အမေရိကန်၊ ဝေးလ်တို့နှင့်ပွဲစဉ်များတွင် ခြေစွမ်းပိုကောင်းရန် လိုနေကြောင်း ဆောက်ဂိတ်သတိပေး

မနေ့ညတုန်းကအီရန်နှင့်အဖွင့်ပွဲစဉ်တွင်၆-၂ဂိုးဖြင့်အနိုင်ရရှိပြီးနောက် အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ကအင်္ဂလန်အနေဖြင့်လက်ကျန်အုပ်စုပွဲနှစ်ပွဲတွင်ခြေစွမ်းပိုမိုကောင်းမွန်ရန်လိုအပ်နေကြောင်းပြောကြားလာပါတယ်။

အင်္ဂလန်ဟာဂျူ့ဘယ်လင်ဂမ်၊ဘူကာယိုဆာကာ(၂ဂိုး)၊ရာဟမ်းစတာလင်း၊မားကပ်စ်ရက်ဖို့ဒ်၊ဂျက်ဂရဲလ်လစ်ရှ်တို့ရဲ့သွင်းဂိုးများဖြင့်အီရန်ကို၆-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။အီရန်အတွက်ချေပဂိုးများကိုတာရီမီကသွင်းယူခဲ့ပါတယ်။

အင်္ဂလန်ဟာလာမယ့်သောကြာနေ့တွင်အုပ်စု(ခ)ဒုတိယပွဲအဖြစ်အမေရိကန်နှင့်ရင်ဆိုင်ကစားရပါမယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်က “အရမ်းကောင်းတဲ့စတင်မှုပါ။ဒါပေမဲ့လာမယ့်ပွဲတွေမှာပိုကောင်းရမယ်။ဒီလိုဂိုးကွာခြားချက်နဲ့အနိုင်ရမှု၊ပွဲကိုလွှမ်းမိုးကစားသွားမှုကိုတကယ်ပဲကျေနပ်တယ်။ဒါပေမဲ့ပွဲရဲ့ဒီလိုအနေအထားမျိုးဂိုးတွေမပေးခဲ့ရသင့်ဘူး။အမေရိကန်နဲ့ပွဲမှာမှန်မှန်ကန်ကန်လုပ်ရမယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းဟာမနေ့ညတုန်းကအီရန်နှင့်ပွဲစဉ်တွင်ဂိုးပေါက်တည့်ကန်ချက်၇ကြိမ်မှ၆ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။

အုပ်စု(ခ)တွင်အိမ်ဖြည့်အသင်းအဖြစ်သတ်မှတ်ခံထားရတဲ့အီရန်ဟာလာမယ့်သောကြာနေ့တွင်ဝေးလ်နှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

အေမရိကန္၊ ေဝးလ္တို႔ႏွင့္ပြဲစဥ္မ်ားတြင္ ေျခစြမ္းပိုေကာင္းရန္ လိုေနေၾကာင္း ေဆာက္ဂိတ္သတိေပး

မေန႔ညတုန္းကအီရန္ႏွင့္အဖြင့္ပြဲစဥ္တြင္၆-၂ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ကအဂၤလန္အေနျဖင့္လက္က်န္အုပ္စုပြဲႏွစ္ပြဲတြင္ေျခစြမ္းပိုမိုေကာင္းမြန္ရန္လိုအပ္ေနေၾကာင္းေျပာၾကားလာပါတယ္။

အဂၤလန္ဟာဂ်ဴ႕ဘယ္လင္ဂမ္၊ဘူကာယိုဆာကာ(၂ဂိုး)၊ရာဟမ္းစတာလင္း၊မားကပ္စ္ရက္ဖို႔ဒ္၊ဂ်က္ဂရဲလ္လစ္ရွ္တို႔ရဲ႕သြင္းဂိုးမ်ားျဖင့္အီရန္ကို၆-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။အီရန္အတြက္ေခ်ပဂိုးမ်ားကိုတာရီမီကသြင္းယူခဲ့ပါတယ္။

အဂၤလန္ဟာလာမယ့္ေသာၾကာေန႔တြင္အုပ္စု(ခ)ဒုတိယပြဲအျဖစ္အေမရိကန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္က “အရမ္းေကာင္းတဲ့စတင္မႈပါ။ဒါေပမဲ့လာမယ့္ပြဲေတြမွာပိုေကာင္းရမယ္။ဒီလိုဂိုးကြာျခားခ်က္နဲ႔အႏိုင္ရမႈ၊ပြဲကိုလႊမ္းမိုးကစားသြားမႈကိုတကယ္ပဲေက်နပ္တယ္။ဒါေပမဲ့ပြဲရဲ႕ဒီလိုအေနအထားမ်ိဳးဂိုးေတြမေပးခဲ့ရသင့္ဘူး။အေမရိကန္နဲ႔ပြဲမွာမွန္မွန္ကန္ကန္လုပ္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္အသင္းဟာမေန႔ညတုန္းကအီရန္ႏွင့္ပြဲစဥ္တြင္ဂိုးေပါက္တည့္ကန္ခ်က္၇ႀကိမ္မွ၆ဂိုးရရွိခဲ့တာလည္းျဖစ္ပါတယ္။

အုပ္စု(ခ)တြင္အိမ္ျဖည့္အသင္းအျဖစ္သတ္မွတ္ခံထားရတဲ့အီရန္ဟာလာမယ့္ေသာၾကာေန႔တြင္ေဝးလ္ႏွင့္ရင္ဆိုင္ရပါမယ္။