
နယ်သာလန်နည်းပြလူးဝစ်ဗန်ဂါးလ်ဟာမနေ့ညတုန်းကအမေရိကန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိကာနယ်သာလန်ကိုကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်နိုင်အောင်ကူညီခဲ့တဲ့ဒန်ဇဲလ်ဒမ်ဖရိုင်းကိုအနမ်းပေးပြီးဂုဏ်ပြုခဲ့ပါတယ်။
ဒမ်ဖရိုင်းဟာမနေ့ညတုန်းကအမေရိကန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်တစ်ဂိုးသွင်းနိုင်ခဲ့တဲ့အပြင်ဖန်တီးမှုတစ်ကြိမ်ပါပြုလုပ်နိုင်ခဲ့ပြီးနောက် Man Of The Match ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗန်ဂါးလ်က “မနေ့ကတည်းကသူ့ကိုအနမ်းအကြီးကြီးပေးခဲ့ပြီးပြီ။အခုလည်းတစ်ကြိမ်ထပ်ပေးမယ်။ကြည့်ထားကြ”လို့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားကာ အနမ်းပေးခဲ့ပါတယ်။
နယ်သာလန်ဟာပွဲအစ၁၀မိနစ်တွင်ပင်ဒီပေးရဲ့လှပတဲ့ အသင်းလိုက်ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပထမပိုင်းပြီးခါနီးတွင်ဘလိုင်းကဂိုးထပ်မံသွင်းခဲ့လို့ ပထမပိုင်းမှာ၂-၀ဂိုးဖြင့်အနိုင်ရနေခဲ့ပါတယ်။
ယင်းနောက်အမေရိကန်ကရိုက်ရဲ့ဂိုးဖြင့်ပြန်လည်ချေပလာခဲ့ပေမဲ့ဒီဖရိုင်းကတတိယဂိုးသွင်းယူလာခဲ့ပါတယ်။
ဒန်ဇဲလ်ဒမ်ဖရိုင်းကိုအမေရိကန်နာမည်ကျော်မင်းသားကြီးဒန်ဇဲလ်ဝါရှင်တန်ရဲ့အမည်ကိုအသုံးပြုမှည့်ခေါ်ထားတာဖြစ်ပါတယ်။
နယ်သာလန်အသင်းဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်တွင်အာဂျင်တီးနားနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
အေမရိကန္ႏွင့္ပြဲတြင္ Man Of The Match ေျခစြမ္းျဖင့္ ကစားခဲ့တဲ့ ဒမ္ဖ႐ိုင္းကို လူးဝစ္ဗန္ဂါးလ္အနမ္းေခြၽ
နယ္သာလန္နည္းျပလူးဝစ္ဗန္ဂါးလ္ဟာမေန႔ညတုန္းကအေမရိကန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိကာနယ္သာလန္ကိုကမာၻ႔ဖလားကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ေအာင္ကူညီခဲ့တဲ့ဒန္ဇဲလ္ဒမ္ဖ႐ိုင္းကိုအနမ္းေပးၿပီးဂုဏ္ျပဳခဲ့ပါတယ္။
ဒမ္ဖ႐ိုင္းဟာမေန႔ညတုန္းကအေမရိကန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္တစ္ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ဖန္တီးမႈတစ္ႀကိမ္ပါျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ Man Of The Match ဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဗန္ဂါးလ္က “မေန႔ကတည္းကသူ႔ကိုအနမ္းအႀကီးႀကီးေပးခဲ့ၿပီးၿပီ။အခုလည္းတစ္ႀကိမ္ထပ္ေပးမယ္။ၾကည့္ထားၾက”လို႔သတင္းစာရွင္းလင္းပြဲတြင္ေျပာၾကားကာ အနမ္းေပးခဲ့ပါတယ္။
နယ္သာလန္ဟာပြဲအစ၁၀မိနစ္တြင္ပင္ဒီေပးရဲ႕လွပတဲ့ အသင္းလိုက္ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပထမပိုင္းၿပီးခါနီးတြင္ဘလိုင္းကဂိုးထပ္မံသြင္းခဲ့လို႔ ပထမပိုင္းမွာ၂-၀ဂိုးျဖင့္အႏိုင္ရေနခဲ့ပါတယ္။
ယင္းေနာက္အေမရိကန္က႐ိုက္ရဲ႕ဂိုးျဖင့္ျပန္လည္ေခ်ပလာခဲ့ေပမဲ့ဒီဖ႐ိုင္းကတတိယဂိုးသြင္းယူလာခဲ့ပါတယ္။
ဒန္ဇဲလ္ဒမ္ဖ႐ိုင္းကိုအေမရိကန္နာမည္ေက်ာ္မင္းသားႀကီးဒန္ဇဲလ္ဝါရွင္တန္ရဲ႕အမည္ကိုအသုံးျပဳမွည့္ေခၚထားတာျဖစ္ပါတယ္။
နယ္သာလန္အသင္းဟာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္တြင္အာဂ်င္တီးနားႏွင့္ရင္ဆိုင္ကစားရပါမယ္။