အမေ့ခံကစားသမားတစ်ဦးကို ဂျာမနီအသင်းမှာ ပြန်ရွေးချယ်သွားမယ့် နည်းပြဖလစ်ခ်

ဂျာမနီနည်းပြသစ်ဟန်စီဖလစ်ခ်ဟာအမေ့ခံကစားသမားမာရီယိုဂေါ့ဇီအားဂျာမနီလက်ရွေးစင်အသင်းတွင်ပြန်လည်ရွေးချယ်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

မာရီယိုဂေါ့ဇီဟာဂျာမနီလက်ရွေးစင်အသင်းအတွက်၆၃ပွဲကစားထားသူဖြစ်ပြီး၂၀၁၄ခုနှစ်ကမ္ဘာ့ဖလားတုန်းကအာဂျင်တီးနားနှင့်ဗိုလ်လုပွဲတွင်ချန်ပီယံဖြစ်စေမယ့်အနိုင်ဂိုးကိုသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဒေါ့မွန်နှင့်ဘိုင်ယန်မြူးနစ်စတားဟောင်းဟာပြီးခဲ့တဲ့နှစ်များမှာတော့ကြွက်သားဒဏ်ရာပြဿနာများနှင့်အတူရုန်းကန်လာရပြီးဘောလုံးသမားဘဝနိမ့်ကျလာခဲ့ရပါတယ်။

ယခုအခါမာရီယိုဂေါ့ဇီဟာဂျာမနီအသင်းမှာကစားခွင့်မရလာခဲ့တာသုံးနှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်လည်းသူဟာပီအက်စ်ဗွီအသင်းနှင့်အတူအကောင်းဆုံးပုံစံပြသနေမှုနဲ့အတူဂျာမနီနည်းပြဖလစ်ခ်ရဲ့စောင့်ကြည့်ခြင်းခံလာခဲ့ရပါတယ်။

မာရီယိုဂေါ့ဇီဟာယခုရာသီမှာပီအက်စ်ဗွီအသင်းအတွက်၄ပွဲကစားထားရာမှာ၄ဂိုးသွင်းယူထားနိုင်ပါတယ်။သူဟာဂျိုဟန်ခရိုက်ဖ်ဖလားမှာအေဂျက်စ်အားအနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းခဲ့သလိုဂါလာတာစာရေးအားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်တွင်လည်းဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲအပြီးတွင်ဂျာမနီနည်းပြရာထူးကိုဆက်ခံခဲ့တဲ့ဖလစ်ခ်က “ဂေါ့ဇီဟာပီအက်စ်ဗွီမှာလမ်းကြောင်းမှန်ပေါ်သို့ပြန်လည်ရောက်လာပါတယ်။သူကအသင်းအတွက်ဂိုးသွင်းနိုင်သလိုအရေးပါတဲ့ကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဂေါ့ဇီဟာ၂၀၁၀ခုနှစ်၊နိုဝင်ဘာလတုန်းကဆွီဒင်နှင့်ပွဲစဉ်တွင်ဂျာမနီအတွက်ပထမဆုံးပွဲကစားခွင့်ရရှိခဲ့ပြီးဂျာမနီအတွက်၆၃ပွဲကစားကာ၁၇ဂိုးသွင်းယူထားပါတယ်။သူဟာ၂၀၁၀ခုနှစ်အလွန်ကာလများတုန်းကကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

အေမ့ခံကစားသမားတစ္ဦးကို ဂ်ာမနီအသင္းမွာ ျပန္ေ႐ြးခ်ယ္သြားမယ့္ နည္းျပဖလစ္ခ္

ဂ်ာမနီနည္းျပသစ္ဟန္စီဖလစ္ခ္ဟာအေမ့ခံကစားသမားမာရီယိုေဂါ့ဇီအားဂ်ာမနီလက္ေ႐ြးစင္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

မာရီယိုေဂါ့ဇီဟာဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္၆၃ပြဲကစားထားသူျဖစ္ၿပီး၂၀၁၄ခုႏွစ္ကမာၻ႔ဖလားတုန္းကအာဂ်င္တီးနားႏွင့္ဗိုလ္လုပြဲတြင္ခ်န္ပီယံျဖစ္ေစမယ့္အႏိုင္ဂိုးကိုသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ေဒါ့မြန္ႏွင့္ဘိုင္ယန္ျမဴးနစ္စတားေဟာင္းဟာၿပီးခဲ့တဲ့ႏွစ္မ်ားမွာေတာ့ႂကြက္သားဒဏ္ရာျပႆနာမ်ားႏွင့္အတူ႐ုန္းကန္လာရၿပီးေဘာလုံးသမားဘဝနိမ့္က်လာခဲ့ရပါတယ္။

ယခုအခါမာရီယိုေဂါ့ဇီဟာဂ်ာမနီအသင္းမွာကစားခြင့္မရလာခဲ့တာသုံးႏွစ္ေက်ာ္ၾကာျမင့္လာခဲ့ၿပီျဖစ္ပါတယ္။ဒါေပမယ့္လည္းသူဟာပီအက္စ္ဗြီအသင္းႏွင့္အတူအေကာင္းဆုံးပုံစံျပသေနမႈနဲ႔အတူဂ်ာမနီနည္းျပဖလစ္ခ္ရဲ႕ေစာင့္ၾကည့္ျခင္းခံလာခဲ့ရပါတယ္။

မာရီယိုေဂါ့ဇီဟာယခုရာသီမွာပီအက္စ္ဗြီအသင္းအတြက္၄ပြဲကစားထားရာမွာ၄ဂိုးသြင္းယူထားႏိုင္ပါတယ္။သူဟာဂ်ိဳဟန္ခ႐ိုက္ဖ္ဖလားမွာေအဂ်က္စ္အားအႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းခဲ့သလိုဂါလာတာစာေရးအားအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပေလးေအာ့ဖ္ပြဲစဥ္တြင္လည္းဟက္ထရစ္သြင္းႏိုင္ခဲ့ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲအၿပီးတြင္ဂ်ာမနီနည္းျပရာထူးကိုဆက္ခံခဲ့တဲ့ဖလစ္ခ္က “ေဂါ့ဇီဟာပီအက္စ္ဗြီမွာလမ္းေၾကာင္းမွန္ေပၚသို႔ျပန္လည္ေရာက္လာပါတယ္။သူကအသင္းအတြက္ဂိုးသြင္းႏိုင္သလိုအေရးပါတဲ့ကစားသမားတစ္ဦးလည္းျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဂါ့ဇီဟာ၂၀၁၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကဆြီဒင္ႏွင့္ပြဲစဥ္တြင္ဂ်ာမနီအတြက္ပထမဆုံးပြဲကစားခြင့္ရရွိခဲ့ၿပီးဂ်ာမနီအတြက္၆၃ပြဲကစားကာ၁၇ဂိုးသြင္းယူထားပါတယ္။သူဟာ၂၀၁၀ခုႏွစ္အလြန္ကာလမ်ားတုန္းကကမာၻ႔အေကာင္းဆုံးလူငယ္ကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီးဂ်ာမန္မက္ဆီဟုေခၚေဝၚျခင္းခံခဲ့ရပါတယ္။