
ကမ္ဘာ့ဖလားစတားဂျီယိုဗန်နီရေနာရဲ့မိဘများဟာအမေရိကန်နည်းပြဂရတ်ဘာဟယ်တာကိုအိမ်တွင်းအကြမ်းဖက်မှုဖြင့်ခြိမ်းခြောက်အကြပ်ကိုင်မှုပြုလုပ်တယ်လို့စွပ်စွဲလာမှုကိုတုံ့ပြန်လာပြီဖြစ်ပါတယ်။
ရေနာမိသားစုဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ကွင်းတွင်း/ကွင်းပြင်အပြုအမှုများကြောင့်အိမ်ပြန်ပို့ခံလုနီးပါးဖြစ်ခဲ့တဲ့အမေရိကန်ကစားသမားတစ်ဦးရဲ့အကြောင်းကိုဘာဟယ်တာကဖွင့်ဟလာမှုအပေါ်မပျော်မရွှင်ဖြစ်နေခဲ့ကြပါတယ်။
ဘာဟယ်တာကယင်းကစားသမားအမည်ကိုမဖော်ထုတ်ခဲ့ပေမဲ့လည်းဒေါ့မွန်စတားရေနာကိုရည်ညွှန်းတာသိသာပါတယ်။ရေနာကလည်းယင်းကိုအတည်ပြုခဲ့ပါတယ်။
အမေရိကန်လက်ရွေးစင်ဟောင်းကလော်ဒီယိုရေနာဟာသူ့ရဲ့အသက်၂၀နှစ်အရွယ်သားဖြစ်သူအပေါ် လက်ရွေးစင်ကစားဖော်ဟောင်းဘာဟယ်တာရဲ့ဆက်ဆံပုံအပေါ်ဒေါသထွက်ကာ၁၉၉၁ခုနှစ်တုန်းကဇနီးသည်အားကန်ကျောက်မှုကိုအမေရိကန်ဘောလုံးအဖွဲ့ချုပ်အမှုဆောင်အဖွဲ့ဝင်များကိုအသိပေးခဲ့ပါတယ်။
ဘာဟယ်တာဟာ၁၉၉၁ခုနှစ်တုန်းကဇနီးသည်နှင့် ချစ်သူအဖြစ်ရှိနေတုန်းကဘားတစ်ခုတွင်စကားများပြီးနောက်ဘားအပြင်ဘက်တွင်ခြေထောက်ကိုကန်ကျောက်ခဲ့တာဖြစ်ပါတယ်။
ဘာဟယ်တာနဲ့ကလော်ဒီယိုတို့ဟာနယူးဂျာစီအတူကစားရင်းကြီးပြင်းလာခဲ့ကြသူများဖြစ်ကြပြီးလက်ရွေးစင်အသင်းအဆင့်အထိအတူကစားခဲ့ကြပါတယ်။
ကလော်ဒီယိုရေနာဟာသူ့မင်္ဂလာပွဲတွင်ဘာဟယ်တာကိုသတို့သားအရန်အဖြစ်ဆောင်ရွက်စေခဲ့ပါတယ်။
ယခုအခါကလော်ဒီယိုရေနာကသူ့ရဲ့ဇနီးဖြစ်သူဒါနီလီကဘာဟယ်တာရဲ့၁၉၉၁ခုနှစ်တုန်းကဇနီးသည်ကိုကန်ကျောက်မှုအားအမေရိကန်ဘောလုံးအဖွဲ့ချုပ်အားအသိပေးခဲ့ကြောင်းအတည်ပြုလာပါတယ်။ဒါပေမဲ့၎င်းကအကြပ်ကိုင်ခြိမ်းခြောက်ခြင်းမရှိကြောင်းဆိုသွားပါတယ်။
ZawGyi
အေမရိကန္နည္းျပကို ၿခိမ္းေျခာက္တယ္လို႔ စြပ္စြဲခံရမႈကို ဂ်ီယိုေရနာရဲ႕မိဘမ်ားတုံ႔ျပန္လာ
