အမ်ဘက်ပီနှင့်ပီအက်စ်ဂျီတို့ရဲ့စာချုပ်သစ်ဆွေးနွေးမှု အဓိကအချက်နှစ်ခုအပေါ် ပြဿနာတက်နေ

ကိုင်လီယန်အမ်ဘက်ပီရဲ့ပီအက်စ်ဂျီနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုဟာအဓိကအချက်နှစ်ချက်အပေါ်တွင်သဘောတူညီမှုမရဖြစ်နေပြီးဆွေးနွေးမှုရပ်တန့်နေပါတယ်။

ယင်းသို့ဆွေးနွေးမှုရပ်တန့်မှုနဲ့အတူ အမ်ဘက်ပီအားခေါ်ယူလိုနေတဲ့ရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးအတွက်မျော်လင့်ချက်မြင့်တက်လာခဲ့ပါတယ်။

Le Parisien ကကိုင်လီအမ်ဘက်ပီဟာပီအက်စ်ဂျီတွင်ဆက်လက်ကစားရန်တံခါးဖွင့်ထားသော်လည်းဆွေးနွေးမှုမှာအောင်မြင်ရန်ခက်ခဲနေကြောင်းသိရပါတယ်။ကိုင်လီယန်အမ်ဘက်ပီရဲ့ပီအက်စ်ဂျီနှင့်စာချုပ်က၂၀၂၂ခုနှစ်၊ဇွန်လတွင်ကုန်ဆုံးပါမယ်။

ပီအက်စ်ဂျီဟာကိုင်လီယန်အမ်ဘက်ပီကိုလည်းနေမာကဲ့သို့ပင်၂၀၂၅ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းထားပါတယ်။ဒါပေမယ့်ကာယကံရှင်ဘက်က၂၀၂၃ခုနှစ်အထိသာစာချုပ်သက်တမ်းတိုးလိုနေပါတယ်။အခြားတစ်ဖက်မှာအမ်ဘက်ပီကချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ရေးအပြောင်းအရွှေ့ပြုလုပ်ရန်လည်းတောင်းဆိုမှုပြုလုပ်ထားပါတယ်။

ပီအက်စ်ဂျီဟာပြင်သစ်လီဂူး၁ဖလားကိုလိုင်လီအားလွဲပြောင်းပေးခဲ့ရသလိုချန်ပီယံလိဂ်တွင်လည်းဆီမီးဖိုင်နယ်ဖြင့်ကျေနပ်ခဲ့ရပါတယ်။

အမ်ဘက်ပီကညာနောက်ခံလူတစ်ဦးနှင့်ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူပေးရန်ကလပ်ကိုတောင်းဆိုမှုပြုလုပ်ထားပါတယ်။

ZawGyi

အမ္ဘက္ပီႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕စာခ်ဳပ္သစ္ေဆြးေႏြးမႈ အဓိကအခ်က္ႏွစ္ခုအေပၚ ျပႆနာတက္ေန

ကိုင္လီယန္အမ္ဘက္ပီရဲ႕ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈဟာအဓိကအခ်က္ႏွစ္ခ်က္အေပၚတြင္သေဘာတူညီမႈမရျဖစ္ေနၿပီးေဆြးေႏြးမႈရပ္တန႔္ေနပါတယ္။

ယင္းသို႔ေဆြးေႏြးမႈရပ္တန႔္မႈနဲ႔အတူ အမ္ဘက္ပီအားေခၚယူလိုေနတဲ့ရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးအတြက္ေမ်ာ္လင့္ခ်က္ျမင့္တက္လာခဲ့ပါတယ္။

Le Parisien ကကိုင္လီအမ္ဘက္ပီဟာပီအက္စ္ဂ်ီတြင္ဆက္လက္ကစားရန္တံခါးဖြင့္ထားေသာ္လည္းေဆြးေႏြးမႈမွာေအာင္ျမင္ရန္ခက္ခဲေနေၾကာင္းသိရပါတယ္။ကိုင္လီယန္အမ္ဘက္ပီရဲ႕ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္က၂၀၂၂ခုႏွစ္၊ဇြန္လတြင္ကုန္ဆုံးပါမယ္။

ပီအက္စ္ဂ်ီဟာကိုင္လီယန္အမ္ဘက္ပီကိုလည္းေနမာကဲ့သို႔ပင္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ကမ္းလွမ္းထားပါတယ္။ဒါေပမယ့္ကာယကံရွင္ဘက္က၂၀၂၃ခုႏွစ္အထိသာစာခ်ဳပ္သက္တမ္းတိုးလိုေနပါတယ္။အျခားတစ္ဖက္မွာအမ္ဘက္ပီကခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္ေရးအေျပာင္းအေ႐ႊ႕ျပဳလုပ္ရန္လည္းေတာင္းဆိုမႈျပဳလုပ္ထားပါတယ္။

ပီအက္စ္ဂ်ီဟာျပင္သစ္လီဂူး၁ဖလားကိုလိုင္လီအားလြဲေျပာင္းေပးခဲ့ရသလိုခ်န္ပီယံလိဂ္တြင္လည္းဆီမီးဖိုင္နယ္ျဖင့္ေက်နပ္ခဲ့ရပါတယ္။

အမ္ဘက္ပီကညာေနာက္ခံလူတစ္ဦးႏွင့္ကြင္းလယ္ကစားသမားတစ္ဦးေခၚယူေပးရန္ကလပ္ကိုေတာင္းဆိုမႈျပဳလုပ္ထားပါတယ္။