အမိုးဖွင့်ဘတ်စ်ကားပေါ်မှ ပြုတ်ကျသွားတဲ့ ဓာတ်ပုံဆရာမကို ကယ်တင်လိုက်တဲ့ ဂီရိုနာကစားသမားများ

ဓာတ်ပုံဆရာမတစ်ဦးဟာစပိန်ကလပ်အသင်းတစ်သင်းရဲ့အမိုးဖွင့်ဘတ်စ်ကားဖြင့်ဆုဖလားအောင်ပွဲခံမှုတွင်ကားပေါ်မှပြုတ်ကျခဲ့ပြီးကစားသမားများရဲ့ကယ်တင်မှုကြောင့်ဒဏ်ရာဆိုးဆိုးရွားရွားရရှိမယ့်အရေးမှ ရှောင်လွဲနိုင်ခဲ့ပါတယ်။

ဓာတ်ပုံဆရာမနူရီမာဂူဟာတီနီရိုက်ဖ်နှင့်ပလေးအော့ဖ်ဗိုလ်လုပွဲဒုတိယအကျော့တွင်အနိုင်ရရှိကာတန်းတက်နိုင်မှုကြောင့်အောင်ပွဲခံနေတဲ့ဂီရိုနာကစားသမားများနှင့်အတူဘတ်စ်ကားပေါ်မှာပါဝင်လိုက်ပါခဲ့ပါတယ်။

ဂီရိုနာဟာလာမယ့်ရာသီတွင်လာလီဂါသို့တန်းတက်နိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့နှင့်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ကံဆိုးစွာဘဲဓာတ်ပုံဆရာမတစ်ဦးရဲ့တုန်လှုပ်ဖွယ်ဖြစ်ရပ်ကြောင့်ဂီရိုနာရဲ့အောင်ပွဲခံမှုက ကြီးမားတဲ့ကြေကွဲစရာတစ်ခုဖြစ်လာနိုင်တဲ့အနေအထားနှင့်ကြုံခဲ့ရပါတယ်။

နူရီဟာဘတ်စ်ကားကသစ်ပင်တစ်ပင်ကိုကျော်ဖြတ်စဉ်ဟန်ချက်မညီဖြစ်ခဲ့ကာဘတ်စ်ကားပေါ်မှပြုတ်ကျခဲ့ပါတယ်။

ကံကောင်းချင်တော့တီနီရိုက်ဖ်နဲ့ပွဲမှာဂိုးသွင်းခဲ့သူများထဲမှတစ်ဦးဖြစ်တဲ့အာနူးမာတီနက်ဇ်အပါအဝင်ဂီရိုနာကစားသမားအချို့တို့ကသူမကိုအချိန်မီဆွဲထားလိုက်နိုင်ခဲ့ပါတယ်။

မာတီနက်ဇ်ကသူမရဲ့ခြေကျင်းဝတ်ကိုဆွဲထားလိုက်နိုင်ပြီးရေမွန်တာရက်၊ဂါဘရီတို့ကလည်းသူမရဲ့လက်ကောက်ဝတ်ကိုဆွဲကာအပေါ်သို့ဆွဲတင်နိုင်ခဲ့ပါတယ်။

အောက်တွင်ရှိတဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်းတကယ်လို့များသူမသာပြုတ်ကျရင်အောက်ကဖမ်းဆွဲထားနိုင်အောင်အချိန်မီပြေးလွှားသွားခဲ့တာတွေ့ရပါတယ်။

နူရီကတော့သူမရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးရယ်မောနိုင်ပါသေးတယ်။သူမကအွန်လိုင်းပေါ်တွင်”ဘာပဲဖြစ်လာပါစေ ကင်မရာကိုတော့မလွတ်နဲ့”လို့ဟာသနှောကာရေးသားသွားပါတယ်။

Zawgyi

အမိုးဖြင့္ဘတ္စ္ကားေပၚမွ ျပဳတ္က်သြားတဲ့ ဓာတ္ပုံဆရာမကို ကယ္တင္လိုက္တဲ့ ဂီ႐ိုနာကစားသမားမ်ား

