အမေရိကန်ကယ်ဆယ်ရေးလေယာဉ်မှ ပြုတ်ကျသေဆုံးခဲ့သူများတွင် အာဖကန်လက်ရွေးစင်တစ်ဦးလည်းပါဝင်

ထောင်ပေါင်းများစွာသောအာဖကန်နစ္စတန်နိုင်ငံသားများဟာကာဘူးလ်ကိုတာလီဘန်များကသိမ်းပိုက်လိုက်ပြီးနောက်နိုင်ငံမှထွက်ခွာရန်ကြိုးပမ်းခဲ့ကြပါတယ်။တာလီဘန်ကအာဖကန်နစ္စတန်ရဲ့မြို့တော် ကာဘူးလ်ကိုသိမ်းပိုက်လိုက်တဲ့ဩဂုတ်လ၁၆ရက်နေ့တွင်ထောင်ပေါင်းများစွာသောအာဖကန်နစ္စတန်နိုင်ငံသားများဟာနိုင်ငံမှထွက်ခွာနိုင်ရန်မျှော်လင့်ချက်ဖြင့်ကာဘူးလ်လေဆိပ်သို့စုဝေးရောက်လာခဲ့ကြပါတယ်။

အာဖကန်နိုင်ငံသားများဟာထွက်ခွာလုဆဲအမေရိကန်ကယ်ဆယ်ရေးလေယာဉ်သို့တက်နိုင်ခွင့်ရရှိရေးအတွက်အလုအယက်တွယ်တက်ခဲ့ကြပါတယ်။

အာဖကန်အရပ်သားများဟာလေယာဉ်အတွင်းသို့ဝင်ရောက်ခွင့်မရပေမယ့်လည်းလေယာဉ်ရဲ့ဘီးသိမ်းဆည်းရာနှင့်ဘေးဘက်တစ်ဝိုက်တွင်လိုက်ပါသွားခဲ့ကြတာတွေ့ရပြီးအချို့ဟာလေယာဉ်အပေါ်မှပြုတ်ကျသေဆုံးသွားခဲ့ကြပါတယ်။

အမေရိကန်ကယ်ဆယ်ရေးလေယာဉ်ရဲ့နောက်ဘီးသိမ်းဆည်းရာနေရာတွင်ပြုတ်ကျခြင်းမခံရဘဲလိုက်ပါသူများထဲတွင်ကျန်ရစ်ခဲ့သူများဟာလည်းအမြင့်ပေသောင်းချီသို့ရောက်ချိန်တွင်အောက်ဆီဂျင်ပြတ်ကာသေဆုံးမယ်လို့ယုံကြည်ရပါတယ်။

အမေရိကန်ကယ်ဆယ်ရေးလေယာဉ်မှပြုတ်ကျသေဆုံးသူများထဲမှတစ်ဦးမှာအာဖကန်နစ္စတန်လူငယ်လက်ရွေးစင်ကစားသမားတစ်ဦးလည်းပါဝင်ခဲ့ပါတယ်။

ယင်းဘောလုံးကစားသမားငယ်ရဲ့အမည်မှာဇာကီအန်ဝါရီဖြစ်ပါတယ်။အန်ဝါရီဟာလူငယ်ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပြီးတာလီဘန်များရဲ့လက်မှလွတ်မြောက်ကာကောင်းမွန်တဲ့ဘဝရရှိရန်မျှော်လင့်ချက်ဖြင့်အမေရိကန်ကယ်ဆယ်ရေးလေယာဉ်သို့အတင်းတွယ်ကပ်လိုက်ပါခဲ့ပေမယ့်ကံမကောင်းအကြောင်းမလှမှုနဲ့အတူသေဆုံးသွားခဲ့ရပါတယ်။

ZawGyi

အေမရိကန္ကယ္ဆယ္ေရးေလယာဥ္မွ ျပဳတ္က်ေသဆုံးခဲ့သူမ်ားတြင္ အာဖကန္လက္ေ႐ြးစင္တစ္ဦးလည္းပါဝင္

