
နယ်သာလန်အသင်းဟာမနေ့ညတုန်းကအမေရိကန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အကောင်းဆုံးအသင်းလိုက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
နယ်သာလန်ဟာမနေ့ညတုန်းကအမေရိကန်နှင့်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်၃-၁ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။
မနေ့ညကပွဲတွင်ရင်ခုန်စရာအကောင်းဆုံးဂိုးမှာပွဲအစ၁၀မိနစ်တွင်ဒီပေးသွင်းယူတဲ့ဂိုးပဲ ဖြစ်ပါတယ်။
နယ်သာလန်အသင်းဟာယင်းဂိုးမသွင်းမီဘောလုံးပေးပို့မှုအကြိမ်၂၀ပြုလုပ်ခဲ့ပြီးဘာစီလိုနာစတိုင်အတိုင်းအတွဲညီညီအပေးအယူလုပ်ကာသွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။
နယ်သာလန်အသင်းဟာ၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းတွင်ဘောလုံးပေးပို့မှုအများဆုံးပြုလုပ်ပြီးမှအသင်းလိုက်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘောလုံးပရိသတ်တွေကတော့ဒီပေးသွင်းယူတဲ့နယ်သာလန်အတွက်အဖွင့်ဂိုးကိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အကောင်းဆုံးအသင်းလိုက်ဂိုးလို့ချီးကျူးနေကြပါတယ်။
ယင်းဂိုးဟာဒီပေးအတွက်၂၀၂၁ခုနှစ်၊ဩဂုတ်လတွင်နယ်သာလန်နည်းပြအဖြစ်လူးဝစ်ဗန်ဂါးလ်တာဝန်ထမ်းဆောင်ပြီးနောက်၁၇ပွဲကစားခဲ့ရာမှာ၁၅ဂိုးမြောက်သွင်းယူတဲ့ဂိုးလည်းဖြစ်ပါတယ်။
ယခုအခါသူဟာနယ်သာလန်အတွက်၄၃ဂိုးသွင်းထားပြီးဖြစ်ကာဗန်ပါစီရဲ့နယ်သာလန်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကိုလိုက်မီရန်၇ဂိုးတည်းသာလိုပါတော့တယ်။
နယ်သာလန်ဟာဒီပေးရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးနောက်ပထမပိုင်းပြီးခါနီးမှာဒါလေးဘလိုင်းကဂိုးထပ်သွင်းခဲ့လို့ပထမပိုင်းမှာ၂-၀ဖြင့်အနိုင်ရနေခဲ့ပါတယ်။ပွဲချိန်၇၆မိနစ်မှာဟာဂျီရိုက်ကအမေရိကန်အတွက်ချေပခဲ့ပေမဲ့နယ်သာလန်အတွက်အနိုင်သေချာစေမဲ့ဂိုးကိုဒမ်ဖရိုင်းက၈၁မိနစ်မှာသွင်းယူသွားခဲ့ပါတယ်။
နယ်သာလန်ဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်တွင်လီယွန်နယ်မက်ဆီရဲ့အာဂျင်တီးနားနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
အေမရိကန္ႏွင့္ပြဲတြင္ ေဘာလုံးေပးပို႔မႈ အႀကိမ္ ၂၀ ျပဳလုပ္ၿပီး ကမာၻ႔ဖလားရဲ႕အေကာင္းဆုံးအသင္းလိုက္ဂိုးကို သြင္းခဲ့တဲ့ နယ္သာလန္
နယ္သာလန္အသင္းဟာမေန႔ညတုန္းကအေမရိကန္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အေကာင္းဆုံးအသင္းလိုက္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။
နယ္သာလန္ဟာမေန႔ညတုန္းကအေမရိကန္ႏွင့္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္၃-၁ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။
မေန႔ညကပြဲတြင္ရင္ခုန္စရာအေကာင္းဆုံးဂိုးမွာပြဲအစ၁၀မိနစ္တြင္ဒီေပးသြင္းယူတဲ့ဂိုးပဲ ျဖစ္ပါတယ္။
နယ္သာလန္အသင္းဟာယင္းဂိုးမသြင္းမီေဘာလုံးေပးပို႔မႈအႀကိမ္၂၀ျပဳလုပ္ခဲ့ၿပီးဘာစီလိုနာစတိုင္အတိုင္းအတြဲညီညီအေပးအယူလုပ္ကာသြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။
နယ္သာလန္အသင္းဟာ၁၉၆၆ကမာၻ႔ဖလားေနာက္ပိုင္းတြင္ေဘာလုံးေပးပို႔မႈအမ်ားဆုံးျပဳလုပ္ၿပီးမွအသင္းလိုက္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ေဘာလုံးပရိသတ္ေတြကေတာ့ဒီေပးသြင္းယူတဲ့နယ္သာလန္အတြက္အဖြင့္ဂိုးကိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အေကာင္းဆုံးအသင္းလိုက္ဂိုးလို႔ခ်ီးက်ဴးေနၾကပါတယ္။
ယင္းဂိုးဟာဒီေပးအတြက္၂၀၂၁ခုႏွစ္၊ဩဂုတ္လတြင္နယ္သာလန္နည္းျပအျဖစ္လူးဝစ္ဗန္ဂါးလ္တာဝန္ထမ္းေဆာင္ၿပီးေနာက္၁၇ပြဲကစားခဲ့ရာမွာ၁၅ဂိုးေျမာက္သြင္းယူတဲ့ဂိုးလည္းျဖစ္ပါတယ္။
ယခုအခါသူဟာနယ္သာလန္အတြက္၄၃ဂိုးသြင္းထားၿပီးျဖစ္ကာဗန္ပါစီရဲ႕နယ္သာလန္အတြက္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ကိုလိုက္မီရန္၇ဂိုးတည္းသာလိုပါေတာ့တယ္။
နယ္သာလန္ဟာဒီေပးရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ပထမပိုင္းၿပီးခါနီးမွာဒါေလးဘလိုင္းကဂိုးထပ္သြင္းခဲ့လို႔ပထမပိုင္းမွာ၂-၀ျဖင့္အႏိုင္ရေနခဲ့ပါတယ္။ပြဲခ်ိန္၇၆မိနစ္မွာဟာဂ်ီ႐ိုက္ကအေမရိကန္အတြက္ေခ်ပခဲ့ေပမဲ့နယ္သာလန္အတြက္အႏိုင္ေသခ်ာေစမဲ့ဂိုးကိုဒမ္ဖ႐ိုင္းက၈၁မိနစ္မွာသြင္းယူသြားခဲ့ပါတယ္။
နယ္သာလန္ဟာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္တြင္လီယြန္နယ္မက္ဆီရဲ႕အာဂ်င္တီးနားႏွင့္ရင္ဆိုင္ကစားရပါမယ္။