
ဂါဘရီရယ်ဂျေဆူးဟာLondon Colney တွင်အာဆင်နယ်အသင်းကစားတဲ့လျို့ဝှက်ခြေစမ်းပွဲတစ်ပွဲတွင်ဂိုထပ်မံသွင်းယူနိုင်ခဲ့ပြန်ပါတယ်။
အာဆင်နယ်ဟာအမေရိကန်သို့မသွားမီနောက်ဆုံးခြေစမ်းပွဲအဖြစ်တံခါးပိတ်ခြေစမ်းပွဲတစ်ပွဲကစားခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါလျို့ဝှက်ခြေစမ်းပွဲစဉ်မှာတစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့ပြီးဂျေဆူးမှာလည်းထပ်မံဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂျေဆူးဟာပြီးခဲ့တဲ့အပတ်တုန်းကဂျာမနီတွင်နုယင်ဘတ်ကို၅-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ခြေစမ်းပွဲတွင်အာဆင်နယ်အတွက်ပထမဆုံးပွဲကစားခဲ့ရာမှာ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာဒုတိယပိုင်းတွင်လူစားဝင်ရောက်လာပြီးနောက်စက္ကန့်၉၀အကြာတွင်ပင်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
သူဟာလျို့ဝှက်ခြေစမ်းပွဲတွင်လည်းထပ်မံဂိုးသွင်းယူနိုင်မှုနဲ့အတူအာဆင်နယ်အတွက်၂ပွဲကစားထားရာမှာသုံးဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။
ZawGyi
အမေရိကန်ခရီးစဉ်မတိုင်မီ တံခါးပိတ်ခြေစမ်းပွဲတွင် ထပ်ဂိုးသွင်းခဲ့တဲ့ ဂါဘရီရယ်ဂျေဆူး