
ဂါရတ်ဆောက်ဂိတ်ဟာယနေ့ညတွင်အမေရိကန်နှင့်ရင်ဆိုင်ကစားရမယ့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်တွင်အီရန်နှင့်ပွဲစဉ်တုန်းကပွဲထွက်ကစားသမား၁၁ဦးကိုပင်ဆက်လက်အသုံးပြုလာမှာဖြစ်ကြောင်းသိရပါတယ်။
အင်္ဂလန်ဟာယနေ့ညတွင်ဂရက်ဘာဟယ်တီယာရဲ့အမေရိကန်နှင့်ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်အဖြစ် Al Bayt Stadium မှာရင်ဆိုင်ရမှာဖြစ်ပြီး ဟယ်ရီကိန်းမှာကြံ့ခိုင်ပြည့်ဝနေမှုနှင့်အတူပွဲထွက်ကစားလာပါမယ်။
ဟယ်ရီကိန်းဟာအီရန်ကို၆-၂ဂိုးဖြင့်အနိုင်ရတဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်ဒဏ်ရာရရှိခဲ့လို့စိုးရိမ်စရာဖြစ်ခဲ့ပေမဲ့လည်းဗုဒ္ဓဟူးနေ့မှစတင်ကာအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းထားနိုင်ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာအီရန်နှင့်ပွဲစဉ်တွင် အီတလီနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲစဉ်မှပွဲထွက်ကစားသမား၁၁ဦးမှ၉ဦးကိုအသုံးပြုခဲ့ပြီးရာဟမ်းစတာလင်း၊ဟယ်ရီမက်ဂွိုင်းယားနှင့်ဂျူ့ဘယ်လင်ဂမ်တို့ကိုအသုံးပြုခဲ့ပါတယ်။
ဆောက်ဂိတ်ဟာအမေရိကန်နှင့်ပွဲစဉ်တွင်လည်းအီရန်နှင့်ပွဲစဉ်တုန်းကပွဲထွက်လူစာရင်းအတိုင်းအသုံးပြုလာမည်ဖြစ်ရာနံပါတ်တစ်ဂိုးသမားအဖြစ်ပစ်ဖို့ဒ်ကိုအသုံးပြုလာပါမယ်။
နောက်တန်းတွင်လုခ်ရှော၊ဟယ်ရီမက်ဂွိုင်းယား၊ဂျွန်စတုန်းနှင့်ထရစ်ပီယာတို့ကိုအသုံးပြုလာမှာဖြစ်ပြီးကွင်းလယ်မှာဒက်လန်းရိုက်စ်၊ဂျူ့ဘယ်လင်ဂမ်နှင့်မေဆင်မောင့်တို့ကိုသုံးလာပါမယ်။
တိုက်စစ်တွင်ရာဟမ်းစတာလင်း၊ဘူကာယိုဆာကာနှင့်ဟယ်ရီကိန်းတို့ကိုအသုံးပြုလာပါမယ်။
ZawGyi
အေမရိကန္ႏွင့္ပြဲတြင္ အသုံးျပဳလာမယ့္ အဂၤလန္ပြဲထြက္လူစာရင္း ေပါက္ၾကားလာ
ဂါရတ္ေဆာက္ဂိတ္ဟာယေန႔ညတြင္အေမရိကန္ႏွင့္ရင္ဆိုင္ကစားရမယ့္အဂၤလန္ရဲ႕ကမာၻ႔ဖလားအုပ္စုဒုတိယပြဲစဥ္တြင္အီရန္ႏွင့္ပြဲစဥ္တုန္းကပြဲထြက္ကစားသမား၁၁ဦးကိုပင္ဆက္လက္အသုံးျပဳလာမွာျဖစ္ေၾကာင္းသိရပါတယ္။
အဂၤလန္ဟာယေန႔ညတြင္ဂရက္ဘာဟယ္တီယာရဲ႕အေမရိကန္ႏွင့္ကမာၻ႔ဖလားအုပ္စုဒုတိယပြဲစဥ္အျဖစ္ Al Bayt Stadium မွာရင္ဆိုင္ရမွာျဖစ္ၿပီး ဟယ္ရီကိန္းမွာႀကံ့ခိုင္ျပည့္ဝေနမႈႏွင့္အတူပြဲထြက္ကစားလာပါမယ္။
ဟယ္ရီကိန္းဟာအီရန္ကို၆-၂ဂိုးျဖင့္အႏိုင္ရတဲ့ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္ဒဏ္ရာရရွိခဲ့လို႔စိုးရိမ္စရာျဖစ္ခဲ့ေပမဲ့လည္းဗုဒၶဟူးေန႔မွစတင္ကာအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းထားႏိုင္ပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ဟာအီရန္ႏွင့္ပြဲစဥ္တြင္ အီတလီႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲစဥ္မွပြဲထြက္ကစားသမား၁၁ဦးမွ၉ဦးကိုအသုံးျပဳခဲ့ၿပီးရာဟမ္းစတာလင္း၊ဟယ္ရီမက္ဂြိဳင္းယားႏွင့္ဂ်ဴ႕ဘယ္လင္ဂမ္တို႔ကိုအသုံးျပဳခဲ့ပါတယ္။
ေဆာက္ဂိတ္ဟာအေမရိကန္ႏွင့္ပြဲစဥ္တြင္လည္းအီရန္ႏွင့္ပြဲစဥ္တုန္းကပြဲထြက္လူစာရင္းအတိုင္းအသုံးျပဳလာမည္ျဖစ္ရာနံပါတ္တစ္ဂိုးသမားအျဖစ္ပစ္ဖို႔ဒ္ကိုအသုံးျပဳလာပါမယ္။
ေနာက္တန္းတြင္လုခ္ေရွာ၊ဟယ္ရီမက္ဂြိဳင္းယား၊ဂြၽန္စတုန္းႏွင့္ထရစ္ပီယာတို႔ကိုအသုံးျပဳလာမွာျဖစ္ၿပီးကြင္းလယ္မွာဒက္လန္း႐ိုက္စ္၊ဂ်ဴ႕ဘယ္လင္ဂမ္ႏွင့္ေမဆင္ေမာင့္တို႔ကိုသုံးလာပါမယ္။
တိုက္စစ္တြင္ရာဟမ္းစတာလင္း၊ဘူကာယိုဆာကာႏွင့္ဟယ္ရီကိန္းတို႔ကိုအသုံးျပဳလာပါမယ္။