ေထာင္ေပါင္းမ်ားစြာေသာအာဖကန္နစၥတန္ႏိုင္ငံသားမ်ားဟာကာဘူးလ္ကိုတာလီဘန္မ်ားကသိမ္းပိုက္လိုက္ၿပီးေနာက္ႏိုင္ငံမွထြက္ခြာရန္ႀကိဳးပမ္းခဲ့ၾကပါတယ္။တာလီဘန္ကအာဖကန္နစၥတန္ရဲ႕ၿမိဳ႕ေတာ္ ကာဘူးလ္ကိုသိမ္းပိုက္လိုက္တဲ့ဩဂုတ္လ၁၆ရက္ေန႔တြင္ေထာင္ေပါင္းမ်ားစြာေသာအာဖကန္နစၥတန္ႏိုင္ငံသားမ်ားဟာႏိုင္ငံမွထြက္ခြာႏိုင္ရန္ေမွ်ာ္လင့္ခ်က္ျဖင့္ကာဘူးလ္ေလဆိပ္သို႔စုေဝးေရာက္လာခဲ့ၾကပါတယ္။

အာဖကန္ႏိုင္ငံသားမ်ားဟာထြက္ခြာလုဆဲအေမရိကန္ကယ္ဆယ္ေရးေလယာဥ္သို႔တက္ႏိုင္ခြင့္ရရွိေရးအတြက္အလုအယက္တြယ္တက္ခဲ့ၾကပါတယ္။

အာဖကန္အရပ္သားမ်ားဟာေလယာဥ္အတြင္းသို႔ဝင္ေရာက္ခြင့္မရေပမယ့္လည္းေလယာဥ္ရဲ႕ဘီးသိမ္းဆည္းရာႏွင့္ေဘးဘက္တစ္ဝိုက္တြင္လိုက္ပါသြားခဲ့ၾကတာေတြ႕ရၿပီးအခ်ိဳ႕ဟာေလယာဥ္အေပၚမွျပဳတ္က်ေသဆုံးသြားခဲ့ၾကပါတယ္။

အေမရိကန္ကယ္ဆယ္ေရးေလယာဥ္ရဲ႕ေနာက္ဘီးသိမ္းဆည္းရာေနရာတြင္ျပဳတ္က်ျခင္းမခံရဘဲလိုက္ပါသူမ်ားထဲတြင္က်န္ရစ္ခဲ့သူမ်ားဟာလည္းအျမင့္ေပေသာင္းခ်ီသို႔ေရာက္ခ်ိန္တြင္ေအာက္ဆီဂ်င္ျပတ္ကာေသဆုံးမယ္လို႔ယုံၾကည္ရပါတယ္။

အေမရိကန္ကယ္ဆယ္ေရးေလယာဥ္မွျပဳတ္က်ေသဆုံးသူမ်ားထဲမွတစ္ဦးမွာအာဖကန္နစၥတန္လူငယ္လက္ေ႐ြးစင္ကစားသမားတစ္ဦးလည္းပါဝင္ခဲ့ပါတယ္။

ယင္းေဘာလုံးကစားသမားငယ္ရဲ႕အမည္မွာဇာကီအန္ဝါရီျဖစ္ပါတယ္။အန္ဝါရီဟာလူငယ္ပါရမီရွင္ကစားသမားတစ္ဦးျဖစ္ၿပီးတာလီဘန္မ်ားရဲ႕လက္မွလြတ္ေျမာက္ကာေကာင္းမြန္တဲ့ဘဝရရွိရန္ေမွ်ာ္လင့္ခ်က္ျဖင့္အေမရိကန္ကယ္ဆယ္ေရးေလယာဥ္သို႔အတင္းတြယ္ကပ္လိုက္ပါခဲ့ေပမယ့္ကံမေကာင္းအေၾကာင္းမလွမႈနဲ႔အတူေသဆုံးသြားခဲ့ရပါတယ္။