ကမာၻ႔ဖလားစတားဂ်ီယိုဗန္နီေရနာရဲ႕မိဘမ်ားဟာအေမရိကန္နည္းျပဂရတ္ဘာဟယ္တာကိုအိမ္တြင္းအၾကမ္းဖက္မႈျဖင့္ၿခိမ္းေျခာက္အၾကပ္ကိုင္မႈျပဳလုပ္တယ္လို႔စြပ္စြဲလာမႈကိုတုံ႔ျပန္လာၿပီျဖစ္ပါတယ္။
ေရနာမိသားစုဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ကြင္းတြင္း/ကြင္းျပင္အျပဳအမႈမ်ားေၾကာင့္အိမ္ျပန္ပို႔ခံလုနီးပါးျဖစ္ခဲ့တဲ့အေမရိကန္ကစားသမားတစ္ဦးရဲ႕အေၾကာင္းကိုဘာဟယ္တာကဖြင့္ဟလာမႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့ၾကပါတယ္။
ဘာဟယ္တာကယင္းကစားသမားအမည္ကိုမေဖာ္ထုတ္ခဲ့ေပမဲ့လည္းေဒါ့မြန္စတားေရနာကိုရည္ၫႊန္းတာသိသာပါတယ္။ေရနာကလည္းယင္းကိုအတည္ျပဳခဲ့ပါတယ္။
အေမရိကန္လက္ေ႐ြးစင္ေဟာင္းကေလာ္ဒီယိုေရနာဟာသူ႔ရဲ႕အသက္၂၀ႏွစ္အ႐ြယ္သားျဖစ္သူအေပၚ လက္ေ႐ြးစင္ကစားေဖာ္ေဟာင္းဘာဟယ္တာရဲ႕ဆက္ဆံပုံအေပၚေဒါသထြက္ကာ၁၉၉၁ခုႏွစ္တုန္းကဇနီးသည္အားကန္ေက်ာက္မႈကိုအေမရိကန္ေဘာလုံးအဖြဲ႕ခ်ဳပ္အမႈေဆာင္အဖြဲ႕ဝင္မ်ားကိုအသိေပးခဲ့ပါတယ္။
ဘာဟယ္တာဟာ၁၉၉၁ခုႏွစ္တုန္းကဇနီးသည္ႏွင့္ ခ်စ္သူအျဖစ္ရွိေနတုန္းကဘားတစ္ခုတြင္စကားမ်ားၿပီးေနာက္ဘားအျပင္ဘက္တြင္ေျခေထာက္ကိုကန္ေက်ာက္ခဲ့တာျဖစ္ပါတယ္။
ဘာဟယ္တာနဲ႔ကေလာ္ဒီယိုတို႔ဟာနယူးဂ်ာစီအတူကစားရင္းႀကီးျပင္းလာခဲ့ၾကသူမ်ားျဖစ္ၾကၿပီးလက္ေ႐ြးစင္အသင္းအဆင့္အထိအတူကစားခဲ့ၾကပါတယ္။
ကေလာ္ဒီယိုေရနာဟာသူ႔မဂၤလာပြဲတြင္ဘာဟယ္တာကိုသတို႔သားအရန္အျဖစ္ေဆာင္႐ြက္ေစခဲ့ပါတယ္။
ယခုအခါကေလာ္ဒီယိုေရနာကသူ႔ရဲ႕ဇနီးျဖစ္သူဒါနီလီကဘာဟယ္တာရဲ႕၁၉၉၁ခုႏွစ္တုန္းကဇနီးသည္ကိုကန္ေက်ာက္မႈအားအေမရိကန္ေဘာလုံးအဖြဲ႕ခ်ဳပ္အားအသိေပးခဲ့ေၾကာင္းအတည္ျပဳလာပါတယ္။ဒါေပမဲ့၎ကအၾကပ္ကိုင္ၿခိမ္းေျခာက္ျခင္းမရွိေၾကာင္းဆိုသြားပါတယ္။