပြဲခ်ိန္၁၄မိနစ္မွာဆြီဒင္တိုက္စစ္မႉးအဆစ္ရဲ႕ဂိုးနဲ႔ျပန္လည္ေခ်ပဂိုးရခဲ့ျပန္ပါတယ္။ဒါေပမယ့္လည္းအန္နက္စ္ရီကသူ႔ရဲ႕ဟက္ထရစ္ဂိုးနဲ႔ဆိုစီဒက္ကိုျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး၃-၂ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အန္နက္စ္ရီအတြက္ဒီပြဲမွာဟက္ထရစ္ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ကစားေဖာ္ကလွပတဲ့ Own Goal သြင္းႏိုင္ခဲ့လို႔ဘဲ မေမ့ႏိုင္စရာရက္တစ္ရက္ျဖစ္လာပါလိမ့္မယ္။