အမေရိကန်အသင်း ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီးနောက် အမေရိကန်အမျိုးသမီးအသင်း ဒေါ်လာ ၆.၅ သန်းရရှိလာ

အမေရိကန်အမျိုးသမီးအသင်းဟာအမျိုးသားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ပြီးနောက်ဒေါ်လာ၆.၅သန်းရရှိလာတော့မှာဖြစ်ပါတယ်။

အမေရိကန်အမျိုးသမီးအသင်းဟာအမျိုးသားအသင်းမှာကွာတားဖိုင်နယ်သို့တက်ရောက်လာနိုင်လျှင်ရရှိလာမယ့်ငွေပမာဏပိုမိုများပြားလာဦးမှာလည်းဖြစ်ပါတယ်။

အမေရိကန်ဟာအုပ်စုနောက်ဆုံးပွဲတွင်အီရန်ကိုပူလီဆစ်ရဲ့ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

၎င်းတို့ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်တွင်နယ်သာလန်နှင့်ရင်ဆိုင်ရပါမယ်။

အမေရိကန်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်မှုကြောင့်ဆုကြေးငွေဒေါ်လာ၁၃သန်းရရှိလာပါမယ်။

အမေရိကန်အမျိုးသားအသင်းရဲ့အောင်မြင်မှုကိုလည်းအမေရိကန်အမျိုးသမီးအသင်းကလည်းမျှဝေရရှိလာပါမယ်။အမျိုးသမီးအသင်းဟာအမျိုးသားအသင်းရဲ့ဆုကြေးငွေကိုမျှဝေရရှိလာမှာလည်းဖြစ်ပါတယ်။

အမေရိကန်အမျိုးသမီးအသင်းဟာမေလတုန်းကအမေရိကန်ဘောလုံးအဖွဲ့ချုပ်နှင့်အမျိုးသားအသင်းနှင့်အတူဆုကြေးငွေသာတူညီမျှစွာရရှိရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

တကယ်လို့များအမေရိကန်အသင်းသာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားဖိုင်နယ်သို့တက်ရောက်လာပါကအမျိုးသမီးအသင်းမှာဆုကြေးဒေါ်လာ၈.၅သန်း၊ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ပါက ဆုကြေးငွေဒေါ်လာ၁၂.၅သန်း၊တတိယရရှိပါကဆုကြေးငွေဒေါ်လာ၁၃.၅သန်း၊ဒုတိယရရှိပါကဆုကြေးငွေဒေါ်လာ၁၅သန်းနှင့်ချန်ပီယံဖြစ်လျှင်ဆုကြေးငွေဒေါ်လာ၂၁သန်းမျှဝေရရှိလာပါမယ်။

အမေရိကန်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ချန်ပီယံဖြစ်လာမည်ဆိုပါကဆုကြေးငွေဒေါ်လာ၈၆သန်းအထိရရှိလာပါယ်။

အမေရိကန်ဟာစနေနေ့မှာနယ်သာလန်နှင့်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကစားသွားရပါမယ်။

ZawGyi










