အမ်ဘက်ပီကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ ဘောလုံးဒါရိုက်တာအား ခန့်အပ်ရန် ရီးရဲလ်နှင့်အပြိုင် အာဆင်နယ်ကြိုးပမ်းနေ

အာဆင်နယ်ဟာလိုင်လီဘောလုံးဒါရိုက်တာဟောင်းလူးဝစ်ကမ်ပို့စ်အားခန့်အပ်နိုင်ရေးအတွက်ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရပါတယ်။

လူးဝစ်ကမ်ပို့စ်ဟာမိုနာကိုတွင်ဘောလုံးဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက ကိုင်လီယန်အမ်ဘက်ပီကိုရှာဖွေဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အာဆင်နယ်အနေဖြင့်ကမ်ပို့စ်ကိုခန့်အပ်နိုင်ရေးအတွက်ရီးရဲလ်မက်ဒရစ်နှင့်အပြိုင်ကြိုးပမ်းရပါမယ်။

လူးဝစ်ကမ်ပို့စ်ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များတုန်းကနိုက်စ်အသင်းတွင်တာဝန်ထမ်းဆောင်မယ်လို့သတင်းများထွက်ပေါ်ခဲ့ဖူးပေမယ့်ယင်းသို့ပြောင်းမှာမဟုတ်ကြောင်းသိရပါတယ်။

ယခုအခါအာဆင်နယ်နှင့်ရီးရဲလ်မက်ဒရစ်တို့ကအသက်၅၆နှစ်ရှိကမ်ပို့စ်အားခန့်အပ်ရန်ကြိုးပမ်းနေပါတယ်။ဒါပေမယ့်၎င်းတို့ဟာဘောလုံးဒါရိုက်တာအဖြစ်ခန့်အပ်မလားဆိုတာကိုတော့မသိရသေးပါဘူး။

ပေါ်တူဂီတွင်နည်းပြအဖြစ်ကျင်လည်ခဲ့ဖူးတဲ့ကမ်ပို့စ်ဟာ၂၀၁၂ခုနှစ်တုန်းကရီးရဲလ်မက်ဒရစ်အသင်းမှာနည်းပြမော်ရင်ဟိုရဲ့ကင်းထောက်နှင့်လေ့လာဆန်းသစ်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

သူဟာပေါ်တူဂီကလပ် ဂေးလ်ဗီဆင့်တေးအားကိုင်တွယ်တုန်းကမော်ရင်ဟိုရဲ့ပေါ်တိုအသင်းရဲ့၂၇ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းအားအဆုံးသတ်ပေးခဲ့ဖူးသူလည်းဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်မှထွက်ခွာပြီးတစ်နှစ်အကြာမှာမိုနာကိုမှာဘောလုံးဒါရိုက်တာဖြစ်လာခဲ့ကာ၂၀၁၇ခုနှစ်တွင်လီဂူး၁ချန်ပီယံဖြစ်စေမယ့်အသင်းအားတည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။မိုနာကိုဟာသူ့ရဲ့လမ်းညွှန်ချက်ဖြင့်ဖယ်ကာအို၊ဖာဘင်ဟိုနှင့်ဘားနတ်ဒိုဆေးလ်ဗားတို့အားခေါ်ယူခဲ့ပါတယ်။

ကမ်ပို့စ်ဟာ၂၀၁၇ခုနှစ်မှာလိုင်လီသို့ပြောင်းခဲ့ပြီးလီဂူး၁ဖလားရအသင်းတစ်သင်းဖြစ်အောင်တည်ဆောက်ပေးခဲ့ပါတယ်။သူဟာလိုင်လီအသင်းပြင်သစ်လီဂူး၁ဖလားမရမီ၂၀၂၀ခုနှစ်၊ဒီဇင်ဘာလတုန်းကထွက်ခွာခဲ့ပါတယ်။

ZawGyi

အမ္ဘက္ပီကို ရွာေဖြေဖာ္ထုတ္ခဲ့တဲ့ ေဘာလုံးဒါ႐ိုက္တာအား ခန႔္အပ္ရန္ ရီးရဲလ္ႏွင့္အၿပိဳင္ အာဆင္နယ္ႀကိဳးပမ္းေန

