အမေရိကမှတကူးတကလာပြီး ခရစ္စတီယာနိုရော်နယ်ဒိုကစားတာလာကြည့်ခဲ့ပေမဲ့ ကံဆိုးခဲ့တဲ့ အင်တာနက်စတား IShowSpeed

YouTube စတား IShowSpeed ဟာအမေရိကမှမန်ချက်စတာသို့လာရောက်ကာသူ့အိုင်ဒေါခရစ္စတီယာနိုရော်နယ်ဒိုကစားတာလာကြည့်ခဲ့ပေမဲ့လည်းကံဆိုးမှုနှင့်ကြုံခဲ့ရပါတယ်။

အမေရိကန်ဆိုရှယ်မီဒီယာစတားဟာအမေရိကန်ကနေ အိုးထရက်ဖို့ဒ်သို့လာရောက်ပြီးယူနိုက်တက်နှင့်ဗီလာတို့ရဲ့ပွဲကိုလာကြည့်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဓိကကတော့သူဟာသူ့အိုင်ဒေါခရစ္စတီယာနိုရော်နယ်ဒိုကစားတာကြည့်ရဖို့ဖြစ်ပါတယ်။

ဒါပေမဲ့ကံဆိုးစွာဘဲခရစ္စတီယာနိုရော်နယ်ဒိုမှာဖျားနာနေမှုနှင့်အတူ ဗီလာကို၄-၂ဂိုးဖြင့်အနိုင်ရတဲ့ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

IShowSpeed ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုမကြည့်ခဲ့ရလို့စိတ်မကောင်းစရာကြုံခဲ့ပေမဲ့လည်းယူနိုက်တက်ဟာဗီလာကိုနောက်ကလိုက်ကစားပြီး၄-၂ဂိုးဖြင့်အနိုင်ရခဲ့လို့ပျော်စရာကြုံခဲ့ရပါတယ်။

၎င်းက “အခုငိုနေပါပြီနော်။ရော်နယ်ဒိုကိုကြည့်ချင်လွန်းအားကြီးလို့မန်ချက်စတာသို့လာပါတယ်။သူကမကစားဘူး”လို့တွစ်တာတွင်ရေးသားသွားပါတယ်။

ZawGyi




ဒါပေမဲ့ကံဆိုးစွာဘဲခရစ္စတီယာနိုရော်နယ်ဒိုမှာဖျားနာနေမှုနှင့်အတူ ဗီလာကို၎-၂ဂိုးဖြင့်အနိုင်ရတဲ့ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်မှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

IShowSpeed ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုမကြည့်ခဲ့ရလို့စိတ်မကောင်းစရာကြုံခဲ့ပေမဲ့လည်းယူနိုက်တက်ဟာဗီလာကိုနောက်ကလိုက်ကစားပြီး၎-၂ဂိုးဖြင့်အနိုင်ရခဲ့လို့ပျော်စရာကြုံခဲ့ရပါတယ်။
