အမ်ဘက်ပီမှာ မည်သည့်အခါတွင်မှ ပီအက်စ်ဂျီမှထွက်ခွာမည်မဟုတ်ဟု ဥက္ကဌပြောကြား

ပီအက်စ်ဂျီဥက္ကဌကကိုင်လီယန်အမ်ဘက်ပီမှာမည်သည့်အခါမှပီအက်စ်ဂျီမှထွက်ခွာမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၂နှစ်ရှိပြင်သစ်စတားဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးစာချုပ်သစ်ဆွေးနွေးမှုမှာအဆင်မပြေဖြစ်နေပါတယ်။

လက်ရှိအချိန်တွင်ကိုင်လီယန်အမ်ဘက်ပီကိုရီးရဲလ်မက်ဒရစ်ကခေါ်ယူလိုနေသလိုကာယကံရှင်ကိုယ်တိုင်ကလည်းဘာနေဗျူးသို့ပြောင်းရွှေ့လိုနေကြောင်းသတင်းထွက်နေပါတယ်။

ယခုအခါမှာတော့ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်လ်ခီလိုင်ဖီကအမ်ဘက်ပီကိုဘယ်တော့မှမရောင်းသလိုကစားသမားကလည်းထွက်ခွာမှာမဟုတ်ကြောင်းပြောကြားသွားပါတယ်။

အယ်လ်ခီလိုင်ဖီက “ရှင်းရှင်းလေးပါ။ကိုင်လီယန်ဟာပီအက်စ်ဂျီမှာဘဲဆက်နေပါမယ်။သူ့ကိုရောင်းမှာမဟုတ်သလိုသူကလည်းအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာမဟုတ်ပါဘူး။ဆွေးနွေးမှုနဲ့အသေးစိတ်အချက်အလက်ကိုမီဒီယာမှာပြောမှာမဟုတ်ပါဘူး။ကျွန်တော်ပြောနိုင်တာကတော့ဆွေးနွေးမှုကတိုးတက်နေတယ်ဆိုတာပါ။အဆင်ပြေအောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

အမ္ဘက္ပီမွာ မည္သည့္အခါတြင္မွ ပီအက္စ္ဂ်ီမွထြက္ခြာမည္မဟုတ္ဟု ဥကၠဌေျပာၾကား

ပီအက္စ္ဂ်ီဥကၠဌကကိုင္လီယန္အမ္ဘက္ပီမွာမည္သည့္အခါမွပီအက္စ္ဂ်ီမွထြက္ခြာမည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၂ႏွစ္ရွိျပင္သစ္စတားဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ေဆြးေႏြးမႈမွာအဆင္မေျပျဖစ္ေနပါတယ္။

လက္ရွိအခ်ိန္တြင္ကိုင္လီယန္အမ္ဘက္ပီကိုရီးရဲလ္မက္ဒရစ္ကေခၚယူလိုေနသလိုကာယကံရွင္ကိုယ္တိုင္ကလည္းဘာေနဗ်ဴးသို႔ေျပာင္းေ႐ႊ႕လိုေနေၾကာင္းသတင္းထြက္ေနပါတယ္။

ယခုအခါမွာေတာ့ပီအက္စ္ဂ်ီဥကၠဌနက္စ္ဆာအယ္လ္ခီလိုင္ဖီကအမ္ဘက္ပီကိုဘယ္ေတာ့မွမေရာင္းသလိုကစားသမားကလည္းထြက္ခြာမွာမဟုတ္ေၾကာင္းေျပာၾကားသြားပါတယ္။

အယ္လ္ခီလိုင္ဖီက “ရွင္းရွင္းေလးပါ။ကိုင္လီယန္ဟာပီအက္စ္ဂ်ီမွာဘဲဆက္ေနပါမယ္။သူ႔ကိုေရာင္းမွာမဟုတ္သလိုသူကလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထြက္ခြာမွာမဟုတ္ပါဘူး။ေဆြးေႏြးမႈနဲ႔အေသးစိတ္အခ်က္အလက္ကိုမီဒီယာမွာေျပာမွာမဟုတ္ပါဘူး။ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ေဆြးေႏြးမႈကတိုးတက္ေနတယ္ဆိုတာပါ။အဆင္ေျပေအာင္လုပ္ႏိုင္မယ္လို႔ယုံၾကည္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။