ဓာတ္ပုံဆရာမတစ္ဦးဟာစပိန္ကလပ္အသင္းတစ္သင္းရဲ႕အမိုးဖြင့္ဘတ္စ္ကားျဖင့္ဆုဖလားေအာင္ပြဲခံမႈတြင္ကားေပၚမွျပဳတ္က်ခဲ့ၿပီးကစားသမားမ်ားရဲ႕ကယ္တင္မႈေၾကာင့္ဒဏ္ရာဆိုးဆိုး႐ြား႐ြားရရွိမယ့္အေရးမွ ေရွာင္လြဲႏိုင္ခဲ့ပါတယ္။

ဓာတ္ပုံဆရာမႏူရီမာဂူဟာတီနီ႐ိုက္ဖ္ႏွင့္ပေလးေအာ့ဖ္ဗိုလ္လုပြဲဒုတိယအေက်ာ့တြင္အႏိုင္ရရွိကာတန္းတက္ႏိုင္မႈေၾကာင့္ေအာင္ပြဲခံေနတဲ့ဂီ႐ိုနာကစားသမားမ်ားႏွင့္အတူဘတ္စ္ကားေပၚမွာပါဝင္လိုက္ပါခဲ့ပါတယ္။

ဂီ႐ိုနာဟာလာမယ့္ရာသီတြင္လာလီဂါသို႔တန္းတက္ႏိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔ႏွင့္ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါတယ္။

ဒါေပမဲ့ကံဆိုးစြာဘဲဓာတ္ပုံဆရာမတစ္ဦးရဲ႕တုန္လႈပ္ဖြယ္ျဖစ္ရပ္ေၾကာင့္ဂီ႐ိုနာရဲ႕ေအာင္ပြဲခံမႈက ႀကီးမားတဲ့ေၾကကြဲစရာတစ္ခုျဖစ္လာႏိုင္တဲ့အေနအထားႏွင့္ႀကဳံခဲ့ရပါတယ္။

ႏူရီဟာဘတ္စ္ကားကသစ္ပင္တစ္ပင္ကိုေက်ာ္ျဖတ္စဥ္ဟန္ခ်က္မညီျဖစ္ခဲ့ကာဘတ္စ္ကားေပၚမွျပဳတ္က်ခဲ့ပါတယ္။

ကံေကာင္းခ်င္ေတာ့တီနီ႐ိုက္ဖ္နဲ႔ပြဲမွာဂိုးသြင္းခဲ့သူမ်ားထဲမွတစ္ဦးျဖစ္တဲ့အာႏူးမာတီနက္ဇ္အပါအဝင္ဂီ႐ိုနာကစားသမားအခ်ိဳ႕တို႔ကသူမကိုအခ်ိန္မီဆြဲထားလိုက္ႏိုင္ခဲ့ပါတယ္။

မာတီနက္ဇ္ကသူမရဲ႕ေျခက်င္းဝတ္ကိုဆြဲထားလိုက္ႏိုင္ၿပီးေရမြန္တာရက္၊ဂါဘရီတို႔ကလည္းသူမရဲ႕လက္ေကာက္ဝတ္ကိုဆြဲကာအေပၚသို႔ဆြဲတင္ႏိုင္ခဲ့ပါတယ္။

ေအာက္တြင္ရွိတဲ့ရဲတပ္ဖြဲ႕ဝင္တစ္ဦးကလည္းတကယ္လို႔မ်ားသူမသာျပဳတ္က်ရင္ေအာက္ကဖမ္းဆြဲထားႏိုင္ေအာင္အခ်ိန္မီေျပးလႊားသြားခဲ့တာေတြ႕ရပါတယ္။

ႏူရီကေတာ့သူမရဲ႕အျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးရယ္ေမာႏိုင္ပါေသးတယ္။သူမကအြန္လိုင္းေပၚတြင္”ဘာပဲျဖစ္လာပါေစ ကင္မရာကိုေတာ့မလြတ္နဲ႔”လို႔ဟာသေႏွာကာေရးသားသြားပါတယ္။