အမေရိကန်နှင့်ပွဲစဉ်မှ ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်အပေါ် အင်္ဂလန်ပရိသတ်များပေါက်ကွဲ

အင်္ဂလန်ပရိသတ်များဟာသောကြာနေ့တုန်းကအမေရိကန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှဂါရတ်ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်အပေါ်အကြီးအကျယ်ဒေါသထွက်ကာဝေဖန်လျက်ရှိကြပါတယ်။

အင်္ဂလန်ဟာမနေ့ညတုန်းကအမေရိကန်နှင့်ပွဲတွင်ဂိုးမရှိသရေကျပေမဲ့လည်းအုပ်စု(ခ)အုပ်စုဗိုလ်အဖြစ်ရပ်တည်နေတုန်းဖြစ်ပါတယ်။

အင်္ဂလန်ဟာအုပ်စုနောက်ဆုံးပွဲအဖြစ်ကစားရမယ့်ဝေးလ်နှင့်ပွဲတွင်လေးဂိုးပြတ်မရှုံးနိမ့်ပါကကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ပါမယ်။

ဆောက်ဂိတ်ဟာမနေ့ညတုန်းကအမေရိကန်နှင့်ပွဲတွင်အရန်ကို၆-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တုန်းကလူစာရင်းအတိုင်းပွဲထုတ်ခဲ့ပါတယ်။

ဒါပေမဲ့အင်္ဂလန်အသင်းဟာစိတ်ပျက်ဖွယ်ခြေစွမ်းနှင့်ကစားခဲ့ပြီးအမေရိကန်နှင့်ဂိုးမရှိသရေကျခဲ့ပါတယ်။

ပွဲအပြီးတွင်တော့အင်္ဂလန်ပရိသတ်များဟာဂါရတ်ဆောက်ဂိတ်ရဲ့မေဆင်မောင့်ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုပြီးဖီးလ်ဖိုဒန်အားအရန်ခုံတွင်ဆက်ထားမှုအပေါ်ဝေဖန်နေကြပါတယ်။

ဖီးလ်ဖိုဒန်ဟာယခုရာသီတွင်မန်စီးတီးအတွက်၈ဂိုးသွင်းယူကာခြေစွမ်းပြကစားနိုင်ပေမဲ့လည်းအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲနှစ်ပွဲဆက်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။

ပရိသတ်တစ်ဦးက “ဒီပွဲကအဆိုးရွားဆုံးစီမံခန့်ခွဲမှုလုပ်တဲ့ပွဲပဲ”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “ပွဲထွက်လူစာရင်းကိုမပြောင်းလဲမှုအပေါ်နားလည်လို့ရပေမဲ့ ဖိုဒန်ကိုအရန်အဖြစ်တောင်မသုံးမှုကိုတော့နားမလည်နိုင်အောင်ပဲ”လို့ပြောကြားသွားပါတယ်။

ဆောက်ဂိတ်ဟာဂျော်ဒန်ဟင်ဒါဆင်၊ဂျက်ဂရဲလ်လစ်ရှ်၊မားကပ်စ်ရက်ဖို့ဒ်တို့ကိုဘယ်လင်ဂမ်၊ရာဟမ်းစတာလင်းနှင့်ဘူကာယိုဆာကာတို့အစားလူစားဝင်ရောက်ကစားစေခဲ့ပေမဲ့ဖိုဒန်ကိုတော့အသုံးမပြုခဲ့ပါဘူး။

မနေ့ညကပွဲတွင်အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားမှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။

ZawGyi

အေမရိကန္ႏွင့္ပြဲစဥ္မွ ေဆာက္ဂိတ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚ အဂၤလန္ပရိသတ္မ်ားေပါက္ကြဲ

အဂၤလန္ပရိသတ္မ်ားဟာေသာၾကာေန႔တုန္းကအေမရိကန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွဂါရတ္ေဆာက္ဂိတ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚအႀကီးအက်ယ္ေဒါသထြက္ကာေဝဖန္လ်က္ရွိၾကပါတယ္။

အဂၤလန္ဟာမေန႔ညတုန္းကအေမရိကန္ႏွင့္ပြဲတြင္ဂိုးမရွိသေရက်ေပမဲ့လည္းအုပ္စု(ခ)အုပ္စုဗိုလ္အျဖစ္ရပ္တည္ေနတုန္းျဖစ္ပါတယ္။

အဂၤလန္ဟာအုပ္စုေနာက္ဆုံးပြဲအျဖစ္ကစားရမယ့္ေဝးလ္ႏွင့္ပြဲတြင္ေလးဂိုးျပတ္မရႈံးနိမ့္ပါကကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ပါမယ္။

ေဆာက္ဂိတ္ဟာမေန႔ညတုန္းကအေမရိကန္ႏွင့္ပြဲတြင္အရန္ကို၆-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တုန္းကလူစာရင္းအတိုင္းပြဲထုတ္ခဲ့ပါတယ္။

ဒါေပမဲ့အဂၤလန္အသင္းဟာစိတ္ပ်က္ဖြယ္ေျခစြမ္းႏွင့္ကစားခဲ့ၿပီးအေမရိကန္ႏွင့္ဂိုးမရွိသေရက်ခဲ့ပါတယ္။

ပြဲအၿပီးတြင္ေတာ့အဂၤလန္ပရိသတ္မ်ားဟာဂါရတ္ေဆာက္ဂိတ္ရဲ႕ေမဆင္ေမာင့္ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳၿပီးဖီးလ္ဖိုဒန္အားအရန္ခုံတြင္ဆက္ထားမႈအေပၚေဝဖန္ေနၾကပါတယ္။

ဖီးလ္ဖိုဒန္ဟာယခုရာသီတြင္မန္စီးတီးအတြက္၈ဂိုးသြင္းယူကာေျခစြမ္းျပကစားႏိုင္ေပမဲ့လည္းအဂၤလန္ရဲ႕ကမာၻ႔ဖလားအဖြင့္ပြဲႏွစ္ပြဲဆက္အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။

ပရိသတ္တစ္ဦးက “ဒီပြဲကအဆိုး႐ြားဆုံးစီမံခန႔္ခြဲမႈလုပ္တဲ့ပြဲပဲ”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “ပြဲထြက္လူစာရင္းကိုမေျပာင္းလဲမႈအေပၚနားလည္လို႔ရေပမဲ့ ဖိုဒန္ကိုအရန္အျဖစ္ေတာင္မသုံးမႈကိုေတာ့နားမလည္ႏိုင္ေအာင္ပဲ”လို႔ေျပာၾကားသြားပါတယ္။

ေဆာက္ဂိတ္ဟာေဂ်ာ္ဒန္ဟင္ဒါဆင္၊ဂ်က္ဂရဲလ္လစ္ရွ္၊မားကပ္စ္ရက္ဖို႔ဒ္တို႔ကိုဘယ္လင္ဂမ္၊ရာဟမ္းစတာလင္းႏွင့္ဘူကာယိုဆာကာတို႔အစားလူစားဝင္ေရာက္ကစားေစခဲ့ေပမဲ့ဖိုဒန္ကိုေတာ့အသုံးမျပဳခဲ့ပါဘူး။

မေန႔ညကပြဲတြင္အဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားမွာ အေကာင္းဆုံးကစားႏိုင္ခဲ့တဲ့သူျဖစ္ခဲ့ပါတယ္။