အမ်ဘက်ပီမှာ မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့အဆင့်မျိုးသို့ ရောက်လာလိမ့်မည်ဟု ဂရက်ဇ်မန်းပြောကြား

အန်တိုနီဂရက်ဇ်မန်းကအင်္ဂါနေ့တုန်းကနျူးကမ့်တွင်ဘာစီလိုနာအား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပီအက်စ်ဂျီအ တွက်ဟက်ထရစ်သွင်းယူခဲ့တဲ့ပြင်သစ်ကစားဖော်ကိုင်လီယန်အမ်ဘက်ပီမှာတစ်နေ့တွင်ခရစ္စတီယာနိုရော်နယ်ဒို၊ လီယွန်နယ်မက်ဆီတို့ရဲ့အဆင့်မျိုးသို့ရောက်လာလိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။

အမ်ဘက်ပီဟာနျူးကမ့်ချန်ပီယံလိဂ်ပွဲစဉ်တွင်ဟက်ထရစ်သွင်းယူနိုင်တဲ့တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းရေးထိုးလာနိုင်ခဲ့ပါတယ်။သူ့မတိုင်မီအလန်ရှီးယား၊ရှက်ဗ်ချင်ကိုတို့သာဘာစီလိုနာနှင့်ရင်ဆိုင်ရတဲ့ နျူးကမ့်ချန်ပီယံလိဂ်ပွဲစဉ်တွင်ဟက်ထရစ်သွင်းနိုင်ခဲ့ကြပါတယ်။

ဂရက်ဇ်မန်းက “သူ့အတွက်ပျော်ပါတယ်။သူဟာဝေဖန်မှုတွေအများကြီးကြုံခဲ့ရတယ်။ကစားတာမကောင်းဘူးဆို တာနဲ့လူတွေကအလွယ်တကူဘဲဝေဖန်ကြပါတော့တယ်။ဒါပေမယ့်ကျွန်တော်ကတော့ပီအက်စ်ဂျီဟာတစ်နေ့ကျရင်မက်ဆီ၊ရော်နယ်ဒိုတို့လိုအဆင့်မြင့်မျိုးသို့ရောက်လာမယ့်အနာဂတ်စတားတစ်ဦးပိုင်ဆိုင်ထားပြီလို့ယုံကြည်ပါတယ်။သူဟာတကယ့်ကိုကြီးကျယ်တဲ့ပွဲကောင်းတစ်ပွဲကြုံခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာလာမယ့်မတ်လ၁၀ရက်နေ့မှာပဲရစ်သို့သွားရောက်ကာပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်၁၆သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်အားကစားရပါမယ်။

ZawGyi

အမ္ဘက္ပီမွာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔ရဲ႕အဆင့္မ်ိဳးသို႔ ေရာက္လာလိမ့္မည္ဟု ဂရက္ဇ္မန္းေျပာၾကား

အန္တိုနီဂရက္ဇ္မန္းကအဂၤါေန႔တုန္းကန်ဴးကမ့္တြင္ဘာစီလိုနာအား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပီအက္စ္ဂ်ီအ တြက္ဟက္ထရစ္သြင္းယူခဲ့တဲ့ျပင္သစ္ကစားေဖာ္ကိုင္လီယန္အမ္ဘက္ပီမွာတစ္ေန႔တြင္ခရစၥတီယာႏိုေရာ္နယ္ဒို၊ လီယြန္နယ္မက္ဆီတို႔ရဲ႕အဆင့္မ်ိဳးသို႔ေရာက္လာလိမ့္မယ္လို႔ယုံၾကည္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အမ္ဘက္ပီဟာန်ဴးကမ့္ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဟက္ထရစ္သြင္းယူႏိုင္တဲ့တတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းေရးထိုးလာႏိုင္ခဲ့ပါတယ္။သူ႔မတိုင္မီအလန္ရွီးယား၊ရွက္ဗ္ခ်င္ကိုတို႔သာဘာစီလိုနာႏွင့္ရင္ဆိုင္ရတဲ့ န်ဴးကမ့္ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဟက္ထရစ္သြင္းႏိုင္ခဲ့ၾကပါတယ္။

ဂရက္ဇ္မန္းက “သူ႔အတြက္ေပ်ာ္ပါတယ္။သူဟာေဝဖန္မႈေတြအမ်ားႀကီးႀကဳံခဲ့ရတယ္။ကစားတာမေကာင္းဘူးဆို တာနဲ႔လူေတြကအလြယ္တကူဘဲေဝဖန္ၾကပါေတာ့တယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ပီအက္စ္ဂ်ီဟာတစ္ေန႔က်ရင္မက္ဆီ၊ေရာ္နယ္ဒိုတို႔လိုအဆင့္ျမင့္မ်ိဳးသို႔ေရာက္လာမယ့္အနာဂတ္စတားတစ္ဦးပိုင္ဆိုင္ထားၿပီလို႔ယုံၾကည္ပါတယ္။သူဟာတကယ့္ကိုႀကီးက်ယ္တဲ့ပြဲေကာင္းတစ္ပြဲႀကဳံခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာလာမယ့္မတ္လ၁၀ရက္ေန႔မွာပဲရစ္သို႔သြားေရာက္ကာပီအက္စ္ဂ်ီႏွင့္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ဒုတိယအေက်ာ့ပြဲစဥ္အားကစားရပါမယ္။