အာဆင္နယ္ဟာလိုင္လီေဘာလုံးဒါ႐ိုက္တာေဟာင္းလူးဝစ္ကမ္ပို႔စ္အားခန႔္အပ္ႏိုင္ေရးအတြက္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနေၾကာင္းသိရပါတယ္။

လူးဝစ္ကမ္ပို႔စ္ဟာမိုနာကိုတြင္ေဘာလုံးဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ခဲ့စဥ္တုန္းက ကိုင္လီယန္အမ္ဘက္ပီကိုရွာေဖြေဖာ္ထုတ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

အာဆင္နယ္အေနျဖင့္ကမ္ပို႔စ္ကိုခန႔္အပ္ႏိုင္ေရးအတြက္ရီးရဲလ္မက္ဒရစ္ႏွင့္အၿပိဳင္ႀကိဳးပမ္းရပါမယ္။

လူးဝစ္ကမ္ပို႔စ္ဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတုန္းကႏိုက္စ္အသင္းတြင္တာဝန္ထမ္းေဆာင္မယ္လို႔သတင္းမ်ားထြက္ေပၚခဲ့ဖူးေပမယ့္ယင္းသို႔ေျပာင္းမွာမဟုတ္ေၾကာင္းသိရပါတယ္။

ယခုအခါအာဆင္နယ္ႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကအသက္၅၆ႏွစ္ရွိကမ္ပို႔စ္အားခန႔္အပ္ရန္ႀကိဳးပမ္းေနပါတယ္။ဒါေပမယ့္၎တို႔ဟာေဘာလုံးဒါ႐ိုက္တာအျဖစ္ခန႔္အပ္မလားဆိုတာကိုေတာ့မသိရေသးပါဘူး။

ေပၚတူဂီတြင္နည္းျပအျဖစ္က်င္လည္ခဲ့ဖူးတဲ့ကမ္ပို႔စ္ဟာ၂၀၁၂ခုႏွစ္တုန္းကရီးရဲလ္မက္ဒရစ္အသင္းမွာနည္းျပေမာ္ရင္ဟိုရဲ႕ကင္းေထာက္ႏွင့္ေလ့လာဆန္းသစ္သူအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

သူဟာေပၚတူဂီကလပ္ ေဂးလ္ဗီဆင့္ေတးအားကိုင္တြယ္တုန္းကေမာ္ရင္ဟိုရဲ႕ေပၚတိုအသင္းရဲ႕၂၇ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းအားအဆုံးသတ္ေပးခဲ့ဖူးသူလည္းျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္မွထြက္ခြာၿပီးတစ္ႏွစ္အၾကာမွာမိုနာကိုမွာေဘာလုံးဒါ႐ိုက္တာျဖစ္လာခဲ့ကာ၂၀၁၇ခုႏွစ္တြင္လီဂူး၁ခ်န္ပီယံျဖစ္ေစမယ့္အသင္းအားတည္ေဆာက္ေပးခဲ့သူျဖစ္ပါတယ္။မိုနာကိုဟာသူ႔ရဲ႕လမ္းၫႊန္ခ်က္ျဖင့္ဖယ္ကာအို၊ဖာဘင္ဟိုႏွင့္ဘားနတ္ဒိုေဆးလ္ဗားတို႔အားေခၚယူခဲ့ပါတယ္။

ကမ္ပို႔စ္ဟာ၂၀၁၇ခုႏွစ္မွာလိုင္လီသို႔ေျပာင္းခဲ့ၿပီးလီဂူး၁ဖလားရအသင္းတစ္သင္းျဖစ္ေအာင္တည္ေဆာက္ေပးခဲ့ပါတယ္။သူဟာလိုင္လီအသင္းျပင္သစ္လီဂူး၁ဖလားမရမီ၂၀၂၀ခုႏွစ္၊ဒီဇင္ဘာလတုန္းကထြက္ခြာခဲ့ပါတယ္။