အမေရိကန်ခရီးစဉ်တွင် မန်စီးတီးကစားဖော်များနှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းလာတဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာမန်စီးတီးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်နှင့်ပူးပေါင်းပြီးနောက် မန်စီးတီးကစားဖော်များနှင့်ပထမဆုံးအကြိမ်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာဇွန်လတုန်းကဂွါဒီယိုလာရဲ့မန်စီးတီးသို့ ပေါင်၅၁သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာ ဂွါဒီယိုလာရဲ့လက်အောက်တွင် ပထမဆုံးလေ့ကျင့်ခန်းဆင်းရန်အတွက်ရက်သတ္တပတ်အတန်ကြာစောင့်ဆိုင်းခဲ့ရပြီးမှ အမေရိကန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။

အသက်၂၁နှစ်ရှိအာလင်းဟာလန်းဟာမန်ချက်စတာတွင်ချက်ချင်းဆိုသလို အထိုင်ကျနေပြီဖြစ်ပြီး တက္ကဆက်လေ့ကျင့်ခန်းအစီအစဉ်တွင် ကစားဖော်သစ်များနှင့်ရင်းနှီးမှုရယူနိုင်ခဲ့တာတွေ့ရပါတယ်။

မန်စီးတီးဟာအမေရိကန်ရာသီကြိုခရီးစဉ်အတွင်းတွင်ကလပ်အမေရိက၊ဘိုင်ယန်မြူးနစ်နှင့်ခြေစမ်းပွဲကစားပါမယ်။

မန်စီးတီးရဲ့ရာသီကြိုခရီးစဉ်တွင်ဂျက်ဂရဲလ်လစ်ရှ်၊ကီဗင်ဒီဘရိုင်း၊ကီဗင်ဖီးလစ်၊ဇင်ချင်ကိုတို့အပါအဝင်ကစားသမားအားလုံးနီးပါးလိုက်ပါနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဂန်ဒိုဂန်၊ဂျွန်စတုန်း၊ဖီးလ်ဖိုဒန်တို့ကတော့အမေရိကန်ပြည်ဝင်ခွင့်မရမှုကြောင့်မန်ချက်စတာတွင်ကျန်ရစ်ခဲ့ရပါတယ်။၎င်းတို့သုံးဦးဟာမန်စီးတီးလူငယ်အသင်းနှင့်အတူခရိုအေးရှားသို့သွားရောက်ကာရာသီကြိုလေ့ကျင့်ခန်းဆင်းကြပါမယ်။

ZawGyi

အေမရိကန္ခရီးစဥ္တြင္ မန္စီးတီးကစားေဖာ္မ်ားႏွင့္ ပထမဆုံးအႀကိမ္ ေလ့က်င့္ခန္းဆင္းလာတဲ့ အာလင္းဟာလန္း

အာလင္းဟာလန္းဟာမန္စီးတီးရဲ႕အေမရိကန္ရာသီႀကိဳခရီးစဥ္ႏွင့္ပူးေပါင္းၿပီးေနာက္ မန္စီးတီးကစားေဖာ္မ်ားႏွင့္ပထမဆုံးအႀကိမ္ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာဇြန္လတုန္းကဂြါဒီယိုလာရဲ႕မန္စီးတီးသို႔ ေပါင္၅၁သန္းျဖင့္ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာ ဂြါဒီယိုလာရဲ႕လက္ေအာက္တြင္ ပထမဆုံးေလ့က်င့္ခန္းဆင္းရန္အတြက္ရက္သတၱပတ္အတန္ၾကာေစာင့္ဆိုင္းခဲ့ရၿပီးမွ အေမရိကန္ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္တြင္ေလ့က်င့္ခန္းဆင္းခြင့္ရခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိအာလင္းဟာလန္းဟာမန္ခ်က္စတာတြင္ခ်က္ခ်င္းဆိုသလို အထိုင္က်ေနၿပီျဖစ္ၿပီး တကၠဆက္ေလ့က်င့္ခန္းအစီအစဥ္တြင္ ကစားေဖာ္သစ္မ်ားႏွင့္ရင္းႏွီးမႈရယူႏိုင္ခဲ့တာေတြ႕ရပါတယ္။

မန္စီးတီးဟာအေမရိကန္ရာသီႀကိဳခရီးစဥ္အတြင္းတြင္ကလပ္အေမရိက၊ဘိုင္ယန္ျမဴးနစ္ႏွင့္ေျခစမ္းပြဲကစားပါမယ္။

မန္စီးတီးရဲ႕ရာသီႀကိဳခရီးစဥ္တြင္ဂ်က္ဂရဲလ္လစ္ရွ္၊ကီဗင္ဒီဘ႐ိုင္း၊ကီဗင္ဖီးလစ္၊ဇင္ခ်င္ကိုတို႔အပါအဝင္ကစားသမားအားလုံးနီးပါးလိုက္ပါႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ဂန္ဒိုဂန္၊ဂြၽန္စတုန္း၊ဖီးလ္ဖိုဒန္တို႔ကေတာ့အေမရိကန္ျပည္ဝင္ခြင့္မရမႈေၾကာင့္မန္ခ်က္စတာတြင္က်န္ရစ္ခဲ့ရပါတယ္။၎တို႔သုံးဦးဟာမန္စီးတီးလူငယ္အသင္းႏွင့္အတူခ႐ိုေအးရွားသို႔သြားေရာက္ကာရာသီႀကိဳေလ့က်င့္ခန္းဆင္းၾကပါမယ္။