အမိုးဖွင့်ကားဖြင့် မြို့ပတ်အောင်ပွဲခံရန် အီတလီအသင်း ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်

အီတလီဟာယူရို၂၀၂၀ချန်ပီယံအောင်ပွဲခံမှုအဖြစ်ရောမမြို့ကိုအမိုးဖွင့်ကားဖြင့်ပတ်ကာလှည့်လည်အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမယ့် Perfect of Rome ရဲ့အကြီးအကဲမက်တီယိုပီယန်တိဒိုဆီက အီတလီအသင်းအား အမိုးဖွင့်ကားဖြင့်မြို့ပတ်အောင်ပွဲခံရန်ခွင့်ပြုချက်မပေးခဲ့ကြောင်းဆိုသွားပါတယ်။

အီတလီဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကဝင်ဘာလေကွင်းမှာအင်္ဂလန်အသင်းကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိကာသမိုင်းတွင်ဒုတိယမြောက်ယူရိုချန်ပီယံဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကနည်းပြရောဘတ်တိုမန်စီနီနှင့်အီတလီအသင်းတို့ဟာဆုဖလားချီမြှောက်အမိုးဖွင့်ကားဖြင့်ရောမရှိလမ်းမများကိုလှည့်လည်အောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ဒါပေမယ့်ယခုအခါမှာအမှန်တကယ်တွင်အီတလီအသင်းမှာကိုဗစ်ကန့်သတ်စည်းမျဉ်းများကြောင့်အမိုးဖွင့်ကားဖြင့်လှည့်လည်အောင်ပွဲခံခြင်းမပြုရန်ငြင်းပယ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ပီယန်တီဒိုဆီက “အမိုးဖွင့်ဘတ်စ်ကားနဲ့ယူရိုအောင်ပွဲအတွက်လှည့်လည်အောင်ပွဲခံဖို့ငြင်းပယ်ခံခဲ့ရပါတယ်။သောကြာနေ့မှာတော့အမိန့်နှင့်လုံခြုံရေးကော်မရှင်အစည်းအဝေးကျင်းပခဲ့တယ်။ပြည်ထဲရေးဝန်ကြီးလူစီယာနာလာမိုဂက်စ်၊ရဲချုပ်လမ်ဘာတိုဂျီယန်နီနီတို့နဲ့သဘောတူညီမှုရခဲ့တယ်။ဘာတွေလုပ်ရမယ်။ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးယင်းတွေ့ဆုံမှုမှာဆုံးဖြတ်ခဲ့တယ်။ဒါပေမယ့်လည်းမဖြစ်နိုင်ဘူးလို့အပြောခံခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်းအီတလီအသင်းဟာအမိုးဖွင့်ဘတ်စ်ကားဖြင့်ရောမရှိလမ်းမပေါ်တွင်ယူရိုချန်ပီယံအောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးထောင်ပေါင်းများစွာသောပရိသတ်များကိုလည်းစောင့်ကြိုဂုဏ်ပြုခဲ့ကြပါတယ်။တစ်ဖက်တွင်ပရိသတ်များကိုလည်းကိုဗစ်စည်းမျဉ်းမချိုးဖောက်အောင်လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။

ဒါ့အပြင်အီတလီအသင်းများဟာအီတလီဝန်ကြီးချုပ်ဆာဂျီယိုမက်တာရယ်လာနှင့်လည်းတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

အမိုးဖြင့္ကားျဖင့္ ၿမိဳ႕ပတ္ေအာင္ပြဲခံရန္ အီတလီအသင္း ခြင့္ျပဳခ်က္မရဘဲ ျပဳလုပ္ခဲ့ျခင္းျဖစ္

အီတလီဟာယူ႐ို၂၀၂၀ခ်န္ပီယံေအာင္ပြဲခံမႈအျဖစ္ေရာမၿမိဳ႕ကိုအမိုးဖြင့္ကားျဖင့္ပတ္ကာလွည့္လည္ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမယ့္ Perfect of Rome ရဲ႕အႀကီးအကဲမက္တီယိုပီယန္တိဒိုဆီက အီတလီအသင္းအား အမိုးဖြင့္ကားျဖင့္ၿမိဳ႕ပတ္ေအာင္ပြဲခံရန္ခြင့္ျပဳခ်က္မေပးခဲ့ေၾကာင္းဆိုသြားပါတယ္။

အီတလီဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကဝင္ဘာေလကြင္းမွာအဂၤလန္အသင္းကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိကာသမိုင္းတြင္ဒုတိယေျမာက္ယူ႐ိုခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔တုန္းကနည္းျပေရာဘတ္တိုမန္စီနီႏွင့္အီတလီအသင္းတို႔ဟာဆုဖလားခ်ီေျမႇာက္အမိုးဖြင့္ကားျဖင့္ေရာမရွိလမ္းမမ်ားကိုလွည့္လည္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကပါတယ္။ဒါေပမယ့္ယခုအခါမွာအမွန္တကယ္တြင္အီတလီအသင္းမွာကိုဗစ္ကန႔္သတ္စည္းမ်ဥ္းမ်ားေၾကာင့္အမိုးဖြင့္ကားျဖင့္လွည့္လည္ေအာင္ပြဲခံျခင္းမျပဳရန္ျငင္းပယ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ပီယန္တီဒိုဆီက “အမိုးဖြင့္ဘတ္စ္ကားနဲ႔ယူ႐ိုေအာင္ပြဲအတြက္လွည့္လည္ေအာင္ပြဲခံဖို႔ျငင္းပယ္ခံခဲ့ရပါတယ္။ေသာၾကာေန႔မွာေတာ့အမိန႔္ႏွင့္လုံၿခဳံေရးေကာ္မရွင္အစည္းအေဝးက်င္းပခဲ့တယ္။ျပည္ထဲေရးဝန္ႀကီးလူစီယာနာလာမိုဂက္စ္၊ရဲခ်ဳပ္လမ္ဘာတိုဂ်ီယန္နီနီတို႔နဲ႔သေဘာတူညီမႈရခဲ့တယ္။ဘာေတြလုပ္ရမယ္။ဘာေတြေရွာင္က်ဥ္ရမယ္ဆိုတာနဲ႔ပတ္သက္ၿပီးယင္းေတြ႕ဆုံမႈမွာဆုံးျဖတ္ခဲ့တယ္။ဒါေပမယ့္လည္းမျဖစ္ႏိုင္ဘူးလို႔အေျပာခံခဲ့ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္းအီတလီအသင္းဟာအမိုးဖြင့္ဘတ္စ္ကားျဖင့္ေရာမရွိလမ္းမေပၚတြင္ယူ႐ိုခ်န္ပီယံေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၿပီးေထာင္ေပါင္းမ်ားစြာေသာပရိသတ္မ်ားကိုလည္းေစာင့္ႀကိဳဂုဏ္ျပဳခဲ့ၾကပါတယ္။တစ္ဖက္တြင္ပရိသတ္မ်ားကိုလည္းကိုဗစ္စည္းမ်ဥ္းမခ်ိဳးေဖာက္ေအာင္လုပ္ေဆာင္ခဲ့ၾကတာေတြ႕ရပါတယ္။

ဒါ့အျပင္အီတလီအသင္းမ်ားဟာအီတလီဝန္ႀကီးခ်ဳပ္ဆာဂ်ီယိုမက္တာရယ္လာႏွင့္လည္းေတြ႕ဆုံမႈျပဳလုပ္ခဲ့ပါတယ္။